The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (  ၈ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ သံအမတ်ကြီး မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း မိမိတို့ ဝန်ကြီးဌာနနှင့်လက်တွဲ၍ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ် နိုင်ငံ၏ BRI (Belt and Road Initiative Project) တွင် မြန်မာနိုင်ငံမှ ပူးပေါင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၎င်းစီမံကိန်းတွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်နေသည်ဖြစ်ရာ နှစ်နိုင်ငံအကျိုးရှိရေးအတွက် မိမိတို့ဌာနမှ ပူးပေါင်းပါဝင် မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          သံအမတ်ကြီးက ဆွေးနွေးရာတွင် မိမိအား လက်ခံတွေ့ဆုံပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ အပါအဝင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် မိမိအနေဖြင့် အကောင်းဆုံးပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ​ပြောကြားခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
08-Aug-2019