MINISTRY OF ELECTRIC POWER

Breaking News :

Procurement Branch (head office)


ပစ္စည်းဖြည့်တင်းရေးဌာနခွဲ

        (က)    ရေအားလျှပ်စစ်ဦးစီးဌာနရှိ တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံကိန်းများအတွက် လိုအပ်သော စက်ယန္တရားများ၊ တည်ဆောက်ရေးပစ္စည်းများ၊ ယာဉ်များနှင့် ပတ်သက် ၍ ပစ္စည်းပိုင်ဆိုင်ရာ ရသုံးခန့်မှန်းခြေစာရင်းများပြုစုခြင်း၊ ရေးဆွဲခြင်း၊ စိစစ်ခြင်း၊                        သက်ဆိုင်ရာသို့ တင်ပြခြင်း၊

        (ခ )    စက်ယန္တရားများ၊ စက်ကိရိယာများ၊ လုပ်ငန်းအထောက်အကူပစ္စည်းများ၊ ဆက်သွယ် ရေးပစ္စည်းများအား မှတ်တမ်းများပြုစု၍ ထိန်းသိမ်းခြင်း၊ စီမံကိန်းများမှ လိုအပ်ချက်  များအား စိစစ်၍ ခွဲဝေသတ်မှတ်ခြင်း၊

        ( ဂ )   စီမံကိန်းများ ထိန်းသိမ်းရေးလုပ်ငန်းမျာအတွက် ဝယ်ယူဖြန့်ဖြူးရန်ရှိသော အဓိကပံ့ပိုး ပစ္စည်းများဖြစ်သည့် စက်သုံးဆီများ၊ ဘိလပ်မြေ၊ သံချောင်းနှင့် ယမ်းဘီလူးများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှစ်အလိုက်လိုအပ်ချက်များ ရေးဆွဲပြုစုခြင်း၊ အထက်ဌာန                    များ သို့တင်ပြခြင်း၊ သက်ဆိုင်ရာဌာနခွဲလုပ်ငန်းများသို့ အမှာစာများပေးပို့ခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဝယ်ယူရရှိသောပစ္စည်းများကို လုပ်ငန်းလိုအပ်ချက်အလိုက် ခွဲဝေပေး ခြင်း၊ လွှဲပြောင်းပေးခြင်း၊

        (ဃ)    ပြည်တွင်းမှ ဝယ်ယူရရှိနိုင်သောပံ့ပိုးပစ္စည်းများကိုစနစ်တကျအချိန်မီ ဝယ်ယူစုဆောင်း ခြင်း၊ စနစ်တကျသိုလှောင်ခြင်း၊ သက်ဆိုင်ရာလုပ်ငန်းဌာနစုများသို့ ခွဲဝေပေးခြင်း၊

        ( င )   တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံခြားငွေ (ချေးငွေ၊ ထောက်ပံ့ငွေ၊ နိုင်ငံခြား ငွေလွတ်) ဖြင့် ဝယ်ယူမည့် စက်ယန္တရားများ၊ စက်ကိရိယာတန်ဆာပလာများ၊ တည် ဆောက်ရေးသုံးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ စသည့်တို့အတွက် စာရင်းဇယားများ                   ပြုစုရေးဆွဲခြင်း၊ ၎င်းပစ္စည်းများ ဝယ်ယူခွင့်ရရှိရေးအတွက် စက်ပစ္စည်းစာရင်းအင်း နှင့် စစ်ဆေးရေးဦးစီးဌာန (ECC) သို့ တင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်း၊

        ( စ )   ဝယ်ယူရန်ခွင့်ပြုချက်ရရှိပြီးသော စက်ယန္တရားများ၊ စက်ကိရိယာတန်ဆာပလာများ၊ တည်ဆောက်ရေးပစ္စည်းများ၊ ယာဉ်များ၊  ရုံးသုံးပစ္စည်းများအတွက် ဝယ်ယူရေးအစီ အစဉ်များရေးဆွဲခြင်း၊ စက်မှုဆိုင်ရာ စံချိန်စံညွှန်းများရေးဆွဲခြင်း၊ အထက်အဆင့်                       ဆင့် သို့ အတည်ပြုချက်ရယူခြင်း၊ တင်ဒါဖိတ်ခေါ်ခြင်း၊ တင်ဒါပိတ်ခြင်း၊ တင်ဒါဖွင့်ခြင်း၊ စျေးနှုန်းနှင့် စံချိန်စံညွှန်းနှိုင်းယှဉ်ချက် ဇယားရေးဆွဲပြုစု၍ တင်ဒါရွေးချယ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့ တင်ပြခြင်း၊ အတည်ပြုဆုံးဖြတ်ချက်                       ရယူ၍ကုန်ဝယ်စာချုပ် ချုပ်ဆိုခြင်း၊ မှာကြားခြင်း၊

       (ဆ)    ကုန်ဝယ်စာချုပ် ချုပ်ဆိုပြီးသည့်လုပ်ငန်းများအတွက် အာမခံငွေများ လက်ခံခြင်း၊ နိုင်ငံခြားသုံးငွေလျှောက်ထားခြင်း၊ ငွေလွှဲစာတမ်း(LC)ဖွင့်လှစ်ခြင်း စသည့်ငွေစာရင်း နှင့်ပတ်သက်သည့် လုပ်ငန်းများကို စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ/ ငွေစာရင်းဌာနခွဲများ                         နှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊

        ( ဇ )   ဝယ်ယူရေးအစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်သော စံချိန်စံညွှန်း များ စာရွက်စာတမ်းများ တင်ဒါစာရွက်စာတမ်းများ၏ လုံခြုံမှုနှင့် သတင်းလုံခြုံမှု အတွက် စနစ်တကျထိန်းသိမ်းထားရှိခြင်း၊

        ( စျ )   နိုင်ငံခြားအတိုင်ပင်ခံများ ကန်ထရိုက်တာများနှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာ ပစ္စည်းများနှင့် ပတ်သက်၍ ဆောင်ရွက်ခြင်း၊

        (ည)    နိုင်ငံခြားသုံးငွေဖြင့် ဆိုင်းငံ့ကာလငွေပေးချေစနစ် (Deferred Payment) နှင့် မြန်မာ့ ကျပ်ငွေဖြင့် ပေးချေခြင်းစနစ်ဖြင့် ရောင်းချလိုသည့် ကုမ္ပဏီများ၏ တင်ပြချက်များ အား အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပြီး လမ်းညွှန်းချက်များအတိုင်း                            လိုအပ် သလိုဆက်လက်ဆောင်ရွက်ခြင်း၊

        ( ဋ )   စီမံကိန်းများအတွက် လိုအပ်သော ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းများ မှာကြားဝယ် ယူရေးတွင် ပစ္စည်းများ ရွှေ့ပြောင်းသယ်ယူရေးကိစ္စရပ်များ၊ ထားသိုရေးကိစ္စများ၊ လုံခြုံရေးကိစ္စရပ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ခွင့်ပြုချက်ရရှိရေး ညှိနှိုင်း                      ခြင်း၊ စီစဉ်ဆောင်ရွက်ခြင်း၊

        ( ဌ )   စတိုသိုလှောင်ရုံးများရှိ ပစ္စည်းများအား စနစ်တကျထားရှိခြင်း၊ ပုံမှန်စာရင်းဇယား များစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးစီမံချက်များချမှတ်၍အန္တရာယ်ကင်းရှင်းရေးလုပ်ငန်း များဆောင်ရွက်ခြင်း။

ဖွဲ့စည်းပုံ>>>