The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

၆၆ကေဗွီ မြင်းခြံ - ငါန်းဇွန် ဓာတ်အားလိုင်း(၀.၆၇) မိုင်၊ ၆၆/၁၁ကေဗွီ ( ၁၀ )အမ်ဗွီအေ ငါန်းဇွန် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း

    

        မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ကေဗွီ မြင်းခြံ - ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇)မိုင် နှင့် ၆၆/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ငါန်းဇွန် ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းအား (၇.၃.၂၀၁၆) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဓာတ်အားလိုင်း အား (၃၁.၅.၂၀၁၈) ရက်နေ့တွင် လည်းကောင်း ၊ ဓာတ်အားခွဲရုံအား (၁.၈.၂၀၁၈)ရက်နေ့ တွင်လည်းကောင်း ဆောင်ရွက် ပြီးစီးခဲ့ပြီး ငါန်းဇွန်ဒေသတဝိုက်ရှိ မြို့ (၁) မြို့၊ ကျေးရွာ (၁၅၈) ရွာ၊ အိမ်ထောင်စုပေါင်း (၂၇၀၂၉) စု သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
15-Nov-2018