MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့TA TA Power Delhi Distribution Limited (TATA Power DDL) မှဆောင်ရွက်နေသော Power Distribution Unit သို့သွားရောက်လေ့လာ

နေပြည်တော်၊  ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(  ၂၀ ) ရက်

          နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် TA TA Power Delhi Distribution Limited (TATA Power DDL) မှ ဆောင်ရွက်နေသော Power Distribution Unit သို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး ရှင်းလင်းဆောင်တွင် နယူးဒေလီမြို့တော်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Distribution Unit ၏ Control Room အတွင်း ဓာတ်အားထိန်းချုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကို ကြည့်ရူလေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : Ministry Office
26-Dec-2017