The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း

          မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရေးနှင့် အများပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးတို့အတွက် ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာများတွင် (၁၄.၁၁.၂၀၁၉)ရက်နေ့တွင် ဓာတ်အားပိတ် လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အောက်ဖော်ပြပါ ဧရိယာများတွင် ဓာတ်အားပြတ်တောက်မည် ဖြစ်ပါကြောင်း အများပြည်သူသို့ လေးစားစွာဖြင့် ကြိုတင် အသိပေးပန်ကြားအပ်ပါသည်-

(၁)     မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ အိုးဘိုနှင့် ဥပုသ်တော်ရပ်ကွက်တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်)

(၂)     မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ အရက်ချက်စက်ရုံနှင့် ဘီယာစက်ရုံ တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်)

(၃)     မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ ကဉ္စဏမဟီ၊ ချမ်းအေးသာစံအရှေ့/အလယ်၊ အောင်နန်းရိပ်သာအရှေ့/အနောက်နှင့် ဟေမာဇလရပ်ကွက်တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

          (သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် Jumper Connection များပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် )

(၄)     မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ ချမ်းအေးသာစံအရှေ့/အလယ်နှင့် ဈေးချို တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

          (ရွှေနဂါး Shopping Mall အတွက် ၃၃ကေဗွီ လိုင်းဆွဲရန်နှင့်‌တိုင်စိုက်ထူရာတွင် မလွတ်၍ ဓာတ်အားပိတ် )

(၅)    မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ မဟာအနောက်နှင့် ရတနာအရှေ့ ရပ်ကွက်တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

          (ရွှေနဂါး Shopping Mall အတွက် ၃၃ကေဗွီ လိုင်းဆွဲရန်နှင့်‌တိုင်စိုက်ထူရာတွင် မလွတ်၍ ဓာတ်အားပိတ် )

(၆)    မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မြို့သစ်(၁) (၂) (၃) (၅)နှင့် ရန်ကုန်-မန္တလေးလမ်းရှိ ရပ်ကွက်များတွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်)

(၇)     မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (ခ)၊ (ဂ)၊ (ဆ)၊ (ဇ)၊ (ဈ)ရပ်ကွက်နှင့် ရဲဘော် ကွက်သစ်ရပ်ကွက်တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်)

(၈)    မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (ဈ)ရပ်ကွက်နှင့် စက်မှုဇုန်အချို့ နေရာများတွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

          (၃၃ကေဗွီ လိုင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မလွတ်၍ ဓာတ်အား ပိတ်)

(၉)    မန္တလေးခရိုင်၊ အမရပူရမြို့နယ်ရှိ မြစ်ငယ်၊ ဥယျာဉ်တော်၊ ကမ္ဘဲ့၊ ဆင်ရွာမြင်းမူး၊ သူငယ်တော်၊ လက်ပံဇင်၊ ကြည့်မြင်တိုင်၊ တပ်ကြီး၊ ဘုန်းတော်နိုင်ငံ၊ ဆေးအိုးဘို၊ ချင်းရွာ စသည့်ကျေးရွာ များနှင့် ကျောက်စိမ်းဘုရားတို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၁၀)  မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်းအောင်ရပ်ကွက်၊ မြို့သာကုန်းကျေးရွာ၊ ရန်ကင်းတောင်ကျေးရွာ၊ သမကောလိပ်၊ မိုင်ကုန်း၊ မြို့နယ် သစ်တော၊ ဌာနဆိုင်ရာများ၊ ဘာသာ/သာသနာများနှင့် ပုဂ္ဂလိကထရန်စဖော်မာများ တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

          (Fault Passage Indicator တပ်ဆင်ခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်း နှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်)

(၁၁)  ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ပေပင်၊ ပြင်စာ၊ ပေါက်တော၊ နောင်ဝယ်၊ လွန်ကောင်း၊ စိုးမိုးအိုင်၊ ယုကြား၊ ရွာမတို့တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီထိ

          (သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်)

(၁၂)   ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ လွန်တောင်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ သဖန်းဒေါင်း၊ ရွှေချောင်းကျေးရွာ၊ စကျင်ကျေးရွာ၊ စကျင်သွပ်ပြားစက်ရုံ၊ တံငါကျေးရွာ၊ အမှတ်(၅) ရပ်ကွက်နှင့် ပန်းရကျေးရွာတို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်)

(၁၃)  မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ အမှတ်(၁)ရပ်ကွက်၊ ခမရ(၄၁၉)၊ ခမရ(၄၂၀) နှင့် ကျီတိုင် ကုန်း၊ မကျီးကန်၊ အောင်သာ၊ ဆံမြိတ်ရှည်၊ မြေစို၊ မုန်တော၊ အောင်မြင်သာ၊ ဥသျှစ်ကုန်း မြောက်၊ ကန်ရှည်ကျေးရွာတို့တွင် နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီထိ

(သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်ရန်)

(၁၄)  မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် နဘဲကန်၊ ကျွတ်ကန်၊ အင်းကန်း ကြီး၊ စမုံ၊ အင်းကန်းကုန်းနှင့် သနပ်ခါးတောကျေးရွာတို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

          (ကြွေသီးများလဲလှယ်ခြင်းလုပ်ငန်းနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း)

(၁၅)  မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဝမ်းတွင်း(၃)ဗဟိုရပ်ကွက်၊ သဲတော(၁၊၂၊၃) ရပ်ကွက် များနှင့် ညောင်အုပ်ဖီး၊ ရိုး၊ ဒုန်းကုန်း၊ လိပ်တက်၊ ခင်ကြီး၊ ရေဆုံး၊ ကင်း၊ ကျောင်းကုန်း၊ သဘွတ်ကုန်း၊ ကန်သာ၊ နတ်ကန်(ရ)ကျေးရွာတို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်ရန်)

(၁၆)  မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ အမှတ် (၄၊၇၊၁၇၊၁၈)၊ အေးကျင်း၊ ချောင်းဒေါင်း နှင့် ဒိုဘီကုန်း တို့တွင် နံနက် (၈) နာရီမှ နေ့လည် (၂) နာရီထိ

          (သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် Jumper Connection များပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်)

(၁၇)  မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီထိ

          (သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ကြွေသီးများလဲလှယ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်)

(၁၈)  ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ရှိ အမှတ်(၁)၊ အမှတ်(၃)ရပ်ကွက်၊ ရေစက်များ၊ ဟိုတယ် များ၊ ဘုရားများ၊ ဆီဆိုင်များ၊ ကျေးရွာများနှင့် ငါ့သရောက်မြို့တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်)

(၁၉)  ညောင်ဦးခရိုင်၊ပုဂံမြို့ရှိ သီရိပစ္စယာရပ်ကွက်၊ မြင်းကပါ၊ မြို့ဟောင်း၊ သိုက်တိုင်၊ ခန်းလောင်း တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်)

(၂၀)  ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ မြို့နယ်ထွေအုပ်ရုံး၊ ဘူတာရပ်ကွက်၊ ပြည်သူ့ ဆေးရုံ၊ အောင်မင်္ဂလာရပ်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်များ၊ သီရိမင်္ဂလာရပ်ကွက်၊ တမ္ပဝတီ ရပ်ကွက်၊ အ.ထ.က(၂)၊ ဈေးဟောင်းနှင့် မြတ်နိုးသူတိုးဂိတ်တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်)

(၂၁)   ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နံနက် (၉) နာရီမှ နေ့လည် (၁၂)နာရီထိ

(သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်ရန်)

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
13-Nov-2019