MINISTRY OF ELECTRIC POWER

Breaking News :

မီတာ ထိန်းသိမ်းစောင့်ရှောက်ခ(သို့မဟုတ်)ဝန်ဆောင်ခ

လျှပ်စစ်မီတာများ လစဉ် ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံမှုနှင့် ပတ်သက်၍ မလိုအပ်ဘဲ ပေးဆောင်နေရကြောင်း၊ အိမ်သုံးမီတာ တစ်လုံးတွင် တစ်လ ၁၀၀ဝိ/- ကျပ် ပေးနေရမှုနှင့် ပတ်သက်၍ ပြောဆိုနေမှုများရှိပါသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုသည် ၁၉၅၁ ခုနှစ် ရန်ကုန်မြို့ မီးစတင် ပေးစကပင် စတင်ခဲ့ပါသည်။ လျှပ်စစ်မီတာသည် ရောင်းချခြင်း မဟုတ်ဘဲ ငှားရမ်းပေးသည့် သဘောဖြစ်သည့်အတွက် နိုင်ငံတကာတွင် Rent Fee အနေဖြင့် ကောက်ခံ ခဲ့ကြပါသည်။ အိမ်ရှင် အမည်ပေါက်ပေးပြီး နေရာပြောင်းခြင်း၊ ရောင်းချခြင်း ဆောင်ရွက်၍ မရပါ။ နိုင်ငံတကာတွင် ဓာတ်အားတစ်ယူနစ်အတွက် ကုန်ကျငွေ နှင့် ကိုက်ညီအောင် ရောင်းချလျက်ရှိသော နိုင်ငံများ၌ပင် မီတာ တစ်လုံးအတွက် လစဉ် ပုံသေ ပေးဆောင်ရသည့် Rent Fee ကို ကောက်ခံ ပေးလေ့ရှိပါသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် မီတာတစ်လုံးလျှင် Fixed Prize အနေဖြင့် ရူပီ ၄၅၀ (၆၈၅ဝိ/-ကျပ်) ကောက်ခံမှု ပါဝင်ပါသည်။ ပုဂ္ဂလိက၊ အစိုးရဌာနများက ဝန်ဆောင်မှုပေးသော အခြားလုပ်ငန်းများတွင် လည်း လစဉ် သတ်မှတ်ကြေးများ ပေးဆောင်ကြရပါသည်။ ယခု မီတာ ပြေစာများတွင် Rent Fee အခေါ်အဝေါ်အစား မီးသုံးစွဲသူများအတွက် လက်ရှိလုပ်ငန်း ဆောင်ရွက် ပေးနေရမှု နှင့် ကိုက်ညီသော  မီတာထိန်းသိမ်းစောင့်ရှောက်ခ အနေဖြင့် ရေးသားကောက်ခံခြင်း ဖြစ်သော ဝန်ဆောင်မှု စရိတ်ဖြစ်ပါသည်။ မီတာထိန်းသိမ်းစောင့်ရှောက်ခသည် မီးသုံးသူများ နေအိမ် ရှိ မီတာများ ထိန်းသိမ်းစောင့်ရှောက် ခြင်းအတွက် တောင်းခံခြင်း မဟုတ်ပါ။ ဓာတ်အားစတင် ထုတ်လုပ်သည့် စက်ရုံမှ မီးသုံးသူများအိမ် အထိ ဓာတ်အားရရှိရေးအတွက် ဓာတ်အားလိုင်းများ၊ ခွဲရုံများ စသည်တို့ကို  ထိန်းသိမ်း ဆောင်ရွက်ပေး နေရသည့် ဝန်ဆောင်စရိတ်အချို့ ကာမိစေရန် ကောက်ခံခြင်း ဖြစ်ပါသည်။

 မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ပြောင်းလဲကောက်ခံခဲ့မှုနှင့် ပြင်ပ ကုန်စျေးနှုန်း နှိုင်း ယှဉ်ချက် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

ခုနှစ်

ထိန်းသိမ်း

စောင့်ရှောက်ခ

အခြားစျေးနှုန်းများ

လ္ဘက်

ရည် ၁ခွက်

ဆန် ၁

ပြည်

ဆီ ၁

ပိသာ

ဓာတ်ဆီ

၁ ဂါလံ

၁၉၆၇

၁ ကျပ်

၀.၂၀ ကျပ်

၀.၂၅ ကျပ်

၀.၅၀ ကျပ်

၂.၅ ကျပ်

၁၉၇၆

၁ ကျပ်

၀.၅၀ ကျပ်

၂.၅ ကျပ်

၃၅ ကျပ်

၃.၅ ကျပ်

၁၉၈၈

၂ ကျပ်

၀.၇၅ ကျပ်

၃၅ ကျပ်

၁၀၀ ကျပ်

၁၆ ကျပ်

၁၉၉၄

၅ ကျပ်

၁ ကျပ်

၃၀၀ ကျပ်

၅၀၀ ကျပ်

၂၅ ကျပ်

၁၉၉၉

၂၅ ကျပ်

၂ ကျပ်

၅၀၀ ကျပ်

၁၂၀၀ ကျပ်

၁၈၀ ကျပ်

၂၀၀၆

၅၀၀ ကျပ်

၂၀၀ ကျပ်

၁၀၀၀ ကျပ်

၁၅၀၀ ကျပ်

၁၅၀၀ ကျပ်

၂၀၁၀

၁၀၀၀ ကျပ်

၃၀၀ ကျပ်

၁၂၀၀ ကျပ်

၃၅၀၀ ကျပ်

၃၃၀၀ ကျပ်

 

မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ပေးရသောငွေမှ ဓာတ်အားသုံးစွဲသူများအတွက် အောက်ပါ နေရာများတွင် ထည့်သွင်း အသုံးပြုရပါသည်-

(က)    မီးသုံးသူ ပယောဂကြောင့် မဟုတ်သော မီတာများ ပျက်စီးခြင်း၊ (ရေကြီးမှု ၊ မီးလောင်မှု၊ ငလျင်လှုပ်ခြင်း စသည့်) သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း တို့အတွက် မီတာ ဘိုး တောင်းခံမှု မရှိဘဲ အစားထိုး တပ်ဆင်ပေးပါသည်။

(ခ)    မီတာကို ကြာမြင့်စွာ အသုံးပြုခြင်းကြောင့် အသစ်လဲလှယ်ရန် လိုအပ်သော နှစ်ကြာ မီတာများ၊ ရပ်၊ ပျက်၊ နှေး မီတာများအား မီတာဘိုး တောင်းခံမှု မရှိဘဲ အစားထိုး တပ်ဆင်ပေးပါသည်။

(ဂ)    ခေတ်မီ မီတာစနစ်သို့ ပြောင်းလဲရာတွင် မီးသုံးစွဲသူများကို မီတာ စနစ် အသစ် အစားထိုး လဲလှယ်ပေးပါသည်။ ယခုအခါတွင် လက်ရှိ Analog မီတာများ နေရာတွင် Digital မီတာ စနစ်ဖြင့် မီတာဘိုး တောင်းခံမှု မရှိဘဲ အစားထိုး လဲလှယ် တပ်ဆင် ပေးပါသည်။

          သဘာဝဘေးအန္တရာယ်များဖြစ်သော ရေကြီးမှု၊ မီးလောင်မှု၊ မုန်တိုင်းတိုက်မှု၊ ငလျင်လှုပ်မှု များကြောင့် နှစ်စဉ် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ ပျက်စီးမှု ၊ မီတာများပျက်စီးမှု ဖြစ်ပေါ်လျက် ရှိပါသည်။ အဆိုပါ ဖြစ်စဉ်များမှ ကောက်နုတ်ဖော်ပြရပါက အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်ပါ သည်-

(က)    ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားသော နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီတာ(၁၆၃၁၂)လုံး၊ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ မီတာ(၃၇၅၂)လုံး ပျက်စီးခဲ့ခြင်းအား မီတာဘိုး တောင်းခံခြင်း မပြုဘဲ အစားထိုး လဲလှယ်တပ်ဆင် ပေးခဲ့ ပါသည်။

(ခ)    ၂၀၁၀ ခုနှစ် အောက်တိုဘာလ တွင် ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မီတာ ၃၄၇ လုံး ပျက်စီး၍ မီတာဘိုး တောင်းခံခြင်း မပြုဘဲ အစားထိုးလဲလှယ် တပ်ဆင် ပေးခဲ့ပါသည်။

(ဂ)    ၂၀၁၁ ခုနှစ် အောက်တိုဘာလ တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပေါက်၊ ဆိပ်ဖြူ၊ ပခုက္ကူမြို့တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ မီတာ ၁၄၈ လုံး ပျက်စီး၍ မီတာဘိုး တောင်းခံခြင်း မပြုဘဲ အစားထိုးလဲလှယ် တပ်ဆင် ပေးခဲ့ပါသည်။

(ဃ)    ၂၀၁၁ ခုနှစ် နှင့် ၂၀၁၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် မီးလောင်မှု ဖြစ်စဉ်များကြောင့် မီတာ ၅၅၃ လုံး ပျက်စီး၍ မီတာဘိုး တောင်းခံခြင်း မပြုဘဲ အစားထိုး လဲလှယ် တပ်ဆင် ပေးခဲ့ပါ သည်။

(င)    ၂၀၁၁ ခုနှစ် နှင့် ၂၀၁၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင်  နှစ်ကြာမီတာ လဲလှယ်ခြင်းနှင့် ရပ်၊ ပျက်၊ နှေး ဖြစ်သော မီတာ ၈၇၈၃ လုံး လဲလှယ်ခြင်းတို့ကို မီတာဘိုး တောင်းခံခြင်း မပြုဘဲ အစားထိုးလဲလှယ် တပ်ဆင်ပေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ မီတာ ထိန်းသိမ်းစောင့်ရှောက်ခသည် ဓာတ်အားသုံးစွဲသူ၏ အိမ်တွင် တပ်ဆင် ထားသော မီတာပျက်စီးချို့ယွင်းမှုအတွက် အစားထိုး ကုန်ကျ စရိတ်သာမက မီတာ စနစ်အသစ် ပြောင်းလဲတပ်ဆင်ရာတွင် အသုံးပြုခြင်းဖြင့်  နိုင်ငံတော်မှ စိုက်ထုတ် ကုန်ကျငွေ တစ်စိတ်တစ်ဒေသကို ကာမိမည် ဖြစ်ပါသည်။ နိုင်ငံတော် အနေဖြင့်လည်း စိုက်ထုတ်ကုန်ကျငွေ လျော့နည်းခြင်းဖြင့် ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေး အသုံး စရိတ်များတွင် ပိုမို သုံးစွဲနိုင်မည် ဖြစ်ပါသည်။ 

03-Jan-2018