လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
နေပြည်တော်
လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ်( ၁ / ၂၀၂၀ )
၂၀၂၀ ပြည့်နှစ် ဇွန်လ ၃ ရက်
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းလက်အောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်း( ၂၁၆၀၀ဝိ- ၂၀၀ဝိ- ၂၂၆၀၀ဝိ )တန်း အငယ်တန်းအင်ဂျင်နီယာ( ၂ )ရာထူး (၉၃)နေရာအတွက် အောက်ဖော်ပြပါ အနည်းဆုံးသတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည်-
စဉ် |
ခန့်ထားမည့်ရာထူး |
အနည်းဆုံး ပညာအရည်အချင်း |
ခန့်ထားမည့် ဦးရေ |
(က) |
အငယ်တန်းအင်ဂျင်နီယာ(၂) |
A.G.T.I(EP),EGTI(EP), ETEC(EP),Dipin Technology(EP) |
၈၃ ဦး |
(ခ) |
အငယ်တန်းအင်ဂျင်နီယာ(၂) |
A.G.T.I(EC/IT), EGTI(EC) ၊ETEC(EC), Dip in Technology(EC/IT) |
၁၀ ဦး |
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ၁.၇.၂၀၂၀ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက်(၃၀)နှစ်ထက်မကျော်လွန်သူ ၊ ဝန်ထမ်းဖြစ် ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
(ဂ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်ရမည်။
(ဃ) မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတစ်ခုခုတွင် မှတ်ပုံတင်ထားသူဖြစ် ရမည်။
(င) နေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်ထားသူများမှ စာမေးပွဲဝင်ကြေးငွေကျပ် ၃၀၀၀( ကျပ်သုံးထောင်တိတိ )ကို မြန်မာ့ စီးပွားရေးဘဏ် ၊ နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ဘဏ်စာရင်းအမှတ်( SEE. 10316 )သို့ ပေးသွင်းရမည်ဖြစ်ပါသည်။
၄။ လျှောက်လွှာကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ရုံးအမှတ်(၂၇) ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ၊ စီမံခန့်ခွဲရေးဌာန ၊ နေပြည်တော်တွင် လျှောက်လွှာရယူ၍ ၃.၇.၂၀၂၀ ရက်နောက်ဆုံးထား၍ လူကိုယ်တိုင်(သို့မဟုတ်)ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့် ဖြစ်စေပေးပို့လျှောက်ထားရမည်။
၅။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲပေးပို့ရမည်-
(က) စာမေးပွဲဝင်ကြေးငွေပေးသွင်းသည့် ချလန်မူရင်း။
(ခ) ဘွဲ့လက်မှတ် / ဒီပလိုမာအောင်လက်မှတ်မိတ္တူ( မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေး ထိုးရန်။)
(ဂ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် ( သို့ )အခြေခံ ပညာ အထက်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်။)
(ဃ) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ(သို့မဟုတ်)အမျိုးသားမှတ်ပုံတင်မိတ္တူ
(င) (၁)လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ အပို(၃)ပုံ (ဓာတ်ပုံ ကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ် အမှတ်ရေးသားရန် )
(စ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြန်တမ်းဝင်အရာရှိ တစ်ဦး၏ ထောက်ခံချက်မူရင်း။
(ဆ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူနှင့် လွန်ခဲ့ သော (၃)လက ရယူထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း ၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက်။
(ဇ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် ခန့်ထားခြင်းခံရပါက နေရာဒေသမရွေးသွား ရောက်တာဝန်ထမ်းဆောင်ပါမည်ဟု ကတိဝန်ခံချက်။
၆။ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာကို မိမိတာဝန်ထမ်းဆောင်သည့်ဌာန ၊ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် ခွင့်ပြုချက်ရယူပြီး ရုံးအမှတ်(၂၇)၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၊ ရုံးချုပ် ၊ နေပြည်တော်သို့ (၃.၇.၂၀၂၀)ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပါသည်။
၇။ ရေးဖြေစာမေးပွဲကို နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၊ အင်္ဂလိပ်စာဘာသာရပ် နှင့် အင်ဂျင်နီယာဘာသာရပ်တို့ကို ဖြေဆိုရမည် ဖြစ်ပါသည်။
၈။ ရေးဖြေစာမေးပွဲကျင်းပပြုလုပ်မည့် ရက် / အချိန် / နေရာနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ထုတ်ပေးမည့် ရက် / အချိန် / နေရာများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Website www.moee. gov. mm နှင့် နေ့စဉ်ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ထပ်မံကြေငြာပါမည်။
၉။ ရွေးချယ်ခြင်းခံရပါက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် အနည်းဆုံး( ၅ )နှစ် ဆက်တိုက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိစာချုပ် ချုပ်ဆိုရမည်ဖြစ်သည်။ စာချုပ် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ပါက ငွေကျပ် ၁၀၀၀၀၀၀(ကျပ်တစ်ဆယ်သိန်းတိတိ)ကို ပေးလျော်ရမည်ဖြစ်ပါသည်။
၁၀။ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက် အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသော လျှောက်လွှာများကို လက်ခံ စဉ်းစားမည် မဟုတ်ပါ။
၁၁။ အသေးစိတ်သိရှိလိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရုံးအမှတ်(၂၇)၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၊ ဖုန်းနံပါတ်-၀၆၇-၈၁၀၄၂၀၇ / ၈၁၀၄၂၂၁ သို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း