The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

Planning Department


စီမံရေးဌာနလုပ်ငန်းတာဝန်များ

၁။      ရင်းနှီးမြုပ်နှံမှုအစီအစဉ်များကို ရေးဆွဲခြင်းနှင့် အတည်ပြုထားသည့်အတိုင်း အကောင် အထည်ဖော်ခြင်း။

၂။      ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း။

၃။      လုပ်ငန်းခွင်လေ့ကျင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း။

၄။      ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုငွေအောက်မှ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စက်ကိရိယာ ပစ္စည်းတန်ဆာပလာများ တပ်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်း။

၅။      Technical Specification များသတ်မှတ်ခြင်းနှင့် စိစစ်ဆောင်ရွက်ခြင်း။

၆။      သာမန်အသုံးစရိတ်ခွင့်ပြုငွေအောက်မှ အဆောက်အုံနှင့်အခြားပုံသေပိုင်ပစ္စည်းများ ပြင်ဆင် ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်ခြင်း။

၇။      ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့်လိုအပ်သောရေနံထွက်ပစ္စည်းများ၊ စက်နှင့်စက်အရန်ပစ္စည်းများ ဝယ်ယူခြင်း။

၈။      ဝယ်ယူထားသော စတိုပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများအား စနစ်တကျလက်ခံခြင်း၊ ထိန်းသိမ်းခြင်းနှင့် ထုတ်ပေးခြင်းများအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း။

၉။      အသုံးမလို ပိုလျှံသည့်ပစ္စည်းဟောင်းများအား ထုခွဲရောင်းချရန်ဆောင်ရွက်ခြင်း။

၁၀။    ဤလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ဌာနအသီးသီးမှ စက်သုံးဆီ သိုလှောင်ကန်များ၏ ဆီသိုလှောင်ခွင့် လိုင်စင်ကိစ္စများဆောင်ရွက်ခြင်း။

၁၁။    စက်မှုမှတ်တမ်းကိစ္စရပ်များ ဆောင်ရွက်ခြင်း။

၁၁။    မြေယာကိစ္စများနှင့် ‌မြေဂရန်ရရှိရေးကိစ္စများဆောင်ရွက်ခြင်း။

၁၂။    လုပ်ငန်းသုံးစက်သုံးဆီများ ဝန်ကြီးဌာနခွင့်ပြုချက်ထက်ကျော်လွန်မှုမရှိစေရေး စိစစ်ဆောင်ရွက် ခြင်း။

၁၃      ဝန်ထမ်းကြိုပို့နှင့် လုပ်ငန်းသုံးမော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခြင်း။    

ဖွဲ့စည်းပုံ>>>