The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက် (၅/၂၀၁၉)

           

            သတင်းထုတ်ပြန်ခြင်း(၅/၂၀၁၉)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ လျှပ်စစ်ဓာတ်အားခ နှုန်းထားပြောင်းလဲသတ်မှတ်ခြင်းနှင့် စီမံဆောင်ရွက်မှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး နှင့် လျှပ်စစ်ဓာတ်အားပြည့်ဝတည်ငြိမ်စွာဖြင့် ပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ရေနံချောင်းမြို့နယ်၊ ပင်းချောင်း ရေတွန်းစက်ရုံမှ လက်မှတ်ကုန်းသံကန်ကြီးသို့ ရေ ပေးပို့လျက်ရှိသော ၁၄ လက်မ ပင်မရေပိုက်လိုင်း ၏ သံချေးစား၍ ပေါက်ပြဲဆွေးမြေ့နေရာများအား  ပိုက်အစားထိုးလဲလှယ်ဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်နိုင်ရန် စက်သုံးဆီသယ်ယာဉ်ကိုင်တွယ် ထိန်းသိမ်းခြင်းသင်တန်း (Fuel Bowser Handling Process Training Course) များ ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး၊ ဗို့အားပြည့်မှီစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး အတွက် 66kV သာကေတ-ပုသိမ်ညွှန့် Double Circuit လိုင်း တည်ဆောက်ပြီးစီးမှုနှင့် ဝန်အားပြည့် နေသော ထရန်စဖော်မာအသေးများအား ထရန်စဖော်မာအကြီးများဖြင့် လဲလှယ်ခဲ့သည့်လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြ ပါသည်။

04-Jul-2019