The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အောက်တိုဘာလအတွင်း ပြည်တွင်းထုတ်ဓာတ်ဆီများကို MPTA သို့ ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်

              မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) မှ ထွက်ရှိသော ဓာတ်ဆီများကို မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) မှ တဆင့် စက်သုံးဆီ အရောင်း ဆိုင်များသို့ ၂၀၁၈ ခုနှစ်၊ ဧပြီလမှစ၍ ယနေ့အချိန်ထိ တစ်ကြိမ်လျှင် ဓာတ်ဆီဂါလန် ၃,၀၀၀,၀၀၀ (ဂါလန် သုံးသန်း) ခန့်ဖြင့် (၄) ကြိမ်၊ ဓာတ်ဆီ (စုစုပေါင်း ဂါလန် ၁၂ သန်း) ဖြန့်ဖြူးရောင်းချခဲ့ပြီး ဖြစ်ပါသည်။

             ထိုသို့ ရောင်းချခြင်းအားဖြင့် ဈေးကွက်အတွင်းတွင် ပြည်တွင်းသုံးဓာတ်ဆီ ဈေးနှုန်းကို အထိုက်အလျောက် လျော့ကျစေခဲ့ပါသည်။ ယခုအခါ ပဉ္စမအကြိမ်အဖြစ် ဓာတ်ဆီဂါလန် ၂,၀၀၀,၀၀၀ (ဂါလန် နှစ်သန်း) အား တစ်ဂါလန်လျှင် (၃,၈၀၀) ကျပ်နှုန်းဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှတဆင့် အောက်တိုဘာလအတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ် ပါသည်။

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
28-Sep-2018