MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် အိန္ဒိယနိုင်ငံရှိ Panipat ရေနံဓာတုစက်ရုံစုသို့ သွားရောက် ခြင်း၊ အိန္ဒိယနိုင်ငံ Power Minister နှင့် Petroleum and Natural Gas Minister တို့ တွေ့ဆုံ ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန်အတွက် အိန္ဒိယနိုင်ငံရှိ Panipat ရေနံဓာတုစက်ရုံစုသို့ သွားရောက် ခြင်း၊ အိန္ဒိယနိုင်ငံ Power Minister နှင့် Petroleum and Natural Gas Minister တို့ တွေ့ဆုံ ဆွေးနွေး

(နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ   ၁၉   ရက်)

          နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် (၁၉-၂-၂၀၁၇) ရက်နေ့နံနက်ပိုင်းက နယူးဒေလီမြို့မှ ထွက်ခွာခဲ့ရာ ဟာရန (Haryana) ပြည်နယ်တွင် တည်ရှိသော Indian Oil Corporation Limited ပိုင် Panipat ရေနံဓာတုစက်ရုံစုသို့ ရောက်ရှိခဲ့ပါသည်။

 စက်ရုံတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား စက်ရုံမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး စက်ရုံရှင်းလင်းခန်းမတွင် စက်ရုံ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံ၏ Control Room ၊ Research and Development Center နှင့် ကုန်ထုတ်လုပ်မှု အခြေအနေများကို သွားရောက်လေ့လာခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယူးဒေလီမြို့သို့ ပြန်လည်ရောက်ရှိပြီး ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ Power Minister ဦးစီးသော အဖွဲ့နှင့်လည်းကောင်း၊ Petroleum and Natural Gas Minister ဦးစီးသော အဖွဲ့နှင့်လည်းကောင်း၊ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

Post under by : Ministry Office
26-Dec-2017