The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်မီးလေးလင်းချင်တယ် အပိုင်း(၁)

          ယနေ့နှစ်ဆယ်တစ်ရာစုတွင် သိပ္ပံနည်းပညာများ တစ်ဟုန်ထိုးတိုးတက်လာခဲ့ရာ ထိုနည်းပညာ ရပ်များဖြင့် ထုတ်လုပ်ထားသောပစ္စည်းများကို ဝယ်ယူသုံးစွဲနေကြသည့် လူသားများသည် နိုင်ငံပေါင်းစုံ ကုမ္ပဏီ ပေါင်းစုံက ထုတ်လုပ်သော ပစ္စည်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူသုံးစွဲကြရာတွင် လည်းကောင်း၊ သိပ္ပံပညာရှင်များအနေဖြင့် အဆိုပါပစ္စည်းများ ထုတ်လုပ်၍ စမ်းသပ်တီထွင်ရာတွင်လည်းကောင်း၊ စက်ရုံ အလုပ်ရုံများမှ အဆိုပါပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ စစ်ရေးစစ်ရာကိစ္စလက်နက်ဆန်းများ အဆင့်ဆင့်တီထွင် ထုတ်လုပ်ခြင်း၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် စစ်ရေးအနေဖြင့်လည်းကောင်း၊ ကမ္ဘာ့မိုးလေဝသ အခြေအနေများကို သိရှိလေ့လာနိုင်ရန် အာကာသပေါ်သို့ ဒုံးပျံဂြိုလ်တု၊ အာကာသစခန်း ယာဉ်စသည်များ လွှတ်တင်နိုင်ရေးအတွက် အဆိုပါယာဉ်အမျိုးမျိုးကို တီထွင်ထုတ်လုပ်ရာတွင်လည်းကောင်း၊ လူတို့တွင်ဖြစ်ပွားသော ရောဂါများကို ကာကွယ်ကုသသောဆေးဝါးများ စမ်းသပ်ဖော်ထုတ်ရာတွင် လည်းကောင်း ရောဂါလက္ခဏာများ စမ်းသပ်စစ်ဆေးသည့် စက်ပစ္စည်းကိရိယာများ တီထွင်ထုတ်လုပ်ရာတွင် လည်းကောင်းမရှိမဖြစ်လိုအပ်သည့် အရာမှာလျှပ်စစ်ဓာတ်အားပင်ဖြစ်ပေသည်။

          ယနေ့ကမ္ဘာတွင် လူသားတို့၏စားဝတ်နေရေးအတွက် မရှိမဖြစ်လိုအပ်သော လျှပ်စစ်ဓာတ်အား ကို ဒီဇယ်ဓာတ်အားပေးစက်များ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အား ပေးစက်များ၊ နူကလီးယား ဓာတ်ပေါင်းဖိုများစသည့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများဖြင့် လည်းကောင်း၊ ရေအားသုံးဓာတ်အားပေးစက်ရုံများ၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်စသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ အသုံးပြု၍လည်းကောင်း ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ထုတ်လုပ်ဖြန့်ဖြူးသုံးစွဲလျှက်ရှိကြသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို ဒီဇယ် ဓာတ်အားပေးစက်ရုံများ၊ ရေအားသုံးဓာတ်အားပေးစက်ရုံများ၊ သဘာဝဓာတ်အားငွေ့သုံးဓာတ်အားပေးစက်ရုံများ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများဖြင့် ထုတ်လုပ် လျှက်ရှိပြီး ယခုအခါတွင် နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် Solor Power Plant များ တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။

          ယနေ့အချိန်ထိမြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသောရေအားလျှပ်စစ်စက်ရုံ (၂၇)ရုံရှိ၍ စက် တပ်ဆင်အင်အား (3221) MWရှိပြီးဆောင်ရွက်ဆဲရေအားစက်ရုံ(၈)ခုရှိ၍ စက်တပ်ဆင်အင်အား (1737.60) MW ရှိနိုင်မှာဖြစ်ပါသည်။ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအနက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံ (၁၉)ခုရှိ၍စက်တပ်ဆင်အင်အား (2142)MW ရှိပြီး ဆောင်ရွက်ဆဲ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများမှာ (၃)ရုံရှိ၍ စက်တပ်ဆင်အင်အား (449.9)MWရှိပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ(၁)ရုံ စက်တပ်ဆင်အင်အား (120)MW ရှိပါသည်။ ဆောင်ရွက်ဆဲ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၃)ရုံရှိပြီး စက်တပ်ဆင်အင်အား (470)MW ရရှိနိုင်မည်ဖြစ်ပါသည်။ စုစုပေါင်းအနေဖြင့် မြန်မာနိုင်ငံတွင် တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံပေါင်း (၄၇)ရုံရှိ၍ စက်တပ်ဆင်အင်အားမှာ (5483.7)MW ရှိပြီး လက်ရှိဆောင်ရွက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံပေါင်းမှာ (၁၄)ရုံရှိ၍ စက်တပ်ဆင်အင်အားမှာ (2657.50) MW  ရှိပါသည်။

          မြန်မာနိုင်ငံတွင်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို တစ်နိုင်ငံ လုံးသို့ ဖြန်ကျက်ပို့လွှတ်ရန်အတွက် ယခုလက်ရှိအချိန်တွင် 230kV, 132kV, 66kV ဗို့အားရှိ မဟာဓာတ်အား လိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်အသုံးပြုနေသလို 500kV ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ အား တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။

          ယခုလက်ရှိတည်ဆောက်ပြီးစီး၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေသော ဓာတ်အားလိုင်း များ နှင့်လိုင်းမိုင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

ဓာတ်အားလိုင်း

အရေအတွက်

လိုင်းအရှည်(မိုင်)

၁။

၂၃၀ ကေဗွီ ဓာတ်အားလိုင်း

၆၃ လိုင်း

၂၈၄၆.၉၆

၂။

၁၃၂ ကေဗွီ ဓာတ်အားလိုင်း

၄၂ လိုင်း

၁၃၆၇.၇၇

၃။

၆၆ ကေဗွီ ဓာတ်အားလိုင်း

၂၁၆ လိုင်း

၄၀၆၄.၇၇

စုစုပေါင်း

၃၂၁ လိုင်း

၈၂၇၉.၅

 

 

 

 

 

 

 

 

          ယခုလက်ရှိတည်ဆောက်ပြီးစီး၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေသော ဓာတ်အားခွဲရုံများ နှင့်တပ်ဆင်အင်အားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- 

စဉ်

ဓာတ်အားခွဲရုံ

အရေအတွက်

တပ်ဆင်အင်အား(အမ်ဗွီအေ)

၁။

၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ

၂၈ ရုံ

၅၃၉၅.၀၀

၂။

၁၃၂ ကေဗွီ ဓာတ်အားခွဲရုံ

၂၄ ရုံ

၁၇၂၅.၀၀

၃။

၆၆ ကေဗွီ ဓာတ်အားခွဲရုံ

၂၄၆ ရုံ

၄၂၉၄.၂၅

စုစုပေါင်း

၂၉၈ ရုံ

၁၁၄၁၄.၂၅


 

 

 

 

 

 

 

          ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သောလျှပ်စစ်ဓာတ်အားများကို 230kV,132kV, 66kV, 33kV ဓာတ်အားလိုင်းများဖြင့် မြို့ကြီးများအနီးတွင် တည်ဆောက်ထားသော 230kV, 132kV ဓာတ်အားခွဲရုံ များသို့ပို့လွှတ်ပြီးနောက် အဆိုပါဓာတ်အားခွဲရုံများမှတဆင့် ပြည်သူများသုံးစွဲရန် ဖြန့်ဖြူးရေးဓာတ်အားလိုင်း များဆက်လက်တည်ဆောက်၍ မြို့ငယ်များတွင် တည်ဆောက်ထားသော 66kV, 33kV ဓာတ်အားခွဲရုံများသို့ ဓာတ်အားပို့လွှတ်ကာ အဆိုပါဓာတ်အားခွဲရုံများမှတဆင့် မြို့တွင်းနှင့်ရပ်ကွက်၊ ကျေးရွာများသို့ ဆက်လက် ဓာတ်အားဖြန့်ဖြူးပေးပါသည်။

          မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်း အမျိုးအစား များမှာ 33kV, 11kV, 6.6kV နှင့် 0.4 kV တို့ဖြစ်ကြပြီး လိုင်းမိုင်အရှည်နှင့် တပ်ဆင်အင်အားများမှာ အောက်ပါအတိုင်းဖြစ်ပြီး  မြန်မာပြည်သူများ၏ အိမ်အရောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိပါသည်-

စဉ်

အကြောင်းအရာ

လိုင်းအရှည်(မိုင်)

တပ်ဆင်အင်အား(အမ်ဗွီအေ)

၁။

၃၃ ကေဗွီ

၆,၅၉၈.၀၀

၆,၈၃၄.၀၀

၂။

၁၁ ကေဗွီ

၁၆,၆၀၄.၂၃

၉,၁၈၅.၃၆

၃။

၆.၆ ကေဗွီ

၈၂၈.၅၂

၁,၇၇၁.၉၅

၄။

၀.၄ ကေဗွီ

၁၉,၇၅၆.၄၀

-

စုစုပေါင်း

၄၃,၇၈၇.၁၅

၁၇,၇၉၁.၃၁

 

 

 

 

 

 

 

 

 

          လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် မြို့ပေါင်း(၄၈၂)မြို့ရှိရာ လျှပ်စစ်မီးရရှိပြီးသည့် မြို့အရေ အတွက်မှာ(၄၈၂)မြို့ဖြစ်ပြီးဓာတ်အားစနစ်မှ (၃၅၀)မြို့၊ အခြားနည်းဖြင့်မီးလင်းပြီးမြို့(၁၃၂)မြို့ရှိ၍ ကျေးရွာ ပေါင်း(၆၃၇၂၉)ရွာရှိရာတွင် ဓာတ်အားစနစ်ဖြင့်မီးလင်းပြီးကျေးရွာ (၁၀၄၈၆)ရွာ၊ အခြားနည်းဖြင့် မီးလင်းပြီး ရွာ(၂၀၇၀၈)ရွာ၊ စုစုပေါင်း(၃၁၁၉၄)ရွာမီးလင်းပြီး မီးလင်းရန်(၃၂၅၃၅)ရွာ ကျန်ရှိနေပါသည်။ မြန်မာတစ်နိုင်ငံ လုံးအနေဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်သည့် အိမ်ထောင်စုဦးရေမှာ (၄၀.၉%) ရာခိုင်နှုန်းခန့်သာ ရှိပါသေး သည်။

          သို့ဖြစ်ပါ၍ ပြည်သူများလျှပ်စစ်ဓာတ်အားတိုးတက် ဖြန့်ဖြူးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက် လျှက်ရှိရာ ယခုတည်ဆောက်ဆဲ 500kV ဓာတ်အားလိုင်း (၁)လိုင်း(၁၄၆)မိုင်၊ 230kV ဓာတ်အားလိုင်း(၆)လိုင်း၊ မိုင်ပေါင်း(၆၁၅.၄၇)မိုင်နှင့် 230kV ဓာတ်အားခွဲရုံ(၇)ရုံ၊ တပ်ဆင်အင်အား (1875)MVA နှင့် 66kV ဓာတ်အား လိုင်း(၁၆)လိုင်း၊ မိုင်ပေါင်း(၄၈၄.၈၅)မိုင်နှင့် 66kV ဓာတ်အားခွဲရုံ (၁၉)ရုံ၊ တပ်ဆင်အင်အား (130)MVA ရှိပြီး တစ်ချို့သော ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများမှာ မကြာမှီ တည်ဆောက် ပြီးစီးတော့မည်ဖြစ်ပြီး ပြည်သူ လူထုအား လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်တော့မည် ဖြစ်ပါသည်။

          ထိုအပြင် ပြည်သူလူထုအား လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရေးအတွက် မကြာသေးမီက ပြည်တွင်းပြည်ပပုဂ္ဂလိကကုမ္ပဏီ(၄)ခုဖြင့် NTP လက်မှတ်ထိုး သဘောတူညီပြီးဖြစ်သည့် စီမံကိန်း(၄)ခုအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ 500kV ဓာတ်အားလိုင်း(၃)လိုင်း (၄၃၅.၆)မိုင်နှင့် 230kV Double Circuit ဓာတ်အားလိုင်း(၂)လိုင်း (၉၄)မိုင်အား တည်ဆောက်သွားရန် စီစဉ်လျှက်ရှိပြီး၊ LNG နှင့် သဘာဝဓာတ်အားပေးစက်ရုံ(၄)ရုံ၊ စုစုပေါင်း (3111)MW တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ရန်  စီစဉ်လျှက်ရှိပါသည်။

          ထိုမျှသာမက နိုင်ငံတကာချေးငွေများဖြစ်သော JICA ODA Loan ၊ EXIM Bank of Korea Loan ၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB Loan ချေးငွေများဖြင့်  500kV ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံ များ၊ 230kV ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်အကောင်အထည်ဖော် စီမံဆောင်ရွက် လျှက်ရှိရာ မကြာမီ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည်ဖြစ်၍ နိုင်ငံတော် ဓာတ်အားစနစ် ပိုမိုတောင့်တင်းခိုင်မာလာပြီး ပြည်သူများအား လျှပ်စစ်မီးပိုမိုဖြန့်ဖြူးပေးလာနိုင်တော့မည် ဖြစ်သည်။

          ပြည်သူများအား လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် မဟာဓာတ်အားလိုင်း များဖြစ်သော 500kV, 230kV, 66kVဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်လျှက် ရှိရာ အချို့သောမဟာဓာတ်အားလိုင်းကြီးများသည် ကျေးရွာများအနီးမှ ဖြတ်သန်းသွားရာ အဆိုပါဓာတ်အား လိုင်းများ ဖြတ်သန်းသွားရာတစ်လျှောက်ရှိ လျှပ်စစ်ဓာတ်အား မရရှိသေးသော ကျေးရွာများမှာ ထိုဓာတ်အားလိုင်းများမှတဆင့် လျှပ်စစ်မီး အလွယ်တကူရရှိနိုင်မည်ဟု ထင်မြင်ယူဆကြလေသည်။      

          လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်သည့် စက်ရုံများမှ 500kV, 230kV, 132kV စသည့်ဓာတ်အားလိုင်းများ တည်ဆောက်ကြရပြီး မြို့ကြီးများအနီးတွင် တည်ဆောက် ထားသည့် 500kV, 230kV, 132kV ဓာတ်အားခွဲရုံများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ပြီး အဆိုပါ ဓာတ်အား ခွဲရုံကြီးများတွင် တပ်ဆင်ထားသည့် ထရန်စဖော်မာကြီးများမှ တဆင့်နီးစပ်ရာမြို့များသို့ 66kV လိုင်း (သို့မဟုတ်) 33kV  လိုင်းများဖြင့် ဆက်လက်ဓာတ်အားဖြန့်ဖြူးကြပါသည်။ ထို့နောက်အဆိုပါ မြို့များတွင် 66/11kV (သို့မဟုတ်) 33/11kV ဓာတ်အားခွဲရုံများ ထပ်မံတည်ဆောက်ပြီး မြို့တွင်းနှင့်နီးစပ်ရာ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဆက်လက်ဖြန့်ဖြူးနိုင်ရန် 11kV ဓာတ်အားလိုင်းများ ဆက်လက် တည်ဆောက်ပြီးနောက် မြို့တွင်းရှိရပ်ကွက်များ (သို့မဟုတ်) ကျေးရွာများတွင် 11/0.4 kV ထရန်စဖော်မာများ နှင့် 400V ဓာတ်အားလိုင်းများ ဆက်လက်တည်ဆောက်ပြီးမှ ပြည်သူများနေထိုင်ရာ အိမ်များအနီးသို့ လျှပ်စစ်မီးရောက်ရှိ လေတော့သည်။

          သို့ရာတွင် ထိုသို့ပြည်သူများခလုတ်ကလေးနှိပ်ပြီး လျှပ်စစ်မီးသုံးစွဲဖို့အတွက်တော့ လျှပ်စစ် ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ လုပ်ရသည်ကတော့ ငွေအရင်းအနှီးမြောက်မြားစွာ ရင်းနှီးမြှပ်နှံရသောလုပ်ငန်းဖြစ်၍ လွယ်ကူလှသည်တော့ မဟုတ်သော်လည်း လျှပ်စစ်ဓာတ်အားတိုးတက် ထုတ်လုပ်နိုင်ရေး၊ ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးလုပ်ငန်းများအား နိုင်ငံတော် ဘတ်ဂျက်၊ ပြင်ပချေးငွေများအကူအညီ များဖြင့် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံကြီးများ တိုးချဲ့တည်ဆောက် လျက်ရှိပြီး၊ ကျေးလက်နေပြည်သူများ လျှပ်စစ်မီးပိုမိုသုံးစွဲခွင့် ရရှိလာရန်အတွက် နိုင်ငံတော် ဘတ်ဂျက်အပြင် ကမ္ဘာ့ဘဏ်(World Bank) ချေးငွေအကူအညီဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းများ (NEP)အား ရေတိုရေရှည် စီမံချက်များချမှတ် ဆောင်ရွက်လျှက်ရှိပါ ကြောင်းရေးသားဖော်ပြလိုက်ရပေသည်။         ။

 

စာရေးသူ- မျိုးချစ်ခင်

10-Oct-2018