The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက် (၃/၂၀၁၉)

သတင်းထုတ်ပြန်ချက် (၃/၂၀၁၉)

၂၀၁၉ ခုနှစ်၊ မတ်လ  ၁၄  ရက်

            သတင်းထုတ်ပြန်ခြင်း (၃/၂၀၁၉) အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ မြင်းခြံဒေသ၊ အမှတ်(၁) သံမဏိစက်ရုံအနီး၌ IPP/BOT စနစ်ဖြင့် ၂၂၅မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းပြီးစီးမှုအခြေအနေ၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာအပါအဝင် ကျေးရွာ(၁၇)ရွာအား နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီဓာတ်အားဖြန့်ဖြူးပေး နိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိနိုင်ရေးအတွက် မအူပင်(တောင်) တွင်းအမှတ် (၂၂) ၏ တွင်းတူးဖော်မှုအခြေအနေ၊ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (သန်လျင်) တွင် ရေနံဓာတ်ငွေ့ရည် သယ်ဆောင်သည့် မော်တော်ယာဉ် အမျိုးမျိုးမောင်းနှင်သည့် ယာဉ်မောင်းများနှင့် တွဲဘက်ယာဉ်မောင်း များအား ရေနံဓာတ်ငွေ့ရည် သယ်ယူပို့ဆောင်ခြင်း ဆိုင်ရာစည်းမျဉ်းစည်းကမ်းနှင့် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေး သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေ၊ စက်သုံးဆီလုပ်ငန်း လုပ်ကိုင်ကြသူများအား မီးဘေးအန္တရာယ်နှင့် မတော်တဆမှုများ မဖြစ်ပေါ်စေရေး သတ်မှတ်စည်းကမ်းများအတိုင်း အထူးဂရုပြုလိုက်နာ ဆောင်ရွက်ကြပါရန် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသုံးစွဲသူ ပြည်သူများသို့ Online မှတဆင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဌာနပိုင် webpage တွင် လွှင့်တင် ထားရှိမှုနှင့် အနောက်ပိုင်းခရိုင် ပန်းဘဲတန်းမြို့နယ်တွင် မိုဘိုင်းဖုန်းမှတဆင့် မိမိအိမ်သုံးမီတာယူနစ်စနစ် ကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ တောင်ဥက္ကလာပမြို့နယ်နှင့် လမ်း​မတော်မြို့နယ် ဆေးရုံကြီးများအုပ်စုရှိ ဓာတ်အားခွဲရုံများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ရှိ စက်မှုဇုန်အား လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးနိုင်မှုအခြေအနေနှင့် နိုင်ငံတော်ဓာတ်အားစနစ် တောင့်တင်းခိုင်မာစေရန်၊ ဓာတ်အားစနစ်ကြံ့ခိုင်မှုရှိပြီး ဗို့အားပြည့်မီစွာ ဖြန့်ဖြူးပေးနိုင်ရန်၊ System Breakdown များ မဖြစ်ပေါ်စေရန်နှင့် ဓာတ်အားမရရှိသေးသော ဒေသ များသို့ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အတွက်ရည်ရွယ်၍ ၆၆/၂၃၀/၅၀၀ ကေဗွီ ဓာတ်အားလိုင်းများအား တည်ဆောက်နေမှုနှင့်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခဲ့ပါသည်။

 အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြပါသည်။

 

14-Mar-2019