MINISTRY OF ELECTRIC POWER

Breaking News :

သထုံ စီမံကိန်း နှင့်ပတ်သက်သက်၍ ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့မှု အစီရင်ခံစာ အကျဉ်းချုပ်

         သထုံဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးဆောင်ရွက်ထားရှိမှုများအပေါ် အများပြည်သူသိနားလည်စေရေး ရည်ရွယ်၍ဒုတိယ အကြိမ်မြောက် လူထုတွေ့ဆုံ ဆွေးနွေးပွဲများကို ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့များတွင် သထုံစီမံကိန်းပတ်ဝန်းကျင်ရှိ ကျေးရွာ များဖြစ်သည့် အင်းရှည် ၊ သဗ္ဘန် ၊ ညောင်ဝိုင်း နှင့် ကြာပန်း ကျေးရွာများတွင် ဆောင်ရွက်ခဲ့ပါသည်။

 

ရည်ရွယ်ချက်

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်လျက်ရှိ်သော စီမံကိန်းလုပ်ငန်းစဉ်များကို ပြည်သူလူထုမှ သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် နှင့် အများပြည်သူ၏လူမှု ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကိုလိုက်နာ၍ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်ပါကြောင်း နှင် ပြည်သူလူထုမှစီမံကိန်းနှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှုများရှိပါက ဖြေရှင်းဆောင်ရွက်ပေးမည့်အစီအစဉ်များကို တင်ပြနိုင်ရန် ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

 

ကျင်းပသည့်နေရာနှင့်နေ့ရက်

            သထုံစီမံကိန်း ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် လူထုတွေ့ဆုံဆွေးနွေးပွဲကို အောက်ပါ အတိုင်း ကျင်းပ ပြုလုပ်ခဲ့ပါသည်-

နေ့ရက်

နေရာ

အချိန်

အကြောင်းအရာ

၂၈.၅.၂၀၁၈

အင်းရှည် ကျေးရွာ

(ဓမ္မာရုံ)

 

နံနက် ၉: ၀၀

မှ

၁၁ နာရီ

-    စီမံကိန်း ဆောင်ရွက်ချက်များ အပေါ်တာဝန်ရှိသူများမှရှင်းလင်း တင်ပြခြင်း

-  အမေးအဖြေ ကဏ္ဍ

သဗ္ဘန် ကျေးရွာ

(ဓမ္မာရုံ)

 

 

နံနက်၁ : ၃၀ 

မှ

၃ : ၃၀  နာရီ

    -စီမံကိန်း ဆောင်ရွက်ချက်များ အပေါ်တာဝန်ရှိသူများမှရှင်းလင်း တင်ပြခြင်း

-  အမေးအဖြေ ကဏ္ဍ

၂၉.၅.၂၀၁၈

ညောင်ဝိုင်း

ကျေးရွာ

(ဓမ္မာရုံ)

 

နံနက် ၉: ၀၀

မှ

၁၁ နာရီ

 

 -   စီမံကိန်း ဆောင်ရွက်ချက်များ အပေါ်တာဝန်ရှိသူများမှရှင်းလင်း တင်ပြခြင်း

-  အမေးအဖြေ ကဏ္ဍ

 

ကြာပန်း

ကျေးရွာ

(ဓမ္မာရုံ)

 

နံနက် ၁ : ၃၀ နာရီ

မှ

၃ : ၃၀  နာရီ

-    စီမံကိန်း ဆောင်ရွက်ချက်များ အပေါ်တာဝန်ရှိသူများမှရှင်းလင်း တင်ပြခြင်း

-  အမေးအဖြေ ကဏ္ဍ

 

 

ဒေသခံတက်ရောက်လာသူများ

            လူထုတွေ့ဆုံပွဲသို့ ဒေသခံ (၃၀၀) ကျော်တက်ရောက်ခဲ့ကြပြီး စုစုပေါင်း တက်ရောက် လာသူများ၏ ၆၂ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီး များ ဖြစ်ပါသည်။

ဖြန့်ဝေထားသည့် ပုံစံ့စာရွက်ပေါ်တွင် ဒေသခံများမှ ဖြေကြားတုန့်ပြန်ချက်များ 

စုစုပေါင်းဦးရေ = ၁၄၅ ဦး

ရှိ

(%)

မရှိ

(%)

မဖြေကြား

 (%)

ရှင်းလင်းတင်ပြမှု အပေါ် စိတ်ပါဝင်စားမှု

 

၉၈.၆

၁.၄

၀.၀

ဒေသခံများအနေဖြင့် စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များအပေါ် သိရှိရမှုအခြေအနေ

၉၅.၂

၁.၄

၃.၄

လူထုတွေ့ဆုံပွဲအပေါ် ကျေနပ်မှု

 

၉၃.၁

၁.၄

၅.၅

မေးမြန်းသည့်အပေါ် ပြန်လည်ဖြေကြားမှု

 

၈၆.၂

၁.၄

၁၂.၄

ဒေသခံများ၏ ထင်မြင်သုံးသပ်ချက်

 

၇၅.၉

၂.၈

       ၂၁.၄

 

သုံးသပ်ချက်

 

ကောင်း

(%)

သင့်

(%)

ညံ့

(%)

မဖြေဆိုသူ

(%)

 

၅၁.၀

၁၃.၁

၀.၀

၃၅.၉

 

လူထုတွေ့ဆုံဆွေးနွေးပွဲတွင် စီမံကိန်းဆိုင်ရာအချက်အလက်များ ၊ ဒေသဖွံ့ဖြိုးရေးအတွက် မီးမရရှိသေးသည့့် ကျေးရွာများသို့မီးရရှိစေရေးဆောင်ရွက်ပေးမှုများ၊ လူမှုနှင့်ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးဆောင်ရွက်ချက်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရှင်းလင်းတင်ပြပြီး ဆက် လက်၍ ဒေသခံများမှ သိလိုသည်များ မေးမြန်းတင်ပြလာသည့် အပေါ်အမေးအဖြေကဏ္ဍ ပြုလုပ်၍ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ပါသည်။

Post under by : Electric Power Generation Enterprise(EPGE)
23-Sep-2020