MINISTRY OF ELECTRIC POWER

Breaking News :

Organization/Responsibilities


မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း

ဦးဆောင်ညွှန်ကြားရေးမှူး (ရုံးအဖွဲ့) လုပ်ငန်းတာဝန်များ

၁။      ညွှန်ကြားရေးမှူးဌာနအသီးသီးက တိုက်ရိုက်တင်ပြလာသည့် ရေနံထွက်ပစ္စည်းဖြည့်ဖြူး ရေးနှင့် ရောင်းချရေးကိစ္စရပ်များ၊ လုပ်ငန်းတစ်ခုလုံး၏ စီမံရေးကိစ္စရပ်များဆောင် ရွက်ခြင်း၊

၂။      ငွေရေးကြေးရေးကိစ္စရပ်များ၊ ဘတ်ဂျက်နှင့် အသုံးစရိတ်ရေးဆွဲရေးကိစ္စရပ်များ၊ ရေနံထွက် ပစ္စည်းဖြန့်ဖြူးရောင်းချမှု အလျော့တွက်ကျဆင်းရေးကိစ္စရပ်များ၊ စာရင်းဇယားရေးဆွဲပြုစုရေး ကိစ္စရပ်များဆောင်ရွက်ခြင်း၊

၃။      ဝန်ထမ်းရေးရာကိစ္စရပ်များကို စိစစ်၍ လိုအပ်သည်များကို ညွှန်ကြားခြင်း၊ ဆောင်ရွက်ရမည့် အမိန့်ချမှတ်ခြင်း၊

၄။      ရုံးချုပ်စီမံခန့်ခွဲရေးကော်မတီနှင့် ဆုံးဖြတ်ရန်ရှိသည်များကို အစည်းအဝေးဖြင့် ဆုံးဖြတ်ချက် ရယူခြင်း၊ ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန် လိုအပ်သည်များကို တင်ပြရန်ညွှန်ကြားခြင်း၊

၅။      အခြားလုပ်ငန်းဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရခြင်း၊

၆။      လုပ်ငန်းလက်အောက်ရှိ ပင်မဌာန၊ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ၊ ဌာနစိတ်၊ စခန်းများ၊ လေယာဉ်ဆီဌာနခွဲ၊ ဌာနစိတ်၊ စခန်းများနှင့် စက်သုံးဆီအရောင်းဆိုင်များ၏ ငွေရေးကြေးရေး၊ ဖြန့်ဖြူးရေး၊ ရောင်းချရေး၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ စစ်ဆေးခြင်း၊

၇။      လုံခြုံရေး၊ မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးများကို အခါအားလျော်စွာ ညွှန်ကြားချက်များ ထုတ်ပြန်၍ ကြပ်မတ်စစ်ဆေးခြင်း၊ စီမံချက်များပြုစုတင်ပြခြင်း။ 


စီမံရေးဌာနလုပ်ငန်းတာဝန်များ

၁။      ရင်းနှီးမြုပ်နှံမှုအစီအစဉ်များကို ရေးဆွဲခြင်းနှင့် အတည်ပြုထားသည့်အတိုင်း အကောင် အထည်ဖော်ခြင်း။

၂။      ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း။

၃။      လုပ်ငန်းခွင်လေ့ကျင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း။

၄။      ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုငွေအောက်မှ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စက်ကိရိယာ ပစ္စည်းတန်ဆာပလာများ တပ်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်း။

၅။      Technical Specification များသတ်မှတ်ခြင်းနှင့် စိစစ်ဆောင်ရွက်ခြင်း။

၆။      သာမန်အသုံးစရိတ်ခွင့်ပြုငွေအောက်မှ အဆောက်အုံနှင့်အခြားပုံသေပိုင်ပစ္စည်းများ ပြင်ဆင် ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်ခြင်း။

၇။      ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့်လိုအပ်သောရေနံထွက်ပစ္စည်းများ၊ စက်နှင့်စက်အရန်ပစ္စည်းများ ဝယ်ယူခြင်း။

၈။      ဝယ်ယူထားသော စတိုပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများအား စနစ်တကျလက်ခံခြင်း၊ ထိန်းသိမ်းခြင်းနှင့် ထုတ်ပေးခြင်းများအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း။

၉။      အသုံးမလို ပိုလျှံသည့်ပစ္စည်းဟောင်းများအား ထုခွဲရောင်းချရန်ဆောင်ရွက်ခြင်း။

၁၀။    ဤလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ဌာနအသီးသီးမှ စက်သုံးဆီ သိုလှောင်ကန်များ၏ ဆီသိုလှောင်ခွင့် လိုင်စင်ကိစ္စများဆောင်ရွက်ခြင်း။

၁၁။    စက်မှုမှတ်တမ်းကိစ္စရပ်များ ဆောင်ရွက်ခြင်း။

၁၁။    မြေယာကိစ္စများနှင့် ‌မြေဂရန်ရရှိရေးကိစ္စများဆောင်ရွက်ခြင်း။

၁၂။    လုပ်ငန်းသုံးစက်သုံးဆီများ ဝန်ကြီးဌာနခွင့်ပြုချက်ထက်ကျော်လွန်မှုမရှိစေရေး စိစစ်ဆောင်ရွက် ခြင်း။

၁၃      ဝန်ထမ်းကြိုပို့နှင့် လုပ်ငန်းသုံးမော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခြင်း။ 


ဘဏ္ဍာရေးဌာနလုပ်ငန်းတာဝန်များ

၁။      ဘဏ္ဍာရေးဌာနအနေဖြင့် ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် ရောင်းရငွေများကို တစ်နိုင်ငံလုံးတွင် ဘဏ်စာရင်းများဖြင့် စုဆောင်းခြင်း။

၂။      ရေနံထွက်ပစ္စည်းများစာရင်းထားရာဒေသများရှိ ရေနံထွက်ပစ္စည်းများအတွက် စာရင်းများ ထား ရှိခြင်း၊ ညှိနှိုင်းစစ်ဆေးခြင်း၊ လမ်းခုလပ်ပစ္စည်းများကို စာရင်းညှိနှိုင်းခြင်း။

၃။      ငွေကြေးနှင့်ပတ်သက်၍ ဘဏ်စာရင်းများကို စာရင်းညှိနှိုင်းမှုများပြုလုပ်ခြင်း၊ နယ်ဘဏ် များမှ ရုံးချုပ်ဘဏ်စာရင်းသို့ လစဉ်လွှဲပို့သောငွေစာရင်းများ ပြည့်ပြည့်စုံစုံရောက်/မရောက် စိစစ်ခြင်း၊ အစိုးရအဖွဲ့အစည်းများ အခြားဌာနဆိုင်ရာများ သံရုံးနှင့်ကုလသမဂ္

အဖွဲ့အစည်း များသို့ လက်ငင်းစနစ်ဖြင့် ရောင်းချပေးထားခြင်းနှင့် ကြိုတင်ပေးသွင်းငွေများ လက်ခံ၍ ရောင်းချပေးထားခြင်းများအတွက် စာရင်းများထားရှိ၍ ရှင်းလင်းဆောင်ရွက်ခြင်း။

၄။      ရေနံထွက်ပစ္စည်းများကို ပြည်တွင်းနှင့်ပြည်ပတို့မှဝယ်ယူခြင်း၊ တန်ဖိုးသင့်ခြင်း၊ ဖြန့်ဖြူး ရောင်းချရာတွင် ကုန်ကျသည့်စရိတ်များပေးချေရန်အတွက် ငွေပေးဒေသများမှ အသုံးစရိတ် စာရင်းများကိုစိစစ်ပြုစုခြင်း၊ ဝန်ထမ်းများ၏လစာနှင့်စရိတ်၊ ပင်စင်ကိစ္စများအတွက် လုပ်ကိုင်ဆောင်ရွက်ပေးခြင်း၊ သာမန်ရသုံးခန့်မှန်းခြေစာရင်းများ ရေးဆွဲပြုစုတင်ပြခြင်းနှင့် သာမန်ရသုံးခန့်မှန်းခြေစာရင်းများ ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း၊ နှစ်ချုပ်စာရင်းများ ရေးဆွဲခြင်း။

၅။      အထက်ဖေါ်ပြပါကိစ္စရပ်များဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဌာန၌ ဌာနစိတ်များအလိုက် အောက်အဆင့်မှ စတင်ဆောင်ရွက်သောကိစ္စရပ်များ၊ စာရင်းဇယားများကို တာဝန်ရှိသူ အရာထမ်းအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ဆောင်ရွက်ခြင်း။


အထွေထွေစီမံခန့်ခွဲရေးဌာနလုပ်ငန်းတာဝန်များ

၁။      ဝန်ထမ်းအင်အားရေးဆွဲပြုစုခြင်း။

၂။      ဝန်ထမ်းသစ်များရွေးချယ်ဖြည့်တင်း/ခန့်အပ်ခြင်း။

၃။      လုပ်ငန်းဖွဲ့စည်းပုံပြုစုခြင်း။

၄။      ဝန်ထမ်းများရာထူးတိုးမြှင့်/ဌာနပြောင်းရွှေ့/ပင်စင်အကျိုးခံစားခွင့်များကိုဆောင်ရွက်ခြင်း။

၅။      နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအရ ဝန်ထမ်းများအားအပြစ်ပေး/အရေးယူခြင်း၊စည်းကမ်းထိန်းသိမ်းခြင်း။

၆။      ဝန်ထမ်းရေးရာကိစ္စများကို စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးသို့ တင်ပြဆောင်ရွက်ခြင်း။

၇။      ဝန်ထမ်းများ၏သာရေး၊နာရေး၊ သက်သာချောင်ချိရေးကိစ္စများဆောင်ရွက်ခြင်း။

၈။      ပြည်တွင်း/ပြည်ပသင်တန်းများ/ဌာနတွင်းသင်တန်းများကိစ္စများဆောင်ရွက်ခြင်း။

၉။      ဝန်ထမ်းများ၏ခွင့်မှတ်တမ်းများနှင့် ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းများပြုစုထိန်းသိမ်းခြင်း။

၁၀။    ရုံးချုပ်ဝန်ထမ်းများ၏လုပ်ခ/လစာ/စရိတ်ကိစ္စဆောင်ရွက်ခြင်း။

၁၁။    နိုင်ငံတော်မှဝန်ထမ်းများအတွက် ချီးမြှင့်သောဘွဲ့ထူး၊ဂုဏ်ထူးများကိစ္စဆောင်ရွက်ခြင်း။

၁၂။    လုံခြုံရေး၊မီးဘေးညွှန်ကြားချက်များအခါအားလျော်စွာထုတ်ပြန်ခြင်း။

၁၃။    ရုံးစာဝင်/စာထွက်များလက်ခံဆောင်ရွက်ရန်အတွက် ဗဟိုစာဝင်/စာထွက်ဌာန ထားရှိ ဆောင်ရွက်ခြင်း။

၁၄။    လူမှုဖူလုံရေးကိစ္စဆောင်ရွက်ခြင်းနှင် အထွေထွေကိစ္စရပ်များဆောင်ရွက်ခြင်း။


ဖြန့်ဖြူးရောင်းချရေးဌာနလုပ်ငန်းတာဝန်များ

၁။      ရေနံထွက်ပစ္စည်းများကို လိုအပ်သောဒေသသို့ လိုအပ်သောအချိန်၊ လိုအပ်သည့်ပမာဏ ရောက်ရှိရေးအတွက် စီမံဆောင်ရွက်ခြင်း။

၂။      ရေနံထွက်ပစ္စည်းများလက်ခံခြင်း၊ သိုလှောင်ခြင်း၊ ထုတ်ပေးရောင်းချခြင်းတို့နှင့်ပတ်သက်၍ သိုလှောင်ဖြန့်ဖြူးရေးဌာနများသို့ ညွှန်ကြားခြင်း၊လိုအပ်သည့်စီမံချက်များချမှတ်၍ ကြီးကြပ် ကွတ်ကဲဆောင်ရွက်ခြင်း။

၃။      ရေနံထွက်ပစ္စည်းများလက်ခံ/ သိုလှောင်/ ဖြန့်ဖြူးမှု ကုန်ကျစရိတ်များ ထိန်းသိမ်းခြင်း၊ ကွပ်ကဲခြင်း။

၄။      စက်သုံးဆီအရောင်းဆိုင်များ လုပ်ငန်းဆောင်ရွက်မှု၊ တိုးတက်မှုရှိစေရန် တိုင်းရောင်းဝယ်ရေး အရာရှိများနှင့် လစဉ်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း။

၅။      အရောင်းဈေးနှုန်းများ ပြင်ဆင်ရေးကိစ္စ၊ တစ်ပြည်လုံးအတိုင်းအတာအရ လိုအပ်သော ရေနံထွက် စ္စည်းများ တင်ဒါခေါ်ယူရေးကိစ္စဆောင်ရွက်ခြင်း။

၆။      တပြည်လုံးအရောင်းဆိုင်များအား တိုင်းရောင်းဝယ်ရေးအရာရှိများနှင့် ဆိုင်စစ်ဆေးရေးမှူး တို့မှတစ်ဆင့် ကြီးကြပ်ကွပ်ကဲစေ၍ ရေနံထွက်ကုန်ပစ္စည်းများ သိုလှောင်/သယ်ယူ/ဖလှယ်ရာတွင် လျော့နည်းဆုံးရှုံးမှုနည်းပါး စေရေးကြီးကြပ်ဆောင်ရွက်ခြင်း။

၇။      ဌာနခွဲများနှင့်အရောင်းဆိုင်များ၏ အသေးသုံးကိစ္စ၊ အသုံးစရိတ်ခွင့်ပြုငွေကိစ္စ၊ ခန့်မှန်းခြေ ဘတ်ဂျက်ငွေစာရင်း ရေးဆွဲတင်ပြစေခြင်းကိစ္စ၊ ရေနံကုန်ပစ္စည်းငွေတောင်းခံလွှာများ စိစစ်ပေးချေရေးကိစ္စတို့တွင် ညွှန်ကြားဆောင်ရွက်ခြင်း။

၈။      ဌာနခွဲ/ဌာနစိတ်/အရောင်းဆိုင်များအတွက် လစဉ်၊ အပတ်စဉ်၊ နှစ်စဉ် မြေခွန်၊ မြေဂရန်လိုင်စင် များပေးချေရေးကိစ္စ စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း။

၉။      စက်သုံးဆီအရောင်းဆိုင်ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်၊ သိုလှောင်ကန်စခန်းဖြန့်ဖြူး ရောင်းချ ရေး လိုင်စင်နှင့် လေယာဉ်ဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်၊ ရေယာဉ်များအားစက်သုံး ဆီတိုက်ရိုက် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များအား သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/ မရှိစိစစ်ခွင့်ပြုပေးခြင်း။

၁၀။    စက်ဆီ၊ ချောဆီ Brand Name အသစ်များတင်သွင်းလာပါက သတ်မှတ်ထားသည့် အရည်အသွေး များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ထောက်ခံပေးခြင်း။