The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ခြင်း (၅/၂၀၁၈)

           

          သတင်းထုတ်ပြန်ခြင်း (၅/၂၀၁၈) အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ အင်အားတိုးမြှင့်ခြင်းနှင့် ဓာတ်အားလိုင်းအသစ်များ တည်ဆောက်နေမှု၊ အလင်းရောင် စီမံချက် One Stop Service (OSS) စနစ်ဖြင့် အိမ်သုံးမီတာများကို နေ့ချင်းပြီး တပ်ဆင်ပေးနေမှု၊ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွင်း လျှပ်စစ်ဓာတ်အားပြတ် တောက်မှုများနှင့်ပတ်သက်၍ ကြိုးပမ်းဖြေရှင်း ဆောင်ရွက်နေမှုများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှု၊ စစ်တောင်းမြစ်ဖြတ် ၂၀ လက်မ ပိုက်လိုင်း HDD (Horizontal Directional Drilling) တူးဖောက်ဆက်သွယ်မှု၊ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းမှ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနေမှု၊ ရေနံဓာတ်ငွေ့ရည် လုပ်ငန်းလိုင်စင်များ ထုတ်ပေးနေမှု၊ ရေနံဓာတ်ငွေ့ရည်ကို CSR လုပ်ငန်းများ အတွက်ဖြန့်ဖြူးမှု၊ ယူရီးယားဓာတ်မြေသြဇာစက်ရုံများ ကုန်ထုတ်လုပ်မှုတိုးတက်စေရန် ဆောင်ရွက်နေမှု၊ ပြည်တွင်း စက်သုံးဆီဈေးနှုန်း ကြီးမြင့်နေခြင်းအား လျော့ချနိုင်ရေးအတွက် ဓာတ်ဆီ ဂါလန် ၃ သန်း ဖြန့်ဖြူးပေးခဲ့မှုနှင့် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် များတွင် သတ်မှတ်အခြင်အတွယ်ပြည့်မီမှုမရှိဟု သံသယရှိပါက ဝယ်ယူသုံးစွဲသူ ပြည်သူလူထုအနေဖြင့် ဆိုင်ရှိစံခွက်ဖြင့် အချိန်မရွေးစစ်ဆေးနိုင်ပြီး အခြင်အတွယ်မပြည့်ဝကြောင်းတိုင်ကြားပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိမှု စသည့် အခြေအနေများနှင့်စပ်လျဉ်း၍ သတင်း ထုတ်ပြန် ခဲ့ပါသည်။

           အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ပါသည်။

11-Jun-2018