The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်စမ်းသပ် စစ်ဆေးရေးသင်တန်း၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ ထိန်းသိမ်း/ပြုပြင် မောင်းနှင်ခြင်းသင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

 

 ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးသင်တန်း၊ ဓာတ်အားခွဲရုံ များ ပြုပြင်/ ထိန်းသိမ်း/ မောင်းနှင်ခြင်းသင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁)ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ(၁၇)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်၊ ဗဟိုသင်တန်းကျောင်း၌ Covid-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သားများ တက်ရောက်ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌  လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရေး နည်းပညာများသည်  အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလျှက် ရှိသည့်အတွက် မိမိတို့ အိမ်နီးချင်းနိုင်ငံများနှင့် တန်းတူအင်ဂျင်နီယာဆိုင်ရာ အရည်အချင်းများ တိုးတက်စွမ်းဆောင်နိုင်ကြစေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများ၏  စွမ်းဆောင်ရည်မြင့်မားလာမှသာ မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက် နေရသည့်  လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေး တိုးတက်လာမည် ဖြစ်သကဲ့သို့  လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုများလည်း လျော့နည်းစေရန် စွမ်းဆောင်နိုင်ကြမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏  လမ်းညွှန်ချက်တစ်ခု ဖြစ်သည့် “မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံအနေဖြင့် ပညာကိုအခြေပြု၍ နိုင်ငံတော်တည်ဆောက်ရေး (State Building) နှင့် တိုင်းပြည်တည်ဆောက်ရေး(Nation Building)ကို ဆောင်ရွက်နိုင်မှ ခေတ်နှင့်အညီ၊ ကမ္ဘာနှင့်အမှီ ရင်ပေါင်တန်း လျှောက်လှမ်းနိုင်မည်” ဆိုသည့် လမ်းညွှန်မှာကြားချက်နှင့်အညီ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေး ပိုမို တိုးတက်ကောင်းမွန်လာစေရန်  ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင်  လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှု လုပ်ငန်းများ၌ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများဖြစ်သည့် Artificial Intelligence (AI) , Internet of Things (IoT) ကို အသုံးပြု၍ ကုန်ကျစရိတ်သက်သာ၍ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက် ရမှုနည်းပါးပြီး ထိရောက်သည့် စွမ်းဆောင်ရည်များရရှိမည့် AIS, GIS, Unmanned ဓာတ်အားပေးစက်ရုံ၊ ပင်မဓာတ်အားခွဲရုံများကို  တည်ဆောက်ခြင်းနှင့် မောင်းနှင် ခြင်း၊ Design များ ရေးဆွဲတတ်စေရန် သင်ကြားပေးမှာဖြစ်သလို လျှပ်စစ်ပစ္စည်းများ စမ်းသပ် စစ်ဆေးခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် လည်း သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏  မူဝါဒ ဖြစ်သည့်  ပြည်သူလူထုများ လူနေမှုအဆင့် အတန်း မြင့်မားစေရေးအတွက် လမ်းပမ်းဆက်သွယ်ရေး နှင့် လျှပ်စစ်မီး ရရှိရေးသည် အဓိကအချက် ဖြစ်သည်နှင့်အညီ ယုံကြည်စိတ်ချရသည့် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ပြည်သူများ ပြည့်ဝစွာ သုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် လျှပ်စစ် ဓာတ်အားပေး စက်ရုံစီမံကိန်းများ၊ မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကို တိုင်း ဒေသကြီး/ပြည်နယ် အပါအဝင် နယ်စပ်ဒေသများပါမကျန် ရေတိုရေရှည်အစီအမံများချမှတ်ပြီး ဖြန့်ကျက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်ဂျင်နီယာ စီမံခန့်ခွဲရေး သင်တန်းသားများအနေဖြင့်  ပြည်သူတို့နဲ့ တိုက်ရိုက်ထိတွေ့ ဆောင်ရွက်ကြရာတွင် ပြည်သူများ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေ ရေး လျှပ်စစ်ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးစည်းရုံးမှုများ ပြုလုပ်ကြရမည် ဖြစ်သကဲ့သို့  ဓာတ်အားလေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားခ များကို သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး အောက်ခြေအထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက် သွားကြရမှာ ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ သင်တန်း နည်းပြနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
17-Jan-2022