The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက် (၈/၂၀၁၈)

၂၀၁၈ ခုနှစ်၊  စက်တင်ဘာလ  ၁၃  ရက်

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၂၃၀ကေဗွီ မန်စံ ဓာတ်အားခွဲရုံတွင် တိုးချဲ့တပ်ဆင်သည့် 230/66/11kV, 100MVA Transformer မှ ဓာတ်အား ပို့လွှတ်ထားရှိမှုအခြေအနေ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်းလျက်ရှိသော ရေလှောင်တမံ များ၏ကြံ့ခိုင်မှုအတွက်ဆောင်ရွက်ထားမှုအခြေအနေ၊ တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအကြောင်းသိကောင်းစရာ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပဲ့မှုကြောင့် ပျက်ဆီး ဆုံးရှံးမှုနှင့် ဓာတ်အားပြန်လည်ရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေ၊ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်နှင့် အနီးအနားကျေးရွာ များအား ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူး​ပေးနိုင်ရေးဆောင်ရွက်နေမှုအခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အား ပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု အခြေအနေ၊ပြင်ဦးလွင်ခရိုင်အတွင်း တကောင်းဒေသသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ပို့လွှတ်ဆောင်ရွက်မည့်အခြေအနေ၊၂၀၁၈ခုနှစ် ဘဏ္ဍာရေးနှစ် Mini Budget တွင် Corporate Social Responsibilty (CSR) Program ဖြင့် သက်ဆိုင်ရာဒေသများရှိ လူမှုစီးပွားဘဝလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ပြည်တွင်းစက်သုံးဆီစျေးနှုန်းကြီးမြင့်နေခြင်းအား လျှော့ချနိုင်ရေးဆောင်ရွက် နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ သံစစ်မြစ်အတွင်း မြစ်ရေပြင် အရောင်အဆင်း ပြောင်းလဲမှုဖြစ်စဉ်အပေါ်ရှင်းလင်းတင်ပြခြင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်းတင်ပြခြင်း၊ အခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။

        အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြပါသည်။

12-Sep-2018