MINISTRY OF ELECTRIC POWER

Breaking News :

Thermal Power Department


အပူစွမ်းအင်သုံးစက်ရုံများဌာန၏ လုပ်ငန်းတာဝန်များ

၁။      ဓာတ်အားပေးစက်များ၏ နေ့စဉ်ဓာတ်အားထုတ်လုပ်မှုနှင့်ဓာတ်ငွေ့သုံးစွဲမှု၊ သုံးစွဲရန် လိုအပ် ချက်၊ စီမံကိန်းရည်မှန်းချက်များ ပြုစုစိစစ်တင်ပြခြင်း၊

၂။      ဓာတ်အားပေးစက်ရုံများအတွက် လိုအပ်သောဓာတ်ငွေ့၊ ဒီဇယ်ဆီ၊ ချောဆီ၊ ရေနှင့်ရေသန့် လုပ်ငန်းဆိုင်ရာပစ္စည်းများ ဖြည့်တင်းပေးနိုင်ရေး စီမံချက်ချဆောင်ရွက်နိုင်ရန် တင်ပြခြင်းနှင့်  လိုအပ်သောပစ္စည်းများ  အချိန်မီရရှိရေးအတွက်  ဘဏ္ဍာရေးဌာန၊  ပစ္စည်းစီမံရေးဌာနတို့နှင့် အမြဲမပြတ်ဆက်သွယ်ဆောင်ရွက်ခြင်း၊

၃။      ဓာတ်အားပေးစက်ရုံများ၏လုပ်ခ၊ လစာနှင့် သာမန်အသုံးစရိတ်များ အချိန်မီရရှိရေးနှင့် သုံးစွဲရန် ရည်ညွှန်းချက်တို့အား နှစ်အလိုက်ပြုစုတင်ပြရန်နှင့် ဓာတ်အားပေးစက်ရုံများမှ အသုံးပြုခဲ့သောဓာတ်ငွေ့ဖိုး၊ ရေဖိုးများ အချိန်မီပေးချေနိုင်ရေး စိစစ်တင်ပြခြင်း၊

၄။      ဓာတ်အားပေးစက်ရုံများအတွက် ဓာတ်ငွေ့လိုအပ်ချက်များ  ပြည့်မီစွာရရှိရေးအတွက်  မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အမြဲမပြတ်ဆက်သွယ်ဆောင်ရွက်၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊  စီမံခန့်ခွဲရေးကော်မတီနှင့် ဌာနကြီးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့   တင်ပြမည့်ကိစ္စများ ပြုစုတင်ပြခြင်း၊

၅။      ဓာတ်အားပေးစက်များ၏ ကြံ့ခိုင်ရေးနှင့်  ပြုပြင်ရန်လိုအပ်သော စက်အစိတ်အပိုင်းများအား အချိန်မီပြုပြင်နိုင်ရေးတွက် နေ့စဉ်စစ်ဆေးတင်ပြရန်နှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်း များဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်းနှင့်မှတ်တမ်းထားရှိခြင်းတို့အား စီမံချက်ချဆောင်ရွက်ခြင်း၊

၆။      ဓာတ်အားပေးစက်ရုံများရှိ Spare Parts များ၊ အခြားလက်ကျန်ပစ္စည်းများ စာရင်းပြုစု၍  လိုအပ်သည့်  နေရာများတွင်  အသုံးပြုနိုင်ရေး  စိစစ်တင်ပြခြင်း၊

၇။      ဓာတ်အားပေးစက်ရုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအတွက်လိုအပ်သော လုပ်ငန်းခန့်မှန်းခြေ စာရင်းများ  ပြုစုတင်ပြနိုင်ရေးနှင့် တင်ပြလာသော လုပ်ငန်းခန့်မှန်းခြေ စာရင်းများအား စိစစ်ခြင်း၊ စက်ပစ္စည်းများဝယ်ယူ စုဆောင်းထားရှိခြင်းလုပ်ငန်းနှင့် ကျွမ်းကျင်  ဝန်ထမ်း အင်အားစာရင်း စုစည်းခြင်းလုပ်ငန်းတို့ကို စီမံချက်ချ၍ စီစဉ်ဆောင်ရွက်နိုင်ရေးတင်ပြရန်၊

၈။      တည်ဆောက်ဆဲစီမံကိန်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်အား ညှိနှိုင်းရေးဆွဲ နိုင်ရေးနှင့် လုပ်ငန်းအခြေအနေအား အပတ်စဉ်တင်ပြနိုင်ရေး၊  အားသာချက်၊  အားနည်းချက် များနှင့်  သတ်မှတ်ရက်အတွင်း  အချိန်မီပြီးစီးနိုင်ရန်နှင့် စံချိန်စံညွှန်း  ကိုက်ညီရေးတို့ကို စိစစ် တင်ပြရန်၊

၉။      တည်ဆောက်ဆဲစီမံကိန်းများ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ် သော ဝန်ထမ်းအင်အား၊  ပစ္စည်းနှင့်ဘဏ္ဍာရေးဆိုင်ရာကိစ္စများ ကူညီပံ့ပိုးပေးနိုင်ရေး တင်ပြ ရန်နှင့်  စီမံကိန်းအကောင်အထည်ဖော်ဆောင်နိုင်ခွင့်  ရရှိရေးနှင့်လိုအပ်သည့်   စာချုပ်စာတမ်း များ ပြည့်စုံစွာချုပ်ဆိုနိုင်ရေး ကူညီပံ့ပိုးပေးရန်၊

၁၀။    ဦးဆောင်ညွှန်ကြားရေးမှူးထံမှ ညွှန်ကြားမှုခံယူခြင်း၊ ညွှန်ကြားချက်နှင့်အညီ အကောင် အထည်ဖော်ခြင်း၊ တာဝန်ခံခြင်း၊

ဖွဲ့စည်းပုံ>>>