MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ်၊ ၁၉၈/၂၀၁၅

၁၃၇၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်

(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဥပဒေပုဒ်မ ၇၂ ပုဒ်မခွဲ (က)အရ အပ်နှင်းထား သော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်း ဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း()

အမည်နှင့်အဓိပ္ပယ်ဖော်ပြချက်

၁။      ဤနည်းဥပဒေများကို လျှပ်စစ်နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။      ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် လျှပ်စစ်ဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပယ်သက်ရောက်စေရမည်။ ထို့ပြင် ဤနည်းဥပဒေများတွင်ပါရှိသော အောက်ပါစကားရပ်များ သည် ဖော်ပြပါအတိုင်း အဓိပ္ပယ်သက်ရောက်စေရမည်-

         (က)    ခွင့်ပြုမိန့်ရရှိသူဆိုသည်မှာ ဤနည်းဥပဒေ ၁၃ ပါ ခွင့်ပြုမိန့်အမျိုးအစား    တစ်ခုခုနှင့် သက်ဆိုင်သည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမိန့်ထုတ်ပေး ခြင်းခံရသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုဆိုသည်။

         (ခ)     မဟာဓာတ်အားလိုင်းစနစ်ပို့လွှတ်ခြင်းခွင့်ပြုမိန့် ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူအား မဟာဓာတ်အားလိုင်း ကွန်ရက်ကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်နှင့် စီမံခန့်ခွဲခွင့် ပေးထားသည့် ခွင့်ပြုမိန့်ကိုဆိုသည်။

         (ဂ)     အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့် ဆိုသည် မှာ ခွင့်ပြုမိန့်ရရှိသူသည် အများပြည်သူအကျိုးစီးပွားကို မြှင့်တင်ပေးရန်အတွက် သတ်မှတ်ထားသည့်နေရာမှ အထူးရည်ရွယ်ချက်ဖြင့် လုပ်ငန်းဆောင်ရွက်မည့်နေရာ                    သို့  လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ရန်အလို့ငှာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက် သည်ဖြစ်စေ၊ မချိတ်ဆက်သည်ဖြစ်စေ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းဆိုင်ရာ အဆောက်အအုံကို           တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်နှင့် စီမံခန့်ခွဲခွင့်ပေး                      ထားသည့် ခွင့်ပြုမိန့်ကိုဆိုသည်။

        (ဃ)    လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်းခွင့်ပြုမိန့် ဆိုသည်မှာခွင့်ပြုမိန့်ရရှိသူအား လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း      ခွင့်ပြုမိန့်ရရှိသူများထံသို့လည်းကောင်း၊ အကြီးစားစီးပွားရေးဆိုင်ရာနှင့် အကြီးစားစက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်ဓာတ်                        အား သုံးစွဲသူများထံသို့လည်းကောင်း လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခွင့်ပြုသည့် ခွင့်ပြုမိန့်ကိုဆိုသည်။

        (င)     လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်းခွင့်ပြုမိန့် ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူအား လျှပ်စစ်ဓာတ်အား လက်လီသုံးစွဲသူများထံ လျှပ်စစ်ဓာတ်အား ရောင်းချခွင့် ပေးထား သည့် ခွင့်ပြုမိန့်ကိုဆိုသည်။

        (စ)     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်း ထပ်ဆင့်ခွင့်ပြုမိန့် ဆိုသည် မှာလျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းများအတွက်ခွင့်ပြုမိန့် ရရှိထားသူ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အဆောက်အအုံများအား                          ငှားရမ်း၍ လျှပ်စစ်ဓာတ်အားလက်လီသုံးစွဲသူများထံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချခြင်းခွင့်ပြု မိန့်ကိုဆိုသည်။

        (ဆ)    ဝန်ဆောင်မှုနယ်နမိတ် ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းခွင့်ပြုမိန့်တွင် ဖော်ပြ ထားသော လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ခွင့်ပြုမိန့်ရရှိသူကလုပ်ကိုင်ဆောင်ရွက်ခွင့်  ရှိသည့် သတ်မှတ်ထားသော နယ်နမိတ်ကို ဆိုသည်။

        (ဇ)     လျှပ်စစ်ဓာတ်အားဝန်ဆောင်မှု ဆိုသည်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့်ရောင်းချခြင်းစသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများအလိုက် သတ်မှတ်ထားသောတာဝန် များကို                            ကျေပွန်အောင် ဆောင်ရွက်ပေးခြင်းကို ဆိုသည်

       (ဈ)     လျှပ်စစ်ဓာတ်အားအပြည့်အဝဝယ်ယူသူ ဆိုသည်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံရောင်းချမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအားလုံးကို တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားအရင်းအမြစ်ထံမှ ဝယ်ယူဖြည့်တင်းသည့်                                                        လျှပ်စစ်ဓာတ်အား လက်လီရောင်းချခြင်း ခွင့်ပြုမိန့် ရရှိသူကိုဆိုသည်။

       (ည)    လျှပ်စစ်ဓာတ်အားတစ်စိတ်တစ်ဒေသဝယ်ယူသူ ဆိုသည်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံ ရောင်းချမည့်လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအားလုံးကို လျှပ်စစ်ဓာတ်အား အရင်းအမြစ်ပေါင်းစုံထံမှ ဝယ်ယူဖြည့်တင်းသည့် လျှပ်စစ်ဓာတ်                                      အား လက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူကိုဆိုသည်။

       (ဋ)     လျှပ်စစ်ဓာတ်အားခနှုန်းထား ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများအတွက် တောင်းခံသည့်အဖိုးစားနားကိုဆိုသည်။      

       (ဌ)     လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနများ ဆိုသည်မှာ လျှပ်စစ်ဥပဒေ ပုဒ်မ ၃၅ ပုဒ်မခွဲ(က) နှင့်အညီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့်    လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနများကို ဆိုသည်။

အခန်း()

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တာဝန်များ

၃။         လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

         (က)    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည်လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုပေးခြင်းတို့ကို နည်းဥပဒေများနှင့်အညီ ထိန်းသိမ်းကြီးကြပ်ရန် တာဝန် ရှိသည်။

         (ခ)     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည်-

                      (၁)     ပြည်ပသို့လျှပ်စစ်ဓာတ်အားတင်ပို့ခြင်း/ပြည်ပမှ လျှပ်စစ်ဓာတ်အားတင်သွင်း ခြင်းခွင့်ပြုမိန့် လျှောက်ထားချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏သဘော တူညီချက်ဖြင့် အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုလုပ်ရမည်။

                      (၂)     လျှပ်စစ်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ(ည)နှင့် ပုဒ်မ ၃၇တို့တွင် ဖော်ပြထားသည့် အတိုင်း ခွင့်ပြုမိန့် အမျိုးအစားအလိုက် ခွင့်ပြုမိန့်ရရှိသူများက လိုက်နာ ဆောင်ရွက်ရမည့် လျှပ်စစ်ဓာတ်အားကွန်ရက်ဆိုင်ရာ  လုပ်ထုံးလုပ်နည်းများ (Grid                                        Code)၊ နည်းပညာပိုင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များ (Technical and Industrial Standards)၊ ကျင့်ဝတ်စည်းကမ်းများ (Code of Conduct)၊ စစ်ဆေးမှုနည်းစနစ်များ (Inspection Methods)အား ထုတ်ပြန်ကြေငြာ                                   ရမည်။

                      (၃)     အခြားဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ခန့်မှန်းခြင်းနှင့် ကုန်ကျစရိတ်အနည်းဆုံး အရင်းအမြစ်များနှင့် ရင်းနှီးမြှပ်နှံမှု စီမံချက်များရေးဆွဲရန် နည်းစနစ်များ ပြုစုခြင်းနှင့် ခွင့်ပြုမိန့်ရ ရှိ                                         သူများကို ယင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လမ်းညွှန်ချက်များ ပေးခြင်းတို့ကို ဆောင်ရွက်ရမည်။

                      (၄)     ခွင့်ပြုမိန့်ရရှိသူများ ရေးဆွဲတင်ပြလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ခန့်မှန်းခြင်းနှင့် ကုန်ကျစရိတ်အနည်းဆုံး အရင်းအမြစ်များနှင့် ရင်းနှီးမြှုပ်နှံမှု စီမံချက်များကို သုံးသပ်ခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ရ မည်။

                      (၅)     ခွင့်ပြုမိန့်ရရှိထားသူများ အဆိုပြုသည့် ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အား ဝယ်ယူမှုဆိုင်ရာ အစီအစဉ်များသည် ကုန်ကျစရိတ်အနည်းဆုံး အရင်းအမြစ် များနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ်  အခြေခံထားခြင်းဖြစ်မဖြစ်၊ “အမျိုးသား                                              လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်မှုစီမံချက် (National Electric Power Development Plan)”နှင့် ကိုက်ညီခြင်းရှိ-မရှိ၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် ဆိုင်သော အလေ့အကျင့်ကောင်းများ(Prudent Utility Practices) ကို ဖြည့်ဆည်း                                    နိုင်ခြင်း ရှိ-မရှိ တို့နှင့်စပ်လျဉ်း၍ သုံးသပ်ခြင်း၊ စိစစ်ခြင်း၊ အတည် ပြုခြင်းများကို ဆောင်ရွက်ရမည်။

                     (၆)     ခွင့်ပြုမိန့်ရရှိသူများအားလုံး လိုက်နာဆောင်ရွက်ရန် နိုင်ငံတကာအဆင့်ရှိ သော စာရင်းအင်းဆိုင်ရာ စံချိန်စံညွှန်းများ(International Accounting Standards)နှင့် လိုက်လျောညီထွေဖြစ်သည့် ငွေစာရင်းစနစ် (Uniform System of                                       Account)နှင့် လိုအပ်ချက်များကို သတ်မှတ်ပေးရမည်။

                     (၇)     ခွင့်ပြုမိန့်ပါစည်းကမ်းချက် သို့မဟုတ် သက်ဆိုင်ရာကထုတ်ပြန်သော အမိန့် သို့မဟုတ် ညွှန်ကြားချက်များနှင့် သဘောတူစာချုပ်များပါ သတ်မှတ်ချက် များကို ခွင်ပြုမိန့်ရရှိသူများ လိုက်နာစေရန် ကြပ်မတ်ဆောင်ရွက်ရမည်။(၈)                                          လျှပ်စစ်ဓာတ်အားကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်သည့်အခါ ခွင့်ပြုမိန့် ပါ သတ်မှတ်ချက်များအား ပြင်ဆင်ရန် လိုအပ်ပါက ပြည်ထောင်စုအစိုးရ အဖွဲ့ထံမှ သဘောတူညီချက်ရရှိရန် အဆိုပြုတင်ပြရမည်။

                     (၉)     လျှပ်စစ်ဓာတ်အားသုံးစွဲသူများအား အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ခြိုးခြံ ချွေတာရေးဆိုင်ရာ အသိပညာပေးသည့်လုပ်ငန်းများနှင့် အကောင်အထည် ဖော်သည့်လုပ်ငန်းများကိုဆောင်ရွက်ရမည်။ (Energy Efficiency and Energy                                 Saving)

                      (၁၀)   “အမျိုးသားလျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်မှုစီမံချက်(National Electric Power Development Plan)” ကို နှစ်ရှည်ရည်မှန်းချက်ထား ရေးဆွဲကာ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြ၍ သဘောတူညီချက်ရယူရမည်။ ယင်းစီမံ                                          ချက်ကို နှစ်စဉ်မွမ်းမံရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြသဘောတူညီ ချက်ရယူရမည်။

                      (၁၁)   ယင်းလုပ်ငန်းစဉ်များတွင် လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် သက်ဆိုင်သူများ၊ ပြည်သူများပါဝင်သော ဆွေးနွေးပွဲများကို စီစစဉ်ကျင်းပရမည်။

                     (၁၂)   အမျိုးသားလျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ရေးစီမံချက်သည် အားထားရသည့် လျှပ်စစ်ဓာတ်အားပံ့ပိုးမှုနှင့်သုံးစွဲမှုပမာဏတို့အကြား ရေရှည်ဟန်ချက် ညီမျှမှု ရှိပြီး၊ ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးကို အထောက်အကူပြုသည့်                                       ရင်းနှီး မြှုပ်နှံမှုများ ဖြစ်စေရန် အလေးပေးဆောင်ရွက်ရမည်။

                     (၁၃)   ခွင့်ပြုမိန့်ရရှိသူများက တင်သွင်းလာသည့် တိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ် ဓာတ်အားတိုးမြှင့်ရယူခြင်း အစီအစဉ်များကို စုစည်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူရမည်။

                     (၁၄)   ခွင့်ပြုမိန့်ရရှိသူများက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ခွင့်ပြုထားခြင်းမရှိ သည့်           မိမိ၏ကုန်ကျစရိတ် ကာမိစေရန် ပြုလုပ်သော တိုးချဲ့ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို တားမြစ်ရမည်။

                     (၁၅)   လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်များသည် သင့်တင့်လျောက် ပတ်သည့် အနိမ့်ဆုံးကုန်ကျစရိတ်ဖြင့် ကိုက်ညီမှုရှိ-မရှိ စိစစ်ခွင့်ပြုရမည်။

                     (၁၆)   ခေတ်မီနည်းပညာများမြှင့်တင်ရန်နှင့် ပညာရှင်များ၊ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်အတွက် သင်တန်းကျောင်းများဖွင့်လှစ်၍ လေ့ကျင့်ပညာပေး ခြင်းများ ဆောင်ရွက်နိုင်သည်။ ယင်းသို့ဆောင်ရွက်ရန်အတွက် အခြားမည် သည့်                                       ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမဆို ခွင့်ပြုနိုင်သည်။

၄။      နည်းဥပဒေ ၃ နှင့်အညီ ဆောင်ရွက်သည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက် များ၊ ဆုံးဖြတ်ချက်များနှင့် အမိန့်များသည် ဥပဒေနှင့် အကျိုးအကြောင်း အပြည့်အစုံအပေါ် အခြေခံ ဖော်ပြထားသည့်စာဖြင့် ရေးသားထားသော ဆုံးဖြတ်ချက်နှင့် အမိန့်များဖြစ်ရမည်။

လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ(Performance Standards)

၅။      လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားကို ယုံကြည်အားထားရစွာ၊ ဘေးကင်း လုံခြုံစွာနှင့် ထိရောက်အကျိုးရှိစွာ ပေးပို့ရန်အလို့ငှာ ခွင့်ပြုမိန့်အမျိုးအစား အသီးသီးအတွက် ခွင့်ပြု မိန့်ရရှိသူများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းဆောင်ရွက်မှုစံသတ်မှတ်ချက်များ (Performance Standards)ကို ထုတ်ပြန်ရမည်။

၆။      ခွင့်ပြုမိန့်ရရှိသူများသည် အချိန်ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ (Performance Standards) ကို ပြည့်မီအောင် မဆောင်ရွက်နိုင်သေးမီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် တစ်ခုချင်းစီအလိုက် ဖြေလျော့ပေးထားသော စံသတ်မှတ်ချက်များ(tailor laxer standards specific)ကို အချိန်ကာလတစ်ခု သတ်မှတ်၍ အသုံးပြုစေနိုင်သည်။

၇။      ခွင့်ပြုမိန့်ရရှိသူများသည် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ (Performance Standards)ကို ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပြီးလျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အဆိုပါလုပ်ငန်းများ၏ဆောင်ရွက်မှု တိုးတက်ကောင်းမွန် လာသည့် အခြေအနေများကို စိစစ်သုံးသပ်လျက် မူလဖြေလျော့ထားသော လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များကို ပြင်ဆင်ခြင်းပြုနိုင်သည်။

နည်းပညာဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကျင့်ဝတ်စည်းကမ်းများ

၈။      လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အောက်ပါတို့ကို ပြဌာန်းပေးခြင်းဖြင့် နည်းပညာဆိုင်ရာ စံသတ်မှတ်ချက်များ (Technical Standards) တိုးတက်ကောင်းမွန်မှုနှင့် တစ်ပြေးညီ လိုက်နာ ရမည့် ကျင့်ဝတ်စည်းကမ်းများ (Code of Conducts) ကို အားပေးမြှင့်တင်ရမည်-

              (က)    လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အဆောက် အအုံများ၏ဘေးကင်းလုံခြုံမှု၊ အားထားရမှုနှင့် ကုန်ကျစရိတ်အလျောက် အကျိုး ဖြစ်ထွန်းမှုများနှင့် စပ်လျဉ်းသည့် စံနှုန်းများ၊

               (ခ)     လျှပ်စစ်ပစ္စည်းများတပ်ဆင်ခြင်းနှင့်တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာစံသတ်မှတ် ချက်များ (Electrical Installation and Construction Standards)၊

               (ဂ)     လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ(Operating Standards) နှင့် လုပ်ငန်းစဉ်များ(Progress)၊

              (ဃ)    ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းဇယားများတစ်ခုနှင့်တစ်ခု ဟန်ချက်ညီချိတ်ဆက် မှုရှိစေခြင်း(Coordination of Maintenance Schedules)။

              (င)     လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လုံလောက်သော အရန်လျှပ်စစ်ဓာတ်အားနှင့် အစီအမံများ။

              (စ)     လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ၏အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ် မှတ်ချက်များ(Quality and Norm Specifications)။

၉။      လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ မွမ်းမံခြင်း၊ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများကို မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်သည်။ ယင်းမွမ်းမံခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများသည် ဆောင်ရွက်ဆဲဖြစ်သော ဆောင်ရွက်ချက်များအပေါ် နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိစေရ။

၁၀။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အထက်ပါတာဝန်များကို ဆောင်ရွက်ရာတွင် လျှပ်စစ်ဥပဒေ ပါပြဌာန်းချက်များနှင့်အညီ ကော်မရှင်၏ အကြံပြုချက်ကိုရယူနိုင်သည်။

ယှဉ်ပြိုင်မှုစနစ်ဖြင့် ဆောင်ရွက်ထားသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများ

၁၁။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ယှဉ်ပြိုင်မှုစနစ်ဖြင့် ဆောင်ရွက်ထားသည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ရယူ၍ ခွင့်ပြုပေးနိုင်သည်။

လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့်စပ်လျဉ်း၍ ကော်မရှင်သဘောထားရယူခြင်း

၁၂။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားခနှုန်းထားသတ်မှတ်ခြင်း၊ပြင်ဆင်ပြောင်းလဲ ခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မရှင်၏ အကြံပြုချက်ကိုရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။

အခန်း()

ထုတ်ပေးနိုင်သော ခွင့်ပြုမိန့်အမျိုးအစားများ

ခွင့်ပြုမိန့်အမျိုးအစားများ

၁၃။    လျှပ်စစ်ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ခ)တွင် ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ် ဓာတ်အားစူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းနှင့် ဖလှယ်ခြင်းစသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့်ရှိသည့် ခွင့်ပြုမိန့် များ ထုတ်ပေးနိုင်ခွင့်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံ အပ်နှင်းထားပါသည်။ ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပေးနိုင်သော ခွင့်ပြုမိန့်များတွင် အောက်ပါတို့ ပါဝင်ရ မည်-

          (က)    လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့်၊

          (ခ)     မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်း ခွင့်ပြုမိန့်၊

          (ဂ)     အထူးရည်ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းခွင့်ပြုမိန့်၊

          (ဃ)    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်၊

          (င)     လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်(Wholesale Power Supply                    License)၊

          (စ)     လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့် (Retail Power Supply                            License)၊

          (ဆ)    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့်လက်လီရောင်းချခြင်းထပ်ဆင့်ခွင့်ပြုမိန့်၊

          (ဇ)     ပြည်ပသို့ လျှပ်စစ်ဓာတ်အား တင်ပို့ခြင်း/ပြည်ပမှ လျှပ်စစ်ဓာတ်အားတင်သွင်းခြင်း            ခွင့်ပြုမိန့်။

 

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့်

၁၄။    လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့် ရရှိသူသည် အသေးစိတ်ဖော်ပြထားသည့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းဆိုင်ရာ အဆောက်အအုံများ (generation facilities)ကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်၊ စီမံခန့်ခွဲခွင့်နှင့် လျှပ်စစ်ဓာတ်အားကို ဥပဒေနှင့်အညီထုတ်လုပ်၊ ရောင်းချ ခွင့်ရှိသည်။

၁၅။    ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်တွင်းပြည်ပမှ ရင်းနှီးလုပ်ကိုင်ဆောင်ရွက်လိုသူကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်လျှောက်ထားခြင်း မပြုမီ ဆောင်ရွက်ရန် လိုအပ်သော အကြီးစားလျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေခြင်းနှင့် ဖြစ်မြောက် နိုင်စွမ်းလေ့လာမှုပြုလုပ်ရန် ခွင့်ပြုနိုင်သည်။

၁၆။    လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့် လျှောက်ထားချက်များတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအမျိုးအစား၊ ထုတ်လုပ်မည့်ဝန်အား၊တည်နေရာ၊ ဓာတ်အားချိတ်ဆက်မှု အစီအမံများ၊ နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်များ(technical limitations)၊ နည်းပညာနှင့်လုပ်ငန်းပိုင်း ဆိုင်ရာ အသေးစိတ်ဖော်ပြချက်များ(technical and functional specifications) နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၏စီးပွားဖြစ်လည်ပတ်နိုင်မည့် မျှော်မှန်း သက်တမ်း စသည်တို့ ပါဝင်ရမည်။

၁၇။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အောက်ပါအချက်အားလုံးနှင့် ကိုက်ညီပါက လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့်ကို ထုတ်ပေးရမည်-

          (က)    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်ရှင်က သဘောတူခွင့်ပြုခြင်း၊

          (ခ)     လျှပ်စစ်ဓာတ်အားဝယ်ယူမှု သဘောတူညီချက် ချုပ်ဆိုမှုကို ပြည်ထောင်စုအစိုးရအဖွဲ့                   ၏သဘောတူညီချက်ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ခွင့်ပြုခြင်း၊

          (ဂ)     သက်ဆိုင်ရာလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် တစ်ယူနစ်ထုတ်လုပ်မှုကုန်ကျ                    စရိတ် အနည်းဆုံးဖြစ်ကြောင်း စိစစ်အတည်ပြုခြင်း။

၁၈။    အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ခွင့်ပြုမိန့်ထုတ်ပေး ရန် ငြင်းပယ်နိုင်သည်-

         (က)    ခွင့်ပြုမိန့်လျှောက်ထားသူသည် အရည်အချင်း သတ်မှတ်ချက်စံနှုန်းနှင့် မပြည့်မီခြင်း၊

         (ခ)     လုပ်ငန်းခွင်တည်နေရာ၊ နည်းပညာ၊ ဒီဇိုင်းပုံစံ၊ လောင်စာအမျိုးအစားနှင့်  အခြား ဆက်စပ်သည့်  အချက်အလက်များသည်     ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် ကိုက်ညီမှုမရှိခြင်း။

         (ဂ)     ဓာတ်အားခနှုန်းထားသည် အနည်းဆုံးကုန်ကျစရိတ်အပေါ် အခြေခံ၍တွက်ချက်ထား မှုမရှိခြင်း။

၁၉။    လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့်ရရှိသူသည်  လျှပ်စစ်ဓာတ်အားဝယ်ယူသူများနှင့် သဘောတူချုပ်ဆိုထားသည့် စာချုပ်ပါဝန်ဆောင်မှုဆိုင်ရာ တာဝန်များ၊ လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ လုပ်ငန်းဆောင်ရွက်ချက် စံသတ်မှတ်ချက်များအား လိုက်နာရမည်။

၂၀။    လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့်ရရှိသူက အောက်ပါအချက်များကို လိုက်နာဆောင်ရွက် ရမည်-

        (က)    သက်ဆိုင်ရာဥပဒေ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာသတ်မှတ်ချက်များ၊

        (ခ)     သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတ်မှတ်ချက်များ၊

        (ဂ)     မဟာဓာတ်အားလိုင်းစနစ်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းစနစ်များကို ဘေးကင်း လုံခြုံစိတ်ချသေချာစွာဖြင့် စီးပွားရေးအရ တွက်ခြေကိုက်စွာ လည်ပတ်အသုံးပြုခြင်း၊

        (ဃ)    နည်းဥပဒေခွဲ (က) (ခ) နှင့်(ဂ) တို့ပါ အချက်များကို လိုက်နာရန်ပျက်ကွက်မှုကြောင့် မဟာဓာတ်အားလိုင်းစနစ်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းစနစ်တို့တွင် ထိခိုက်မှု များဖြစ်ပေါ်ပါက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သဘောတူခွင့်ပြုသည့် လျော်ကြေး                     ကို နစ်နာသူထံပေးအပ်ခြင်း။

၂၁။    လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့်သက်တမ်းမှာ တည်ဆဲဥပဒေများနှင့်အညီ ချုပ်ဆိုထားသော စာချုပ်ပါသက်တမ်းအတိုင်း ခွင့်ပြုနိုင်သည်။

၂၂။     လျှပ်စစ်ဓာတ်အားပို့လွှတ်ရာတွင် မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်နှင့် အထူး ရည်ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းခွင့်ပြုမိန့်ဟူ၍ အမျိုးအစား နှစ်မျိုးရှိရမည်။

၂၃။    လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းတွင် ၁၃၂ ကေဗွီနှင့်အထက် ဗို့အားဖြင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းများအတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းဆိုင်ရာ အဆောက်အအုံများကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်၊ စီမံခန့်ခွဲခွင့်များ ပါရှိစေရမည်။

၂၄။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝှမ်းတွင် မဟာဓာတ်အားလိုင်း ပို့လွှတ်ကွန်ရက်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကသာ တစ်ဦးတည်း သီးသန့်ပိုင်ဆိုင်ရန်၊ တည်ဆောက်ရန်၊ ဆောင်ရွက် လည်ပတ်ရန်နှင့် စီမံခန့်ခွဲရန်လုပ်ပိုင်ခွင့်ရှိပြီး မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်း ခွင့်ပြုမိန့်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအောက်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး လုပ်ငန်းကို တာဝန်ယူဆောင်ရွက်သည့် အဖွဲ့အစည်းနှင့် ၎င်းကို ဆက်ခံသူမည်သူမဆိုအတွက် ထုတ်ပေးရမည်။

၂၅။    မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်း ခွင့်ပြုမိန့်တွင် ခွင့်ပြုမိန့်ရရှိသူ၏ ဝန်ဆောင်မှုဆိုင်ရာ တာဝ်နများကို ဖော်ပြရမည်။

၂၆။    မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်း ခွင့်ပြုမိန့်ရရှိသူက အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ရမည် -

          (က)    သက်ဆိုင်သောဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ အားလုံးနှင့်အညီ မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းကို ဆောင်ရွက်လည်ပတ် ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် တိုးချဲ့ခြင်း၊

          ( ခ )   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူထုတ်ပြန်သည့် လျှပ်စစ်ဓာတ်အားကွန်ယက် ဆိုင်ရာ လုပ်ထုံးလုပ်နည်း (grid code) ၊ သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ (Performance Standards) အားလုံးနှင့် သဘာဝ                                      ပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်အားအားလုံးကို လိုက်နာခြင်း၊

          ( ဂ )   မဟာဓာတ်အားလိုင်းစနစ်နှင့် ယင်းနှင့် ချိတ်ဆက်ထားသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကွန်ရက်များသည် ဘေးကင်းလုံခြုံမှုရှိခြင်း၊ စီးပွားရေးအရ တွက်ခြေကိုက်ပြီး ယုံကြည်အားထားနိုင်စွာ လည်ပတ်နိုင်ခြင်း။

၂၇။    မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်း ခွင့်ပြုမိန့်ရရှိသူသည် အောက်ပါတို့အတွက် တာဝန်ရှိ သည်-

          (က)    မဟာဓာတ်အားလိုင်းစနစ်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် သို့မဟုတ် ချိတ်ဆက် လာနိုင်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရ ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို လက်ခံခြင်း။

          ( ခ )   ယင်းလျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းစနစ်အတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းခွင့်ပြုမိန့်ရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်များသို့ ပို့လွှတ်ခြင်း။

          ( ဂ )   လျှပ်စစ်ဓာတ်အားပမာဏ အများအပြားသုံးစွဲရန် အလားအလာရှိသော အကြီးစား စီးပွားရေးလုပ်ငန်းများထံ ပို့လွှတ်ရန် စီမံဆောင်ရွက်ခြင်း။

၂၈။    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူများအား ယင်းတို့နှင့်တိုက်ရိုက် ချိတ်ဆက် ထားခြင်းမရှိသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရရှိသူ မည်သူ့ထံမှမဆို လျှပ်စစ် ဓာတ်အားဝယ်ယူရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ခွင့်ပြုသည့်အခါ မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်း ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရရှိသူများ၏ ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် ယင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူများထံ ပို့လွှတ်ရန် တာဝန်ရှိသည်။

၂၉။    မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်ရရှိသူသည် နိုင်ငံတော်အတွက် တစ်ဦး တည်းသော လျှပ်စစ်ဓာတ်အားပို့လွှတ်သူအနေဖြင့် ရပ်တည်နေသမျှကာလပတ်လုံး လျှပ်စစ်ဝန်အား တိုးတက်လာမှုအပေါ် ဖြည့်ဆည်းပံ့ပိုးပေးရန်အတွက် မဟာဓာတ်အားလိုင်းစနစ် တိုးချဲ့မှုနှင့် အဆင့်မြှင့်တင်မှုတို့ကို အလေးပေးဆောင်ရွက်ရမည်။

၃၀။    မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်ရရှိသူသည် လုပ်ငန်းတိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အားတိုးမြှင့်ရယူခြင်း အစီအစဉ်အသီးသီးကို နှစ်စဉ်ပြုစုရေးဆွဲပြီး ဝန်ကြီးဌာနသို့ တင်ပြရမည်။

၃၁။    မဟာဓာတ်အားလိုင်စနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်ရရှိသူသည် ၎င်းတို့၏ တိုးချဲ့ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို လျှပ်စစ်ဓာတ်အားဝန်ကြီးဌာနက သဘောတူခွင့်ပြုပြီးနောက် သဘောတူခွင့်ပြု သည့် တိုးချဲ့ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များတွင် ဖော်ပြထားသည့် အဆောက်အအုံများ ၊ ပစ္စည်း ကိရိယာများနှင့် ရင်းမြစ်များကို ရရှိရန် ဆောင်ရွက်ခွင့်ရှိသည်။

၃၂။    မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူ ခွင့်ပြုထားခြင်းမရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည်-

        (က)    ဓာတ်အားခနှုန်းထားများ ၊ ဝန်ဆောင်ခများကို သတ်မှတ်ခြင်း ၊

        ( ခ )   ဓာတ်အားပို့လွှတ်ခြင်းဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း။

အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်

၃၃။    အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်အား အများပြည်သူ အကျိုးစီးပွားကို မြှင့်တင်ပေးမည့် အထူးစီမံကိန်းများဆိုင်ရာ လုပ်ငန်းများအတွက် ခွင့်ပြုနိုင်သည်။

၃၄။    အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းခွင့်မိန့်တွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးဆိုင်ရာ အဆောက်အအုံများ (transmission facilities) ကို တည်ဆောက်ခွင့်၊ ဆောင်ရွက် လည်ပတ်ခွင့်နှင့် စီမံခန့်ခွဲခွင့်များပါဝင်ရမည်။ ထိုသို့ တည်ဆောက် ဆောင်ရွက်လည်ပတ်ရာတွင် လျှပ်စစ် ဓာတ်အားကွန်ရက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ(Grid Code) နှင့် လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ် ချက်များကို လိုက်နာဆောင်ရွက်ရမည်။

၃၅။    အထူးရည်ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်များ ထုတ်ပေး ခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် စည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ရယူပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာရမည်။

၃၆။    အထူးရည်ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်များလျှောက်ထား ရာတွင် ဆောက်လုပ်ရန် သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးဆိုင်ရာ အဆောက်အအုံများ၊ ဆောင်ရွက်မည့် ရည်ရွယ်ချက်နှင့် တည်နေရာ စသည်တို့ပါဝင်ရမည်။ ခွင့်ပြုထားသော လုပ်ငန်းမှ တစ်ပါး အခြားလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရ။

၃၇။    အထူးရည်ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်များကို  တည်ဆဲဥပဒေများနှင့်အညီ ချုပ်ဆိုထားသော စာချုပ်ပါသက်တမ်းအတိုင်း ခွင့်ပြုနိုင်သည်။

၃၈။    အထူးရည်ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်ပါ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးဆိုင်ရာ အဆောက်အအုံများသည် မဟာဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ပြီး ၎င်း၏ တစ်စိတ်တစ်ဒေသအဖြစ် အသုံးပြုနိုင်ရန် မဟာဓာတ်အားလိုင်းစနစ်ပို့လွှတ်ခြင်းခွင့်ပြုမိန့် ရရှိသူသည် ယင်းလျှပ်စစ်ဓာတ်အားပို့လွှတ်ရေးဆိုင်ရာ အဆောက်အအုံများ (transmission facilities)ကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်နှင့် စီမံခန့်ခွဲခွင့်ရှိသည်။

၄၀။    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်လျှောက်ထားရာတွင် အသုံးပြုမည့် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးဆိုင်ရာ အဆောက်အအုံများနှင့် လျှပ်ဓာတ်အားဖြန့်ဖြူးရေး နယ်နိမိတ်တို့ကို တိကျစွာ ဖော်ပြပါရှိရမည်။

၄၂။    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် အောက်ပါတို့အတွက် တာဝန်ရှိသည်-

           (က)    ခွင့်ပြုမိန့်ပါ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနယ်နိမိတ်အတွင်း တစ်ဦးတည်းသော လျှပ်စစ်ဓာတ်အား ရောင်းချသူဖြစ်နေသမျှ ကာလပတ်လုံး လက်လီလျှပ်စစ်ဓာတ် အားသုံးစွဲသူများအား လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးခြင်း၊

           ( ခ )   လျှပ်စစ်ဝန်အားတိုးလာမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ရာတွင် သက်ဆိုင်သော လုပ်ငန်း ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များနှင့် ဘေးကင်းလုံခြုံမှုစံသတ်မှတ်ချက်များ (Safety Standards)ကို လိုက်နာ                              ဆောင်ရွက်ခြင်း၊

           ( ဂ )   လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပံ့ပိုးပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး မှုစနစ် တိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကို အလေးပေးဆောင်ရွက်ခြင်း၊

           (ဃ)    ထပ်တိုးတောင်းခံသည့် လျှပ်စစ်ဓာတ်အားပမာဏကို လျှပ်စစ်ဓာတ်အားလက်ကား ရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူထံမှ ပြည့်မီအောင်မရရှိခဲ့ပါက လျှပ်စစ်ဓာတ်အား လိုအပ်ချက် နှင့် ပေးပို့မှုနှစ်ရပ်အကြား ဟန်ချက်ညီမျှမှုရှိစေရန်အလို့ငှာ လိုအပ်သော                        လျှပ်စစ်ဓာတ်အား ကို အခြားအရင်းအမြစ်တစ်ခုခုထံမှရယူခြင်း သို့မဟုတ် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ဝန်အားကို စနစ်တကျ လျှော့ချခြင်း။

၄၃။    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူက အောက်ပါအချက်များကို လိုက်နာဆောင် ရွက်ရမည်-

          (က)    သက်ဆိုင်သော ဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ အားလုံးနှင့်အညီ  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်များကို ဆောင်ရွက်လည်ပတ် ခြင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် တိုးချဲ့ခြင်း၊

          ( ခ )   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူထုတ်ပြန်သည့် ဖြန့်ဖြူးရေးဆိုင်ရာလုပ်ထုံး လုပ်နည်းများ( Distribution Code) နှင့် လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက် များအားလုံးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတ်မှတ်ချက်များ အားလုံးကိုလိုက် နာ                     ခြင်း၊

          ( ဂ )   လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်များသည် စီးပွားရေးအရ တွက်ခြေကိုက်ပြီး ယုံကြည်အားထားရမှုရှိခြင်း၊ ဘေးကင်းလုံခြုံမှုရှိခြင်းနှင့် စိတ်ချသေချာစေခြင်း။

၄၄။    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် လုပ်ငန်းတိုးချဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အားတိုးမြှင့်ရယူခြင်း အစီအစဉ်အသီးသီးကို နှစ်စဉ်ပြုစု ရေးဆွဲပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ တင်ပြရမည်။

၄၅။    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် ၎င်းတို့၏ တိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အားတိုးမြှင့်ရယူခြင်း အစီအစဉ်အသီးသီးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သဘောတူခွင့်ပြုပြီးနောက် သဘောတူခွင့်ပြုခဲ့သည့် တိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ရယူခြင်းအစီအစဉ်အသီးသီးတွင်  ဖော်ပြထားသည့် အဆောက်အအုံများ၊ ပစ္စည်းကိရိယာ များ၊ ရင်းမြစ်များနှင့် လျှပ်စစ်ဓာတ်အားပံ့ပိုးမှုတို့ကို ရယူရန် နှစ်ရှည်စာချုပ်များ ချုပ်ဆိုခွင့်ရှိသည်။

၄၆။    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ရရှိပြီး ရက်ပေါင်း(၆၀) အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူ ဝန်ဆောင်မှုလက်စွဲ(consumer”s service manual) ကို ပြုစုပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ သဘောတူညီချက်ရရှိရန် တင်သွင်းရမည်။

၄၇။    လျှပ်စစ်ဓာတ်အားသုံးစွဲသူ ဝန်ဆောင်မှုလက်စွဲတွင် အောက်ပါအချက်များ ဖော်ပြပါရှိရမည်-

         (က)    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်နှင့်ချိတ်ဆက်ရန်နှင့် လျှပ်စစ်ဓာတ်အားပံ့ပိုးမှုကို ရရှိရန်တို့အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲသူများလျှောက်ထား ရမည့်ပုံစံနှင့် နည်းလမ်း၊

         ( ခ )   ခွင့်ပြုမိန့်ရရှိသူ တောင်းခံထားသည့်အတိုင်း ချိတ်ဆက်ပေးရန် လိုအပ်သည့်အချိန်ကာလ၊

          ( ဂ )   ဘေးကင်းလုံခြုံမှုနှင့် စိတ်ချသေချာမှု၊

          (ဃ)    လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ တိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်းဆိုင် ရာလုပ်ငန်းစဉ်များ၊

          ( င )   ဓာတ်အားခ ကျသင့်ငွေပေးချေခြင်းမရှိသောကြောင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက် ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊

          ( စ )   မီတာတပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များ။

၄၈။    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူ ခွင့်ပြုထားခြင်း မရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည်-

          (က)    လျှပ်စစ်ဓာတ်အားခ နှုန်းထားများ၊ ဝန်ဆောင်ခများ သတ်မှတ်ခြင်း၊

          ( ခ )   လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်းခွင့်ပြုမိန့်

၄၉။    လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူသည် အောက်ပါတို့ကို ဆောင်ရွက် ခွင့်ရှိသည်-

          (က)    စွမ်းအင်အရင်းအမြစ်တစ်မျိုးမျိုးမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူခွင့်၊

          (ခ)     လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရယူပြီး မိမိဆောင်ရွက်လည်ပတ်နေသော                  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆိုင်ရာ အဆောက်အအုံများမှ လျှပ်စစ်ဓာတ်အား            ရယူခွင့်၊

          (ဂ)     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူများထံသို့လည်းကောင်း၊     အကြီးစား                စီးပွားရေးလုပ်ငန်းဆိုင်ရာနှင့် အကြီးစားစက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်ဓာတ်အား           လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံသို့ လည်းကောင်း လျှပ်စစ်ဓာတ်အားလက်ကား            ရောင်းချခွင့်။

၅၀။    လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်တွင် အောက်ပါဝန်ဆောင်မှုဆိုင်ရာ တာဝန်များကို ဖော်ပြရမည်-

        (က)    လျှပ်စစ်ဓာတ်အားအပြည့်အဝဝယ်ယူသည့် လက်လီရောင်းချခြင်းခွင့်ပြုမိန့်ရရှိထား သူ၊အကြီးစားစီးပွားရေးလုပ်ငန်းဆိုင်ရာနှင့်အကြီးစားစက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ် ဓာတ်အားသုံးစွဲသူများ၏ သုံးစွဲဝန်အားတိုးလာမှုကို ခန့်မှန်းရန်နှင့် ယင်းဝန်အား တိုး                    လာမှုကို ဖြည့်ဆည်းရန်အတွက် အချိန်မီပံ့ပိုးပေးခြင်းငှာ စီမံဆောင်ရွက်ခြင်း၊

        (ခ)     လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်ဓာတ်အား တစ်စိတ်တစ်ဒေသ ဝယ်ယူသူအဖြစ် ဝယ်ယူခဲ့ပါက လျှပ်စစ်ဓာတ်အားလက်ကား ရောင်းချသူသည် ပေးပို့မည့် လျှပ်စစ်ဓာတ်အားပမာဏပုံသေသတ်မှတ်ခြင်း၊ လျှပ်စစ်                        ဓာတ်အားအရည်အသွေး ကန့်သတ်ခြင်းတို့ကို လျှပ်စစ်ဓာတ်အားရောင်းချမှု သဘော တူညီချက်တွင် ဖော်ပြဆောင်ရွက်ခြင်း၊

        (ဂ)     ယင်းတစ်စိတ်တစ်ဒေသဝယ်ယူသည့် လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြု မိန့်ရရှိသူသည် ဓာတ်အားရောင်းချမှု သဘောတူညီချက်တွင် ဖော်ပြထားသည့် ပမာဏထက်ပို၍ရရှိလိုကြောင်း လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်းခွင့်ပြုမိန့်                      ရရှိသူထံသို့ တောင်းခံလာပါက လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့် ရရှိသူသည် မိမိတွင် ရရှိနိုင်သလောက် လျှပ်စစ်ဓာတ်အားကို ရောင်းချပေးခြင်း။

၅၁။    လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူ၏ လုပ်ငန်းဆောင်ရွက်ချက်များ သည် သက်ဆိုင်သောဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်း ဆောင်ရွက်မှု စံသတ်မှတ်ချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်များအားလုံးနှင့် ကိုက်ညီရမည်။

၅၂။    လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူခွင့်ပြုထားခြင်းမရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည်-

         (က)    လျှပ်စစ်ဓာတ်အားခနှုန်းထားများ၊ ဝန်ဆောင်ခများသတ်မှတ်ခြင်း၊

         (ခ)     လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များသတ်မှတ်ခြင်း။

၅၃။    လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်များတွင် လုပ်ကိုင်ခွင့်သက်တမ်းကို သတ်မှတ်ဖော်ပြရမည်။

လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်းခွင့်ပြုမိန့်

၅၄။    လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူသည် သတ်မှတ်ထားသောနယ် နိမိတ်အတွင်း တစ်ဦးတည်းသော လျှပ်စစ်ဓာတ်အားလက်လီရောင်းချသူအဖြစ် လျှပ်စစ်ဓာတ်အား သုံးစွဲသူများထံ လျှပ်စစ်ဓာတ်အားရောင်းချခြင်းကို ဆောင်ရွက်ခွင့်ရှိသည်။

၅၅။    လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူများ လိုက်နာဆောင်ရွက်ရမည့် ဝန်ဆောင်မှုဆိုင်ရာ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

          (က)     လက်လီဓာတ်အားသုံးစွဲသူ အသီးသီးအတွက် လျှပ်စစ်ဓာတ်အားပံ့ပိုးပေးရန်အလို့ငှာ လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူထံမှ လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဝယ်ယူခြင်း၊

          (ခ)  လျှပ်စစ်ဓာတ်အားလက်လီရောင်းချရာတွင် အကန့်အသတ်ဖြစ်ပေါ်နေပါက ယင်းအခြေ အနေအား လျှပ်စစ်ဝန်အားတိုးတက်မှု ကြိုတင်ခန့်မှန်းခြင်းနှင့် အခြားအချက်အလက် များနှင့်အတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လျှပ်စစ်ဓာတ်အားလက်ကား                        ရောင်းချ ခြင်း ခွင့်ပြုမိန့်ရရှိသူတို့ထံ တင်ပြခြင်း၊

         (ဂ)   ထိုသို့ အကန့်အသတ်ဖြစ်ပေါ်နေသည့် အခြေအနေတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြင်ဆင်သတ်မှတ်ပေးသည့် အတိုင်း လျှပ်စစ်ဓာတ်အားဝယ်ယူခွင့် သို့မဟုတ် စီစဉ်ဆောင်ရွက်ခွင့်ကို လိုက်နာ                       ဆောင်ရွက်ခြင်း၊

        (ဃ) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နည်းဥပဒေခွဲ()နှင့်အညီ ပြင်ဆင်သတ်မှတ်ခြင်းပြုပြီး နောက် လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို စရိတ် အနည်းဆုံးဖြင့် ဖြည့်ဆည်းပေးရန်နှင့် အချိန်မီအလုံအလောက် ပံ့ပိုးပေးနိုင်ရန်                         အတွက် စီမံဆောင် ရွက်ခြင်း၊

       (င)   လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး နယ်နိမိတ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းမျဉ်းများနှင့်ကိုက်ညီသည့် မည်သည့်လျှပ်စစ်ဓာတ်အား သုံးစွဲသူကို မဆို ခွဲခြားခြင်းမပြုဘဲ တန်းတူရည်တူစနစ်ဖြင့် လျှပ်စစ်ဓာတ်အားရောင်းချခြင်း၊

       (စ)   သက်ဆိုင်သောဥပ​ဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များ၊ လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်                  ချက်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းခွင့်ပြုမိန့်ရရှိသူ ထုတ်ပြန်သွားသော လျှပ်စစ်ဓာတ်အားသုံးစွဲ သူဝန်ဆောင်မှုလက်စွဲတို့ကို လိုက်နာဆောင်ရွက်ခြင်း။

၅၆။    လျှပ်စစ်ဓာတ်အား လက်လီရောင်းချခြင်းခွင့်ပြုမိန့်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူခွင့်ပြုထားခြင်းမရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည်-

         (က)    လျှပ်စစ်ဓာတ်အားခနှုန်းထားများ၊ ဝန်ဆောင်ခများ သတ်မှတ်ခြင်း။

         (ခ)     လျှပ်စစ်ဓာတ်အားလက်လီရောင်းချရေးဆိုင်ရာ စည်းကမ်းချက်များသတ်မှတ်ခြင်း။

၅၇။    လျှပ်စစ်ဓာတ်အား လက်လီရောင်းချခြင်းခွင့်ပြုမိန့်များတွင် လုပ်ကိုင်ခွင့်သက်တမ်းကို သတ်မှတ် ဖော်ပြရမည်။

 

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းထပ်ဆင့်ခွင့်ပြုမိန့်

၅၈။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မည်သူ့ ကိုမဆို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းခွင့်ပြုမိန့်နှင့် လျှပ်စစ်ဓာတ်အားလက်လီ ရောင်းချခြင်း ခွင့်ပြု မိန့်ရရှိထားသူ၏ ခွင့်ပြုမိန့်ပါ နယ်နိမိတ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လျှပ်စစ်ဓာတ်အား လက်လီရောင်းချခြင်းလုပ်ငန်းအား ထပ်ဆင့်ဆောင်ရွက် ခွင့်ပြုနိုင်သည်။

၅၉။    ထိုသို့ဆောင်ရွက်ခွင့်ပြုရာတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်နှင့် လက်လီရောင်းချ ခြင်းခွင့်ပြုမိန့်များရရှိထားသူနှင့် ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူတို့သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သဘောတူခွင့်ပြုသည့် စည်းကမ်းချက်များနှင့် လုပ်ကိုင်ခွင့် သက်တမ်းများပါရှိသော စာချုပ်ချုပ်ဆို ဆောင်ရွက်စေရမည်။

၆၀။    ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းခွင့်ပြုမိန့်နှင့် လက်လီရောင်းချ ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် တာဝန်များအား လိုက်နာရန်တာဝန်ရှိသည့်အပြင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာရမည်။

၆၁။    ထပ်ဆင့်ခွင့်ပြုမိန့် သတ်မှတ်နယ်နိမိတ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီ ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် တာဝန်များအား လိုက်နာရန်တာဝန်ရှိသည့်အပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာရမည်။

၆၂။    ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူသည် ဓာတ်အားစနစ်တိုးတက်ကောင်းမွန်မှုအစီအမံ(System Improvement Plan)ဓာတ်အားစနစ်ဖွံ့ဖြိုးမှုအစီအမံ(Syetem Development Plan)နှင့် ဓာတ်အားပျောက်ဆုံးမှုလျော့ကျရေးအစီအမံများ ရေးဆွဲပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ တင်ပြ ရမည်။ ယင်းအစီအမံများနှင့်အညီ အကောင်အထည်ဖော်ဆာင်ရွက်ရမည်။

၆၃။    ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတ်မှတ်ထားသော ဓာတ်အားခ နှုန်းထားများအတိုင်း ရောင်းချရမည်။

ပြည်ပသို့ လျှပ်စစ်ဓာတ်အား တင်ပို့ခြင်း/ ပြည်ပမှ လျှပ်စစ်ဓာတ်အား တင်သွင်းခြင်းခွင့်ပြုမိန့်

၆၄။    လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့် ရရှိထားပြီးသူများသည် လျှပ်စစ်ဓာတ်အား အရောင်း အဝယ်တစ်ခုချင်းစီအလိုက် ပြည်ပသို့ လျှပ်စစ်ဓာတ်အားတင်ပို့ခြင်း/ ပြည်ပမှလျှပ်စစ် ဓာတ်အား တင်သွင်းခြင်း ခွင့်ပြုမိန့်ကို ထပ်မံရယူကာ ယင်းလုပ်ငန်းများကို ဆောင်ရွက်နိုင် သည်။

၆၅။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပြီးနောက် လျှပ်စစ်ဓာတ်အားတင်ပို့ခြင်း/ တင်သွင်းခြင်းတို့ကို ခွင့်ပြုနိုင်သည်-

         (က) အဆိုပြုလျှောက်ထားလာသည့် လျှပ်စစ်ဓာတ်အားတင်ပို့မှု သို့မဟုတ် တင်သွင်းမှုသည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် လုံခြုံစိတ်ချရမှု၊ အားထားရမှု၊ ဖူလုံမှုနှင့် တည်ငြိမ်မှုတို့အပေါ် အကျိုးသက်ရောက်နိုင်မှု၊

         (ခ)   အဆိုပြုလျှောက်ထားလာသည့် လျှပ်စစ်ဓာတ်အားတင်ပို့မှု သို့မဟုတ် တင်သွင်းမှုသည် သုံးစွဲသူများအတွက် လျှပ်စစ်ဓာတ်အားရရှိနိုင်မှုနှင့် ကုန်ကျစရိတ်တို့အပေါ် အကျိုး သက်ရောက်နိုင်မှု၊

         (ဂ)   နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားကဏ္ဍလုံခြုံမှု၊

        (ဃ) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အများပြည်သူအကျိုးစီးပွားအလို့ငှာ လိုအပ်သည်ဟု ထင်မြင်ယူဆသော အခြားအကြောင်းအချက်များ။

၆၆။    ပြည်ပသို့ လျှပ်စစ်ဓာတ်အားတင်ပို့ခြင်း/ ပြည်ပမှ လျှပ်စစ်ဓာတ်အားတင်သွင်းခြင်း ခွင့်ပြုမိန့် များတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတ်မှတ်သည့် စည်းကမ်းချက်များနှင့် လုပ်ကိုင်ခွင့် သက်တမ်းများ ပါဝင်စေရမည်။

လျှပ်စစ်ဝန်အားပမာဏခန့်မှန်းခြင်း

၆၇။    လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့်များတွင် ခွင့်ပြုမိန့်ရရှိသူများသည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ချမှတ်ပေးမည့် လမ်းညွှန်ချက်၊ နည်းစနစ်တို့နှင့်အညီ လျှပ်စစ်ဝန်အား တိုးလာမှုနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပမာဏ ခန့်မှန်းရေးဆွဲရမည့် တာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်း

၆၈။    ဤနည်းဥပဒေ ၁၀၀ အရ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် ခွင့်ပြုမိန့်ရရှိသူများသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တောင်းခံသော မည်သည့်သတင်းအချက်အလက်များကိုမဆို ထုတ်ဖော်တင်ပြရန် တာဝန်ရှိကြောင်း ခွင့်ပြုမိန့်အားလုံးတွင် ဖော်ပြပါရှိရမည်။

 

 

ဝန်ကြီးဌာနလက်အောက်ရှိ လုပ်ငန်းဌာနများ၊ အဖွဲ့အစည်းများ

၆၉။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်ရှိ လုပ်ငန်းဌာနများ၊ အဖွဲ့အစည်းများနှင့် လျှပ်စစ်ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ(ဂ)အရ ဖွဲ့စည်းထားသော လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ သို့မဟုတ် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းများသည်-

          (က) လျှပ်စစ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ခွင့်ပြုမိန့်ရရှိသူများအဖြစ် မှတ်ယူရမည် ဖြစ်ပြီး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်သည်။

          (ခ)   ဤနည်းဥပဒေထုတ်ပြန်ပြီး ခြောက်လအတွင်း နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်သည့် ခွင့်ပြုမိန့်များကို လျှောက်ထားရမည်။

         (ဂ)   ခွင့်ပြုမိန့်ပါ လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့်စပ်လျဉ်းသည့် ဝန်ဆောင်မှုများအတွက် ခွင့်ပြု မိန့်ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များအတိုင်း တန်းတူရည်တူ လိုက်နာရ မည်။

အခန်း()

ခွင့်ပြုမိန့်ထုတ်ပေးခြင်း

ခွင့်ပြုမိန့်ရယူရန်သတ်မှတ်ချက်

၇၀။    ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားနှင့်စပ်လျဉ်းသည့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းခွင့်ပြုမိန့်များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ လျှောက်ထားရမည်။

၇၁။    ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာ ဓာတ်အားလိုင်းစနစ်နှင့် ဆက်သွယ်ခြင်းမရှိသော အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ခွင့်ပြုမိန့်များကို သက်ဆိုင်ရာတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များထံမှ လျှောက်ထားရယူရမည်။

၇၂။    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နှင့်ကျေးရွာ များအတွက် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ခွင့်ပြုမိန့်များကို သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များထံမှ လျှောက်ထားရယူ မည်။

 

 

ခွင့်ပြုမိန့်ကင်းလွတ်ခွင့်များ

၇၃။    မိမိကိုယ်ပိုင်သုံးစွဲရန်သက်သက်အလို့ငှာ မိမိပိုင်မြေပေါ်တွင် တည်ဆောက်ထားပြီး မဟာ ဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ထားခြင်းမရှိသော ဓာတ်အားထုတ်လုပ်သူများသည် အခြားသူ များအား လျှပ်စစ်ဓာတ်အားကို လွှဲပြောင်းရောင်းချခြင်းမရှိလျှင် ထိုသို့လျှပ်စစ်ဓာတ်အား ထုတ်လုပ် သူသည် ခွင့်ပြုမိန့်ရယူရန်မလိုအပ်ပါ။ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးမှုခံယူရ မည်။

၇၄။    ခွင့်ပြုမိန့်ရယူရန်မလိုအပ်သည့် ကင်းလွတ်ခွင့်များနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ ကို ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ရမည်။

ခွင့်ပြုမိန့်ထုတ်ပေးရန် သတ်မှတ်ချက်များ

၇၅။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည်-

          (က) ခွင့်ပြုမိန့်လျှောက်ထားသူသည် မိမိလျှောက်ထားသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်စွမ်းရှိကြောင်းနှင့် သက်ဆိုင်ရာ ဥပဒေရေးရာ၊ စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာနှင့် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များကို လိုက်နာရန် တာဝန်ခံနိုင်ကြောင်း                     ခိုင်လုံ စွာတင်ပြနိုင်မှသာ ခွင့်ပြုမိန့်များကို ထုတ်ပေးရမည်။

          (ခ)   ခွင့်ပြုမိန့်ထုတ်ပေးရာတွင် အောက်ဖော်ပြပါအချက်များကို ထည့်သွင်းစဉ်းစားရမည်-

                  (၁)     ဝန်ကြီးဌာနမှ လက်ခံအတည်ပြုထားသော ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု အစီရင်ခံစာ၊

                  (၂)     စီးပွားရေးလုပ်ငန်းအတွေ့အကြုံ၊

                  (၃)     သက်ဆိုင်ရာလျှပ်စစ်လုပ်ငန်းအတွေ့အကြုံ၊

                  (၄)     ဘဏ္ဍာငွေတောင့်တင်းခိုင်မာမှု၊

                  (၅)     နည်းပညာနှင့်လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်သတ်မှတ်ချက်များ၊ စံပြပုံစံ၊ ဒီဇိုင်းပုံစံ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဝိသေသလက္ခဏာများ(Operational Characteristics)၊

                  (၆)     နည်းပညာပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်နိုင်စွမ်းရှိမှု၊

                  (၇)     ခွင့်ပြုမိန့်ပါစည်းကမ်းချက်များ၊ သက်ဆိုင်သော ဥပဒေရေးရာနှင့် စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာနိုင်စွမ်းရှိမှု၊

                  (၈)     လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့်ဆိုင်သော အလေ့အကျင့်ကောင်းများ (Prudent Utility Practices)၊ လျှပ်စစ်ဓာတ်အားကွန်ရက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းပိုင်းဆိုင် ရာစံ                                      သတ်မှတ်ချက်များနှင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာနိုင်စွမ်းရှိမှု။

       (ဃ) နည်းဥပဒေခွဲ(က) နှင့်()ပါ အချက်များနှင့်ကိုက်ညီသော်လည်း အဆိုပြုလျှောက်ထား သည့် လျှပ်စစ်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ပစ္စည်းကိရိယာများ၊ အဆောက် အအုံများ၊ နည်းစနစ်များသည် လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် အထောက်အကူ                မပေး နိုင်ခြင်း၊ အသုံးမပြုနိုင်ခြင်းများ စိစစ်တွေ့ရှိရပါက ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းဆိုနိုင် သည်။

ဘဏ္ဍာရေးဆိုင်ရာအာမခံချက်

၇၆။    ခွင့်ပြုမိန့်ထုတ်ပေးခြင်းမပြုမီ သို့မဟုတ် ဆိုင်းငံ့ထားသော ခွင့်ပြုမိန့်ကို ပြန်လည်ခွင့်ပြု ခြင်းမပြုမီ ခွင့်ပြုမိန့်လျှောက်ထားသူသည် ခွင့်ပြုမိန့်ကြေးပေးသွင်းရမည့်အပြင် ဤနည်းဥပဒေ နှင့်ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များနှင့်အညီ ဖော်ပြထားသည့် ဝန်ဆောင်မှုဆိုင်ရာတာဝန်များကို ဖြည့်ဆည်းပေးခြင်းနှင့် ယင်းခွင့်ပြုမိန့်ပါ စည်းကမ်းချက်များကို အမှန်တကယ်လိုက်နာမှု ရှိစေရန် အတွက် နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသည့် အာမခံစာချုပ် (Bond)သို့မဟုတ် ဘဏ္ဍာရေး အာမခံပုံစံ တစ်မျိုးမျိုးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ တင်သွင်းရမည်။

လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာလက်စွဲစာစောင်(Operating Procedures Manual)

၇၇။    ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ရရှိပြီးရက်ပေါင်း၉၀ အတွင်း လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ လက်စွဲစာစောင်(Operating Procedures Manual)ကို ရေးသားပြုစု၍ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၏ အတည်ပြုချက်ရရှိရန် တင်သွင်းရမည်။ ယင်းအတည်ပြုချက်ရရှိပြီးပါက ခွင့်ပြုမိန့်ရရှိသူသည် လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ လက်စွဲစာစောင်ပါလုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

ဝန်ဆောင်မှုများ ကန့်သတ်ခြင်း

၇၈။    ခွင့်ပြုမိန့်ရရှိသူများသည် နိုင်ငံတော်မှကူညီထောက်ပံ့မှု(Subsidies)​ပေးထားသော လျှပ်စစ် ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ သဘောတူထားပြီးဖြစ်ပါက ပြည်ထောင်စုအစိုးအရအဖွဲ့၏ သဘောတူညီချက်ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများအတိုင်း လက်ခံဆောင်ရွက်ပေးရမည်။

လျှပ်စစ်ဓာတ်အားဝယ်ယူခြင်းနှင့်ရယူခြင်း

၇၉။    ခွင့်ပြုမိန့်ရရှိသူများသည် အောက်ပါတို့ကို ဆောင်ရွက်ခြင်းမပြုရ-

          (က) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူထားသည့် ယှဉ်ပြိုင်မှုရှိသော လျှပ်စစ် ဓာတ်အားဝယ်ယူမှု အစီအစဉ်ဖြင့် မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားကိုယ်တိုင် ထုတ်လုပ် သူ(IPP)အသစ်များထံမှ လျှပ်စစ်ဓာတ်အားဝယ်ယူခြင်း၊

          (ခ)   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူထားခြင်းမရှိသော လျှပ်စစ်ဓာတ်အားဝယ်ယူ ရေးသဘောတူညီချက်များအရ ကုန်ကျထားသည့် လျှပ်စစ်ဓာတ်အားရယူရေး ကုန်ကျ စရိတ်ကို ပြန်လည်ကာမိစေရန် ပြုလုပ်ခြင်း။

ခွင့်ပြုမိန့်ကိုကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း

၈၀။    (က)    မည်သည့်ခွင့်ပြုမိန့်ကိုမဆို ခွင့်ပြုမိန့်ထုတ်ပေးသူက အောက်ပါအခြေအနေများတွင်           ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်-

                      (၁)   ခွင့်ပြုမိန့်အသီးသီးတွင် ဖော်ပြပါရှိသည့် စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း။

                      (၂)   အချိန်စေ့ရောက်သည့်နေ့တွင် ခွင့်ပြုမိန့်အတွက် သတ်မှတ်ကြေးပေးဆောင်ရန် ပျက်ကွက်ခြင်း။

                      (၃)   ခွင့်ပြုမိန့်ရရှိသူသည် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကိုဖြစ်စေ၊ အစီအစဉ်များ သို့မဟုတ် လက်စွဲများကိုဖြစ်စေ လိုက်နာဆောင်ရွက်ရန် ပျက် ကွက်ခြင်းကြောင့် ၎င်း၏ခွင့်ပြုမိန့်ပါ ဝန်ဆောင်မှုဆိုင်ရာတာဝန်များကို ဆောင် ရွက်                                    ရာတွင် တစ်ပါးသူအပေါ် ကြီးမားစွာထိခိုက်နစ်နာမှု ဖြစ်ပေါ်စေခြင်း။

                      (၄)   မိမိနှင့်သက်ဆိုင်သော ဥပဒေရေးရာနှင့်စည်းမျဉ်းစည်းကမ်းများ၊ စာချုပ်ပါ သတ်မှတ်ချက်များကို အလေးမထားခြင်း။

                      (၅)   ခွင့်ပြုမိန့်ကိုဖြစ်စေ၊ ခွင့်ပြုမိန့်ပါလုပ်ငန်းတစ်ခုလုံး သို့မဟုတ် တစ်စိတ် တစ်ဒေသကိုဖြစ်​စေ ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အငှားချထား ခြင်း၊ လဲလှ                                  ခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့်  လွှဲပြောင်းပေးခြင်း။

                      (၆)   ခွင့်ပြုမိန့်ပါကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း ပြုလုပ် ပြီးနောက် ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးအရအဖွဲ့ အစည်းများသည် ခွင့်ပြုမိန့်ပါ လုပ်ငန်းနှင့်သက်ဆိုင်သော ပစ္စည်းကိရိယာများ နှင့်                                           အဆောက်အအုံများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်စေရန် အောက် ဖော်ပြပါ လုပ်ဆောင်ချက်အားလုံးကိုဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ ဆောင်ရွက် နိုင်သည်-

                                      (၁)   ခွင့်ပြုမိန့်ရရှိသူကိုယ်စား စီမံအုပ်ချုပ်သူတစ်ဦးဦးကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ပစ္စည်းကိရိယာများနှင့် အဆောက်အအုံများကို လွှဲပြောင်း ရယူပြီးလုပ်ငန်းဆောင်ရွက်စေခြင်း။

                                      (၂)   ခွင့်ပြုမိန့်ရရှိသူနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူသည့် အခြားပုဂ္ဂိုလ်တစ်ဦးဦးအကြား ထပ်ဆင့်စာချုပ် တစ်ရပ်ချုပ်ဆိုစေ၍ အဆိုပါပုဂ္ဂိုလ်အား ခွင့်ပြုမိန့်ပါ ပစ္စည်းကိရိယာများ၊ အဆောက်အအုံများ နှင့် လုပ်ငန်းတာဝန်                                                   များကို ချက်ချင်းလွှဲပြောင်းရယူဆောင်ရွက်စေခြင်း။

       (ဂ)     ခွင့်ပြုမိန့်ပယ်ဖျက်ခြင်းခံရသူ၏ လျှပ်စစ်ဆိုင်ရာလုပ်ငန်း အဆောက်အအုံတွင် တပ်ဆင်ထားသည့် စက်ရုံ၊ စက်ယန္တရားများနှင့် အခြားပစ္စည်းကိရိယာများ အတွက် အဖိုးစားနားအပြည့်အဝပေးအပ်ပြီး သတ်မှတ်ထားသည့် စည်းကမ်း ချက်များနှင့်အညီ                        ခွင့်ပြုမိန့်ပါ တာဝန်ကိုဆက်ခံမည့်သူတစ်ဦးဦးက လွှဲပြောင်း ရယူခြင်း မပြုမီအချိန်ထိ နည်းဥပဒေခွဲ()ပါအတိုင်း ဆက်လက်ဆောင်ရွက် စေနိုင်သည်။

       (ဃ)    ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတော် လုံခြုံရေးအခြေအနေတစ်ရပ်ရပ်ကြောင့် ဆောင်ရွက်ဆဲ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းအားရပ်ဆိုင်းရန် ဆုံးဖြတ်ပါက ဝန်ကြီးဌာနသည် ခွင့်ပြုမိန့်ကို ရုပ်သိမ်း ပယ်ဖျက်ရမည်။     

မဟာဓာတ်အားလိုင်းစနစ်နှင့်ချိတ်ဆက်ဆောင်ရွက်ခြင်း

၈၁။    (က)    သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များမှ ထုတ်ပေးသော ခွင့်ပြုမိန့်ရရှိထားသူများသည် ခွင့်ပြုမိန့်ပါ နယ်နိမိတ်အတွင်းလျှပ်စစ်                            ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းဆောင်ရွက်ရန်အတွက် မဟာဓာတ်အားလိုင်းစနစ် နှင့်တိုက်ရိုက်ဖြစ်စေ၊   တစ်ဆင့်ခံဖြစ်စေ ချိတ်ဆက်လိုပါက ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ သဘောတူညီချက်   ရယူရမည်။                        (ခ)     သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ သဘောတူညီချက်ရရှိပါက မဟာဓာတ်အား လိုင်းစနစ်နှင့်တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေချိတ်ဆက်ရန်အတွက် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ခွင့်ပြုချက်ကိုရယူရမည်။

          (ဂ)     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစား ပြီးနောက် လျှပ်စစ်ဓာတ်အားချိတ်ဆက်ဆောင်ရွက်ခြင်းကို ခွင့်ပြုနိုင်သည်-

                     (၁)     မဟာဓာတ်အားလိုင်းစနစ်၏တည်ငြိမ်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု၊

                     (၂)     ဒေသခံပြည်သူတို့၏ လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်အပေါ် အကျိုး      သက်ရောက်နိုင်မှု၊

                     (၃)     သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ သက်ဆိုင်ရာ ကိုယ်ပိုင်    အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း လျှပ်စစ်          ဓာတ်အားကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်မှု၊

                     (၄)     အများပြည်သူအကျိုးစီးပွားအလို့ငှာ လိုအပ်သည်ဟု ထင်မြင်ယူဆသော     အခြားအ​ကြောင်းအချက်များ။

          (ဃ)    ထိုသို့ချိတ်ဆက်ရ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများအပါအဝင် သီးခြားလျှပ်စစ်ဓာတ်အားကွန်ရက်စနစ်ရှိပြီးဖြစ်ရမည်။

          (င)     မဟာဓာတ်အားလိုင်းစနစ်နှင့်တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ချိတ်ဆက်ဆောင် ရွက်ခွင့်ရရှိသူများသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဥပဒေနှင့်အညီ ထုတ်ပြန်သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်ရမည်။

ခွင့်ပြုမိန့်ထုတ်ပေးခြင်းဆိုင်ရာစည်းမျဉ်းများ

၈၂။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ ထုတ်ပေးခြင်း၊ ပြင်ဆင်တည်းဖြတ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် စည်းမျဉ်းများကို ချမှတ်ရမည်။ ယင်း စည်းမျဉ်းများတွင် ခွင့်ပြုမိန့်လျှောက်ထားရာတွင် ပါဝင်ရမည့် ပုံစံများ၊ အကြောင်းအရာများ၊ သတ်မှတ်ချက်များ၊ အထောက်အထားစာရွက်စာတမ်းများနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များစသည်တို့ ဖော်ပြပါရှိရမည်။

၈၃။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်မည့် ခွင့်ပြုမိန့်ထုတ်ပေးရေးဆိုင်ရာစည်းမျဉ်း များတွင်-

          (က)    လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်များ (Power Purchase Agreements)နှင့်စပ်လျဉ်း၍လည်းကောင်း၊ ယှဉ်ပြိုင်မှုရှိသော လျှပ်စစ်ဓာတ်အား ဝယ်ယူမှုအစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း သတ်မှတ်ချက်များကို ဖော်ပြ ရမည်။              (ခ)     လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်ပဋိညာဉ်စာချုပ်စံပြုပုံစံများကို သတ်မှတ်ပေးရမည်။

၈၄။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ခွင့်ပြုမိန့်ရရှိသူများ ဆောင်ရွက်နေသော လုပ်ငန်းများ တွင် နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ဆက်စပ်နေသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း ၍ လိုအပ်သည့် ခွင့်ပြုမိန့်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပေးနိုင် သည်။

အခန်း()

လျှပ်စစ်ဓာတ်အားခနှုန်းထား

လျှပ်စစ်ဓာတ်အားခနှုန်းထားများ အဆိုတင်သွင်းခြင်း

၈၅။    (က)    ခွင့်ပြုမိန့်ရရှိသူများသည် လျှပ်စစ်ဓာတ်အားခနှုန်းထားများအား  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ အဆိုပြုတင်သွင်းရမည်။

          (ခ)     အဆိုပါအဆိုပြုချက်တွင် သတ်မှတ်လိုသည့် လျှပ်စစ်ဓာတ်အားခနှုန်းထား၊ ပဋိညာဉ် စာချုပ်ပါ စာရင်းဇယားများနှင့် အခြားစာရွက်စာတမ်းများကို ရှင်းလင်းပီသသောပုံနှိပ်စာလုံးဖြင့် မူရင်းနှင့်မူပွားများ ပြုလုပ်တင်သွင်းရမည်။

          (ဂ)     အဆိုပြုစာရင်းဇယားတွင် ဈေးနှုန်း သို့မဟုတ် သုံးစွဲယူနစ်ကိုအခြေခံသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားကို ဖော်ပြရမည့်အပြင် လျှပ်စစ်ဓာတ်အားခနှုန်းထားတွင် ပါရှိသည့် အခြားအဖိုးအခများကို သုံးစွဲသူများ အလုံးစုံ                                                                      သဘောပေါက်နားလည်စေရန် အတွက် မီတာငှားရမ်းသုံးစွဲခ၊ တပ်ဆင်ခ၊ အခြေခံဝယ်ယူလိုသည့် ဓာတ်အားပမာဏ သတ်မှတ်ချက်၊ဈေးလျှော့ပေးခြင်းနှင့် အခြားအသေးစိတ်အချက်များကိုလည်း ဖော်ပြ ရမည်။

၈၆။    (က)    ခွင့်ပြုမိန့်ရရှိသူတိုင်းသည် ခွင့်ပြုမိန့်ပါ လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့်စပ်လျဉ်းသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သဘောတူထားသော လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ကော်မရှင်ရုံး၏ အများပြည်သူဆိုင်ရာမှတ်တမ်းခန်းတွင် ထားရှိ                                            နိုင်ရန်ကော်မရှင်ရုံးသို့ ပေးပို့ရမည်။

          (ခ)     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သဘောတူညီချက် မရရှိသေးသော သို့မဟုတ်အဆိုပြုတင်သွင်းထားခြင်းမရှိသေးသော လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့် စပ်လျဉ်း၍ အဆိုပြုတင်သွင်းရန် ခွင့်ပြုမိန့်ရရှိသူများကို ညွှန်ကြားရမည်။

လျှပ်စစ်ဓာတ်အားခနှုန်းထားသတ်မှတ်သည့်အခြေခံမူများ

၈၇။    လျှပ်စစ်ဓာတ်အားခနှုန်းထားများသည် အောက်ပါအချက်များအပေါ် အခြေခံရမည်-

          (က)    လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ လိုအပ်ချက်ကို အလေးထားဖြည့်ဆည်း ဆောင် ရွက်ခြင်းဖြင့် ခွင့်ပြုမိန့်ရရှိသူများက ကျခံထားရသောကုန်ကျစရိတ်အားလုံးကို ကာမိ စေခြင်း။

          (ခ)     လျှပ်စစ်ကဏ္ဍတွင် ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်ရရှိနှုန်းသည် ယင်းနှင့်အလားတူ စွန့်စားရင်းနှီးမြှုပ်နှံမှုများကဲ့သို့ အကျိုးဖြစ်ထွန်းစေခြင်း။

          (ဂ)     ရေတိုနှင့်ရေရှည်ကာလများအတွက် ကာမိစေသော အနီးစပ်ဆုံးခန့်မှန်းကုန်ကျစရိတ် (short run and long run marginal costs)၊မှန်ကန်တိကျသော ဈေးနှုန်းဆိုင်ရာ သတင်းအချက်အလက်များ၊ လျှပ်စစ်ဓာတ်အားလိုအပ်မှုနှင့် ဖြည့်ဆည်းပေးနိုင်မှု                          အခြေအနေများကို ပွင့်လင်းမြင်သာစွာ ဖော်ပြခြင်း။

          (ဃ)    သုံးစွဲသူအမျိုးအစားအသီးသီးထံ ပို့လွှတ်သော လျှပ်စစ်ဓာတ်အားအရည်အသွေးနှင့် အခြားလျှပ်စစ်ဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းတို့နှင့် ထိုက်တန်သည့် ဓာတ်အားခနှုန်းထားဖြစ်ခြင်း။

          (င)     ဝန်အားအသုံးအများဆုံးအချိန်၊ ပုံမှန်အသုံးပြုသည့် အချိန်စသည့် အချိန်အမျိုးမျိုး အလိုက်ဖြစ်စေ၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏအလိုက်ဖြစ်စေ ဝန်ဆောင်မှုပေး ခြင်း။

          (စ)     ပြည်ထောင်စုအစိုးရ၏ချမှတ်ထားသော မူဝါဒများနှင့်အညီ ကျေးလက်ဒေသ လျှပ်စစ် မီးရရှိရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အစိုးရက အထောက်အပံ့ပြုရန် လိုအပ်ခြင်း။

လျှပ်စစ်ဓာတ်အားခနှုန်းထားပြောင်းလဲရန်လျှောက်ထားခြင်း

၈၈။    (က)    ခွင့်ပြုမိန့်ရရှိသူများသည်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူခွင့်ပြုထားပြီးသော လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြင်ဆင်တည်းဖြတ်ရန် သို့မဟုတ် မွမ်းမံပြင်ဆင်ရန် လိုအပ်လာပါက ဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားနိုင်သည်။

          (ခ)     ပြင်ဆင်တည်းဖြတ်ရန် သို့မဟုတ် မွမ်းမံပြင်ဆင်ရန် တင်ပြလျှောက်ထားချက်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထား မွမ်းမံပြင်ဆင်ခြင်းကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူများအပေါ် သက်ရောက်မှုရှိနိုင်သည့် အကျိုးအပြစ် နှိုင်းယှဉ်ချက်များပါဝင်ရမည်။

အခန်း()

အခြားစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာတာဝန်များ

ဘဏ္ဍာငွေအစီအမံများ

၈၉။    ခွင့်ပြုမိန့်ရရှိသူအားလုံးသည် ၎င်းတို့၏ ဘဏ္ဍာငွေထောက်ပံ့ရေးအစီအမံများအား စီးပွားရေး အရ တွက်ခြေကိုက်ပြီး ကျိုးကြောင်းခိုင်လုံသော စည်းကမ်းသတ်မှတ်ချက်များဖြင့် သေချာစွာ ဆောင်ရွက်ထားရမည်။

လုပ်ငန်းပေါင်းစည်းခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ချဲ့ထွင်ခြင်း

၉၀။    ခွင့်ပြုမိန့်ရရှိသူများသည် မိတ်ဖက်ကုမ္ပဏီများနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်းအတွက် လည်းကောင်း၊ လုပ်ငန်းပေါင်းစည်းခြင်း သို့မဟုတ် အဓိကအဆော်အအုံများကို ရောင်းဝယ်ခြင်း အတွက်လည်းကောင်း၊ စီးပွား​ရေးလုပ်ငန်းများ ချဲ့ထွင်ခြင်းအတွက်လည်းကောင်း သက်ဆိုင်ရာ ခွင့်ပြုမိန့်ထုတ်ပေးသူထံ သဘောတူညီချက် တောင်းခံရမည်။

၉၁။    (က)    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားစနစ် တည်တံ့ခိုင်မြဲမှု၊ အားထားရမှု၊ လုံခြုံစိတ်ချရမှုနှင့် ထိရောက်အကျိုးရှိမှုတို့ရှိစေရန်အတွက် လျှပ်စစ် ဓာတ်အားစနစ်ထိန်းညှိကွပ်ကဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်ရမည်။                      လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖွဲ့စည်းထားသော လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနများနှင့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့်ရရှိသူများက ယင်းလုပ်ထုံးလုပ်နည်းများကိုတိကျစွာလိုက်နာရမည်။

          (ခ)     လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနများသည်လျှပ်စစ်ဓာတ်အားလိုအပ်မှုကို ထိရောက်အကျိုးရှိစွာဖြည့်ဆည်းပေးနိုင်ရန် မဟာဓာတ်အားလိုင်းစနစ်နှင့်ချိတ်ဆက်ထားသည့်  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆိုင်ရာ အဆောက်အအုံများ                                               အားလုံးမှ ထုတ်လုပ် သည့် လျှပ်စစ်ဓာတ်အားကို စီမံခန့်ခွဲရမည်။

          (ဂ)     လျှပ်စစ်ဓာတ်အားလက်လီရောင်းချသူသည် လျှပ်စစ်ဓာတ်အားလက်ကားရောင်းချသူ တစ်ဦးထက်ပိုသူထံမှ လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်သည့်အခါ လျှပ်စစ်ဓာတ်အား ကွပ်ကဲရေးဌာနများသည် အဆိုပါလက်ကားရောင်းချသူများ၏                                                  ဓာတ်အားထုတ်လုပ် ရေးအဆောက်အအုံများကို ခွဲခြားခြင်းမပြုဘဲတန်းတူရည်တူစနစ်ဖြင့် ကွပ်ကဲ(dispatch)​           ဆောင်ရွက်ပေးရမည်။

အခန်း()

အရည်အသွေးနှင့်စံချိန်စံညွှန်းသတ်မှတ်ချက်များ

၉၂။    (က)    စက်မှုဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ၏အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များကို သတ်မှတ်ထုတ်ပြန်ရမည်။

          (ခ)     နည်းဥပဒေခွဲ (က)အရ ဆောင်ရွက်ရာတွင် နည်းပညာနယ်ပယ်အသီးသီးအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရမည်။

အခန်း()

လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့်လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများစစ်ဆေးခြင်း

၉၃။   ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများစစ်ဆေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် စစ်ဆေးရေးမှူးချုပ်တစ်ဦးကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးရမည်။

၉၄။    စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဥပဒေပုဒ်မ ၃၂ နှင့် ၃၃ ပါပြဋ္ဌာန်းချက်များနှင့်အညီ အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်ရမည်-

         (က)    ခွင့်ပြုမိန့်ရရှိပြီးဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်း၊

         (ခ)     လျှပ်စစ်ဓာတ်အားအသုံးပြုသည့် ဓာတ်လှေကား၊ စက်လှေကား၊ လျှပ်စစ်ရထား၊ အထူးစီးပွားရေးဇုန်မှ စက်ရုံများ၊ အသေးစား၊ အလတ်စား၊ အကြီးစားစက်ရုံများ၊ အများပြည်သူသက်ဆိုင်စုဝေးရာ အဆောက်အဦများစသည်တို့ကို စစ်ဆေးပြီး                     လျှပ်စစ် အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ထုတ်ပေးခြင်း၊

         (ဂ)     လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးပြီး အရည်အသွေးစစ်ဆေးချက်လက်မှတ်ထုတ်ပေးခြင်း၊

         (ဃ)    လျှပ်စစ်ဥပဒေပုဒ်မ ၃၄ အရ တည်ထောင်ဖွင့်လှစ်ထားသည့် ဓာတ်ခွဲခန်းမှ သတ်မှတ်စံချိန်စံညွှန်းများဖြင့် စစ်ဆေးပြီး အတည်ပြုချက်ရသော ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့် လျှပ်စစ်ပစ္စည်းကိရိယာများကို အရည်အသွေးစစ်ဆေး                                   ချက်လက်မှတ် ထုတ်ပေးခြင်း၊

         (င)     လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းလုပ်ကိုင်ရန် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများ အား လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ထုတ်ပေးခြင်း၊

         (စ)     လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများအတွက် လုပ်ငန်း မှတ်ပုံတင်ခြင်းနှင့် သတ်မှတ်ချက်များနှင့်အညီထုတ်ပေးခြင်း၊

         (ဆ)    လျှပ်စစ်အန္တရာယ်ကြောင့် လူနှင့်တိရိစ္ဆာန်တို့ ထိခိုက်နာကျင်စေခြင်း၊ အသက်ဆုံးရှုံး ခြင်း၊ ပစ္စည်းဥစ္စာနှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးခြင်းအတွက် လုပ်ငန်းမှတ်ပုံ တင်ခြင်းနှင့် သတ်မှတ်ချက်များနှင့်အညီထုတ်ပေးခြင်း၊

         (ဇ)    လျှပ်စစ်အန္တရာယ်ကြောင့် လူနှင့်တိရိစ္ဆာန်တို့ ထိခိုက်နာကျင်စေခြင်း၊ အသက်ဆုံးရှုံး ခြင်း၊ ပစ္စည်းဥစ္စာနှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးခြင်း စသည့်အန္တရာယ် ဖြစ်ပေါ်မှုများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် လိုအပ်သောသက်သေများကို                     စစ်ဆေး၍ မည်သူ့တွင်တာဝန်ရှိကြောင်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ သဘော ထားမှတ်ချက်ပေးပို့ခြင်း။

၉၅။    လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့်ရရှိသူသည် မိမိ၏လုပ်ငန်းလည်ပတ်ခြင်းမပြုမီ လျှပ်စစ် အန္တရာယ်ကင်းရှင်းကြောင်းနှင့် လျှပ်စစ်ပစ္စည်းအရည်အသွေးတို့အတွက် စစ်ဆေးခြင်းခံရမည့်အပြင် လုပ်ငန်းဆောင်ရွက်လည်ပတ်နေသည့်ကာလအတွင်း နှစ်စဉ်စစ်ဆေးခြင်းခံရမည်။

၉၆။    စစ်ဆေးရေးမှူးချုပ်သည် အထက်နည်းဥပဒေ ၉၅ အရ စစ်ဆေးရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက လုပ်ငန်းများ ရပ်ဆိုင်းနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ခွင့်ပြုမိန့်ရရှိသူတို့ထံသို့ အကြောင်းကြားရမည်။

၉၇။    ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်အန္တရာယ်ဖြစ်ပွားခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးရေးမှူးချုပ်၏ သဘောထားမှတ်ချက်အပေါ်တွင် မည်သို့အရေးယူဆောင်ရွက်ထားကြောင်း စစ်ဆေးရေးမှူးထံသို့ အမြန်ဆုံးအကြောင်းပြန်ကြားရမည်။

၉၈။    စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဥပဒေပုဒ်မ ၃၄ နှင့်အညီ စက်မှုဝန်ကြီးဌာနက ဆောင်ရွက်ရမည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ တည်ထောင်ဖွင့်လှစ်နိုင်ရေးကိစ္စကို တာဝန်ယူ ဆောင်ရွက်ရမည်။

၉၉။    စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ပစ္စည်း ကိရိယာ များ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ရေးဆွဲ၍ စက်မှုဝန်ကြီးဌာနသို့ တင်ပြရမည်။

အခန်း()

စည်းကမ်းထိန်းသိမ်းရေး၊ ပြစ်ဒဏ်များနှင့် အရေးယူမှုများ

စုံစမ်းစစ်ဆေးမှုများ

၁၀၀။  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဥပဒေ၊ အမိန့်၊ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်တို့ကို ခွင့်ပြုမိန့်ရရှိသူတစ်ဦးဦးက ဖောက်ဖျက်ကြောင်း မိမိထံစာဖြင့် တိုင်ကြားလာခြင်းကြောင့်ဖြစ်စေ၊ မိမိကိုယ်တိုင်သံသယရှိခြင်းကြောင့်ဖြစ်စေ လိုအပ်သော စုံစမ်း စစ်ဆေးမှုများပြုလုပ်နိုင်ရန် သင့်လျော်သော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို တာဝန် ပေး နိုင်သည်။

စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ

၁၀၁။  (က)    ခွင့်ပြုမိန့်ရရှိသူတစ်ဦးဦးအား စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူခြင်းပြုရန် အကြောင်းပေါ်ပေါက်လာပါက အရေးယူခြင်းမပြုမီ ယင်းအရေးယူမှုသည် မည်သည့်အတွက်ကြောင့်လျော်ကန်မှုမရှိကြောင်းကို သတ်မှတ်ကာလအတွင်း ဖြေရှင်းချက်ပေး                 ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ခွင့်ပြုမိန့်ရရှိသူထံ စာဖြင့် အကြောင်းကြားရမည်။

          (ခ)     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ စည်းမျဉ်းများ ထုတ်ပြန်ရမည်။ ယင်းစည်းမျဉ်းများတွင် အောက်ပါအချက်များ ပါဝင်ရမည်-

                   (၁)     စည်းကမ်းဖောက်ဖျက်ခြင်းအတွက်ဖြေရှင်းချက်ပေးရန်အခွင့်အရေးပေးခြင်း၊

                    (၂)     ဖြေရှင်းချက်သည် ခိုင်လုံပြည့်စုံမှုမရှိပါက စည်းကမ်းဖောက်ဖျက်ခြင်းကို  ပြန်လည်ကုစားရန်အတွက် သင့်တော်သည့် အချိန်အတိုင်းအတာ တစ်ရပ်ပေးခြင်း၊

                    (၃)     သင့်တော်သည့် အချိန်အတိုင်းအတာအတွင်း ပြန်လည်ကုစားနိုင်ခြင်းမရှိပါက အရေးယူရမည့် လုပ်ထုံးလုပ်နည်းများနှင့်ချမှတ်နိုင်သည့်ဒဏ်ကြေးငွေပမာဏ။

အရေးယူမှုများ

၁၀၂။  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သတ်မှတ်စည်းကမ်းချက်တို့ကို ဖောက်ဖျက်ကြောင်း တွေ့ရှိရသည့် သက်ဆိုင်ရာခွင့်ပြုမိန့်ရရှိသူကို အောက်ပါအရေးယူမှုတစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ် ထက်ပို၍ဖြစ်စေ အရေးယူ ဆောင်ရွက်နိုင်သည်-

          (က)    စည်းကမ်းဖောက်ဖျက်မှု ထပ်မံကျူးလွန်ခြင်း မပြုနိုင်ရန်အတွက် ဘဏ္ဍာရေး အာမခံထားရှိရန် သတ်မှတ်ခြင်း၊

          (ခ)     ဘဏ္ဍာရေးဆိုင်ရာပြစ်ဒဏ်များချမှတ်ခြင်း၊

          (ဂ)     ခွင့်ပြုမိန့်ကိုရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း၊

          (ဃ)    တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်း သို့မဟုတ်တရားစွဲဆိုရန် လွှဲပြောင်းပေးခြင်း။

 

 

အခန်း(၁၀)

အထွေထွေ

လုံခြုံမှုအဆင့်အတန်းထားရှိမှု

၁၀၃။  စာရွက်စာတမ်းတွင်ပါရှိသော သတင်းအချက်အလက်အချို့ သို့မဟုတ် အားလုံးကို မဖြစ်မနေ ထုတ်ဖော်ပြသရန် သို့မဟုတ် ပြောဆိုရန် အခြေအနေတစ်ရပ် ဖြစ်ပေါ်သည့်အခါ ထိုကိစ္စရပ်များနှင့် ပတ်သက်သည့်ပုဂ္ဂိုလ်သည် အဆိုပါစာရွက်စာတမ်းတွင် ပါရှိသော သတင်းအချက်အလက်များမှာ လုံခြုံမှုအဆင့်အတန်း သတ်မှတ်ချက်အရ ထိုသို့ထုတ်ဖော်ပြောဆိုခြင်းမှ ကင်းလွတ်ခွင့်ပြုရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားနိုင်သည်။ ထိုသို့လျှောက်ထားရာတွင် လျှို့ဝှက် ထားရှိမှုအဖြစ် သတ်မှတ်ရန် မိမိလျှောက်ထားမှု အကျိုးအကြောင်းခိုင်လုံကြောင်း လုံလောက်သည့် အသေးစိတ် အထောက်အထားများကို လျှောက်ထားတင်သွင်းရမည်။ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနသည် လျှို့ဝှက်ထားရှိမှုအဖြစ် သတ်မှတ်ရန် မည်သည့်တောင်းဆိုမှုမျိုးကိုမဆို ဆုံးဖြတ် သတ်မှတ်ပိုင်ခွင့်ရှိသည်။

သတင်းအချက်အလက်များ

၁၀၄။  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဥပဒေနှင့် နည်းဥပဒေပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်ပါက လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့်ရရှိသူထံမှ မည်သည့်သတင်းအချက်အလက်ကိုမဆို တောင်းဆိုနိုင်သည်။ ယင်းသို့တောင်းဆိုခံရသည့်ပုဂ္ဂိုလ် သည် တောင်းဆိုလာသည့် အချက်အလက်များကို ပံ့ပိုးပေးရမည်ဖြစ်ပြီး ပျက်ကွက်ပါက အခါအား လျော်စွာ သတ်မှတ်သည့်ဒဏ်ငွေ သို့မဟုတ် အခြားပြစ်ဒဏ်များအတွက် တာဝန်ရှိစေရမည်။

 

 

 

                   

 

 

 

 

21-Dec-2017