The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (၇/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၂၇  ) ရက်

          ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (၇/၂၀၁၉) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေး သဘာပတိအဖြစ် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ဆောင်ရွက်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ အတွင်းရေးမှူး၊ ဒေါက်တာ တင်ထူးနိုင်၊ ကော်မတီဝင်များ၊ ထားဝယ်အထူး စီးပွားရေးဇုန် ဥပဒေရေးရာအထောက်အကူပြု အဖွဲ့ဝင်များနှင့် ပြင်ပဥပဒေအကြံပေး SCM Legal မှ Mr. Chris Hughes တို့တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် ကနဉီးစက်မှုဇုန်နယ်မြေ မြေငှားစာချုပ်နှင့် ဆက်စပ် စာချုပ်များအား အချောသတ်ပြင်ဆင်ကာ ရင်းနှီးတည်ဆောက်သူထံသို့ ပေးပို့ခဲ့ပါသည်။ ဆက်လက်၍ ထားဝယ် အထူးစီးပွားရေးဇုန်ပင်မစီမံကိန်းတွင် ဆောင်ရွက်မည့် စီမံကိန်းများနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
27-Nov-2019