နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏ ရက်သတ္တပတ်တာကာလအတွင်း လျော့နည်းထုတ်လုပ်ဖြန့်ဖြူးသွားမည့်အပေါ် အများပြည်သူသိရှိနိုင်ရန် အသိပေးပန်ကြားခြင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူများလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် လက်ရှိကာလ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ (၆၆၇.၈) မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့သုံးအပူစွမ်းအင်ဓာတ်အားပေးစက်ရုံများ နှင့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများမှ (၁၅၀၀.၃) မဂ္ဂါဝပ်ခန့်နှင့် ဒီဇယ်ဓာတ်အားပေးစက် များမှ (၈.၉) မဂ္ဂါဝပ်ခန့် စုစုပေါင်း (၂၁၇၇) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ် ပို့လွှတ်လျက်ရှိပြီး၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို တစ်နိုင်ငံလုံးမှ တစ်ရက်တာပျှမ်းမျှ ရယူ သုံးစွဲလိုမှုအနေဖြင့် နေ့ဘက်တွင် အများဆုံး (၃၄၀၀) မဂ္ဂါဝပ်ခန့်၊ ညဘက်တွင် အများဆုံး (၃၆၀၀) မဂ္ဂါဝပ်ခန့်ရှိပြီး တစ်ရက်တာ ပျှမ်းမျှဓာတ်အားသုံးစွဲလိုမှုမှာ (၂၆၀၀) မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိပါသည်။
Read More...