The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက် (၁၀/၂၀၁၈)

       

    ၂၀၁၈ ခုနှစ်၊  နိုဝင်ဘာလ  ၈  ရက်

              သတင်းထုတ်ပြန်ခြင်း (၁၀/၂၀၁၈) အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၆၆ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်း(၃၃)မိုင်၊ ၆၆/၁၁ကေဗွီ (၅) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအခြေအနေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Powergen Kyaukse Company Limited တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပသည့်သတင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် VPower Holdings Limited တို့အကြား လျှပ်စစ် ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပသည့်သတင်း၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင် မြို့တွင် (၂၄)နာရီ ဓာတ်အားစတင်ဖြန့်ဖြူး ပေးနိုင်မှု အခြေအနေ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ ဓာတ်အားပြတ်တောက်မှုလျော့နည်း စေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် (၆.၆)ကေဗွီ ဓာတ်အားလိုင်းများ လဲလှယ်ခြင်းလုပ်ငန်းများ အခြေအနေ၊ သန်လျင် (၂) CNG (၀၃၁)ဆိုင်သို့ ဆက်သွယ်ထားသော ၄လက်မ ပိုက်လိုင်းဓာတ်ငွေ့ ယိုစိမ့်ရာမှ မီးလောင်ခြင်းဖြစ်ပွားခဲ့မှုအား ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ပိုမိုစနစ်ကျသည့် စက်သုံးဆီအရောင်းဆိုင်များပေါ်ထွန်းလာရေး ဆောင်ရွက်နေမှု အခြေအနေ၊ ကုန်းတွင်းပိုင်းလုပ်ကွက်အမှတ် IOR-7 တွင် ရှာဖွေရေးတွင်းအမှတ် စိန်စည်တော်-၁ စတင်တူးဖော်ခြင်းအခြေအနေအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ ပါသည်။

            အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြ ပါသည်။

08-Nov-2018