The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

Finance Department


ဘဏ္ဍာရေးဌာနလုပ်ငန်းတာဝန်များ

၁။      ဘဏ္ဍာရေးဌာနအနေဖြင့် ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် ရောင်းရငွေများကို တစ်နိုင်ငံလုံးတွင် ဘဏ်စာရင်းများဖြင့် စုဆောင်းခြင်း။

၂။      ရေနံထွက်ပစ္စည်းများစာရင်းထားရာဒေသများရှိ ရေနံထွက်ပစ္စည်းများအတွက် စာရင်းများ ထား ရှိခြင်း၊ ညှိနှိုင်းစစ်ဆေးခြင်း၊ လမ်းခုလပ်ပစ္စည်းများကို စာရင်းညှိနှိုင်းခြင်း။

၃။      ငွေကြေးနှင့်ပတ်သက်၍ ဘဏ်စာရင်းများကို စာရင်းညှိနှိုင်းမှုများပြုလုပ်ခြင်း၊ နယ်ဘဏ် များမှ ရုံးချုပ်ဘဏ်စာရင်းသို့ လစဉ်လွှဲပို့သောငွေစာရင်းများ ပြည့်ပြည့်စုံစုံရောက်/မရောက် စိစစ်ခြင်း၊ အစိုးရအဖွဲ့အစည်းများ အခြားဌာနဆိုင်ရာများ သံရုံးနှင့်ကုလသမဂ္

အဖွဲ့အစည်း များသို့ လက်ငင်းစနစ်ဖြင့် ရောင်းချပေးထားခြင်းနှင့် ကြိုတင်ပေးသွင်းငွေများ လက်ခံ၍ ရောင်းချပေးထားခြင်းများအတွက် စာရင်းများထားရှိ၍ ရှင်းလင်းဆောင်ရွက်ခြင်း။

၄။      ရေနံထွက်ပစ္စည်းများကို ပြည်တွင်းနှင့်ပြည်ပတို့မှဝယ်ယူခြင်း၊ တန်ဖိုးသင့်ခြင်း၊ ဖြန့်ဖြူး ရောင်းချရာတွင် ကုန်ကျသည့်စရိတ်များပေးချေရန်အတွက် ငွေပေးဒေသများမှ အသုံးစရိတ် စာရင်းများကိုစိစစ်ပြုစုခြင်း၊ ဝန်ထမ်းများ၏လစာနှင့်စရိတ်၊ ပင်စင်ကိစ္စများအတွက် လုပ်ကိုင်ဆောင်ရွက်ပေးခြင်း၊ သာမန်ရသုံးခန့်မှန်းခြေစာရင်းများ ရေးဆွဲပြုစုတင်ပြခြင်းနှင့် သာမန်ရသုံးခန့်မှန်းခြေစာရင်းများ ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း၊ နှစ်ချုပ်စာရင်းများ ရေးဆွဲခြင်း။

၅။      အထက်ဖေါ်ပြပါကိစ္စရပ်များဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဌာန၌ ဌာနစိတ်များအလိုက် အောက်အဆင့်မှ စတင်ဆောင်ရွက်သောကိစ္စရပ်များ၊ စာရင်းဇယားများကို တာဝန်ရှိသူ အရာထမ်းအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ဆောင်ရွက်ခြင်း။

ဖွဲ့စည်းပုံ>>>