The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် ကြည့်ရှုစစ်ဆေးခြင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းနေထိုင်သော ပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်၀စွာရရှိရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်သည် (၂၈.၁၀.၂၀၁၇) ရက်နေ့တွင် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး နှင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိ သည့် ပျဉ်းမနား ၃၃ ကေဗွီခွဲရုံ၊ တောင်သာ ၃၃ ကေဗွီခွဲရုံနှင့် ပေါင်းလောင်း ၃၃ ကေဗွီခွဲရုံများသို့ လည်းကောင်း၊ လယ်ဝေး မြို့နယ်နှင့် ဧလာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိသော လယ်ဝေး ၃၃ ကေဗွီခွဲရုံ၊ ဧလာ ၃၃ ခွဲရုံနှင့် သာ၀တ္ထိ ၃၃ ကေဗွီခွဲရုံ များသို့ လည်းကောင်း ရောက်ရှိစစ်ဆေးခဲ့ပါသည်။ အဆိုပါ ဓာတ်အားခွဲရုံများတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအခြေအနေ၊ ဓာတ်အားတည်ငြိမ်ပြည့်၀စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုမရှိစေရေး အတွက် ထိန်းညှိဆောင်ရွက် ပေးခဲ့ပါသည်။

  (၂၉.၁၀.၂၀၁၇) ရက်နေ့တွင် ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်သည် တပ်ကုန်းမြို့နယ်ရှိ ငွေတောင် ၃၃/၁၁ ကေဗွီ (၇.၅) အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ ရောက်ရှိ၍ တပ်ကုန်းမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်၀စွာရရှိသုံးစွဲနိုင်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်ထိန်းညှိ ဆောင်ရွက်ပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
26-Dec-2017