The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

၆၆ ကေဗွီ မော်လမြိုင် - သံဖြူဇရပ် ဓာတ်အားလိုင်း(၄၀.၄၈)မိုင်၊ ၆၆ကေဗွီ သံဖြူဇရပ်ဓာတ်အားခွဲရုံနှင့် မော်လမြိုင် ဓာတ်အားခွဲရုံ Switch Bay Extension တို့မှ ဓာတ်အားစတင်ပို့လွှတ်ဖြန့်ဖြူးမှု အခြေအနေ

၁၂ ဒီဇင်ဘာလ ၂၀၁၈

              ၆၆ ကေဗွီ မော်လမြိုင် - သံဖြူဇရပ် ဓာတ်အားလိုင်း(၄၀.၄၈)မိုင် ၊ ၆၆/၃၃/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံ နှင့် မော်လမြိုင် ဓာတ်အားခွဲရုံတွင်  66 kV Switch Bay တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ  ၇-၁၂-၂၀၁၈ ရက်နေ့တွင် ပြီးစီး၍ သံဖြူဇရပ်ဓာတ်အားခွဲရုံ၏  ၆၆/၃၃ ကေဗွီ (၂၀) အမ်ဗွီအေ  ထရန်စဖော်မာ မှ ၉-၁၂-၂၀၁၈ ရက်နေ့ (၁၇:၀၀) နာရီတွင် ၃၃ ကေဗွီ ဖီဒါများဖြင့် သံဖြူဇရပ်မြို့ နှင့် ကျိုက္ခမီမြို့ ( ၂) မြို့ ၊ ကျေးရွာ (၂၈) ရွာရှိ အိမ်ထောင်စု ၁၂၆၂၉ စုကို ဗို့အားပိုမိုပြည့်ဝစွာဖြင့် အသုံးပြုနိုင်ရန် ဓာတ်အားဖြန့်ဖြူးပေးထားပါသည်။ လက်ရှိဝန်အား သုံးစွဲမှုမှာ  8.5 MW ခန့် သုံးစွဲလျက်ရှိပါကြောင်းနှင့်  မုဒုံမြို့ နှင့် ကမာဝက်မြို့ အနီးရှိ ကျေးရွာ (၉၅) ရွာမှ အိမ်ထောင်စု ၂၁၃၈၅ စု ကို ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
12-Dec-2018