The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

DSEZ ကော်မတီဥက္ကဋ္ဌမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသို့ သွားရောက်စစ်ဆေးသည့်သတင်း

၂၃ - ၄ - ၂၀၁၉

              ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒေါက်တာထွန်းနိုင်သည် (၂၃-၄-၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဝင်များနှင့် အတူ ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးသို့ ထိုင်းနိုင်ငံ NEDA မှ ချေးငွေရယူကာ အဆင့်မြှင့်တင်ဖောက်လုပ်မည့် ၂-လမ်းသွားကတ္တရာကားလမ်း တည်ဆောက်ရေးအတွက် လေ့လာဆန်းစစ်နေမှုအခြေအနေများအားသိရှိနိုင်ရန်အတွက် မိုင်တိုင်အမှတ် ၁၆/၅ ဖာလုံတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဉီးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးသက်ဇော်ဝင်းနှင့် အဖွဲ့အားတွေဆုံခဲ့ပြီး လေ့လာဆန်းစစ်မှု အခြေ အနေများ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ အားတွေ့ဆုံမေးမြန်းခဲပါသည်။

              ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ထားဝယ်အထူးစီးပွားရေးဇုန်၊ One Stop Service Centre ၌ ကော်မတီဝင်များ သက်ဆိုင်ရာဝန်ကြီးဌာနများမှ One Stop Service Centre ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။

              ထိုသို့တွေ့ဆုံရာတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌမှ ကော်မတီအနေဖြင့် မြေပြင်တွင် စီမံကိန်းအကောင်အထည်ဖော်လာရေးအတွက် ဆောင်ရွက်နေမှုများ လက်ရှိြဖစ်ပေါ်တိုးတက်မှုများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ One Stop Service Centre ကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား မေးမြန်း ဆွေးနွေးခဲ့ပါသည်။

              ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ နှင့် အဖွဲ့သည် ထားဝယ်အထူးစီးပွားရေးဇုန် ရှင်းလင်းဆောင်၊ ၀ ဒဿမ ၀၀ ကီလိုမီတာ မှတ်တိုင်နှင့် ဆိပ်ကမ်းငယ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
24-Apr-2019