The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

၆၆ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်း(၁၄.၉၂)မိုင် တည်ဆောက်ပြီးစီးပြီဖြစ်

            

           

      ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ငွေဆောင်မြို့နယ်များရှိ ဒေသခံပြည်သူ များ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်ရေး၊ ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ရေးတို့အတွက် ၆၆ကေဗွီ ပုသိမ် - ငွေဆောင် ဓာတ်အားလိုင်း (၁၄.၉၂)မိုင် နှင့် ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်း အား (၉.၂.၂၀၁၆) ရက်နေ့မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ(၂၁.၁၂.၂၀၁၈) ရက်နေ့ တွင် ပြီးစီးခဲ့သဖြင့် ငွေဆောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၁၅) ရွာရှိ အိမ်ထောင်စု ပေါင်း (၄၈၁၇) စုသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
02-Jan-2019