The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက် (၆/၂၀၁၈)

 

(၂၀၁၈ ခုနှစ်၊  ဇူလိုင်လ  ၁၂  ရက်)

သတင်းထုတ်ပြန်ခြင်း(၆/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ကုန်းပိုင်းနှင့်ကမ်းလွန် လစ်လပ်လုပ်ကွက်များတွင်   ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများကို နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံပူးပေါင်းပါဝင်ဆောင်ရွက်ရန်အတွက်စိတ်ဝင်စားသည့်   မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများအား မှတ်ပုံတင်နိုင်ရန် အသိပေးကြေညာခြင်း၊ ၆၆ကေဗွီ ကျောက်ဖြူ-မဒဲ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ မဒဲကျွန်းသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားမှုအခြေအနေ၊ ၆၆ကေဗွီ မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်းနှင့် ဖားကန့်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီး၍ ဖားကန့်မြို့သို့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးနိုင်မည့် အခြေအနေ၊ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ၏ကမ္ဘာဘဏ်စံချိန်စံညွှန်းများနှင့်အညီ မောင်းနှင်လျက်ရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်များ ဖန်တီးပေးမှုအခြေအနေ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး သတိပြုလိုက်နာရမည့် အချက်များကို ပြည်သူသို့အသိပညာပေးရန် ဆောင်ရွက်ထားမှုအခြေအနေ၊ ၂၃၀ ကေဗွီ ကျိုက်လတ်ဓာတ်အားခွဲရုံမှ တဆင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်ဒေသ တဝိုက်သို့ ဗို့အားများပြည့်ဝစွာဖြင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်ဆောင်ရွက်မှုအခြေအနေ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ အဝီစိတွင်း တူးဖော်ရာမှ ဓါတ်ငွေ့ထွက်ပေါ်မှုအား လေ့လာဆောင်ရွက်ခဲ့မှုအခြေအနေ ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှုများ လျော့ကျ စေရန် ကြိုးပမ်းဖြေရှင်းဆောင်ရွက်နေမှုအခြေအနေ၊ မန္တလေးခရိုင်အတွင်း ဝန်အားနိုင်နင်းစွာဖြင့် ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန် ၁၃၂ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံကို အဆင့်မြှင့်တင် တည်ဆောက်ပေးခဲ့မှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ ကြပါသည်။

12-Jul-2018