The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် Total E & P Myanmar မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၂၈ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် Total E & P Myanmar  မှ General Manager ဖြစ်သူ Mr. Romaric Roignan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် မြန်မာ့ကမ်းလွန်လုပ်ကွက် ရတနာစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ပြည်ပသို့တင်ပို့မှုနှင့် ပြည်တွင်းသို့ ပို့လွှတ်မှုအခြေအနေ၊ စီမံကိန်း၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု လျော့ကျခြင်းကို ဖြည့်တင်းနိုင်ရန် တူးဖော် သွားမည့် Infill Well Drilling လုပ်ငန်း လုပ်ဆောင်မည့်အစီအစဉ်များ၊ ထုတ်လုပ်ရေးစင် များ  ပြုပြင်ထိန်းသိမ်းမှုလုပ်ဆောင်နေစဉ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ များသို့ ဓာတ်ငွေ့ပေးပို့မှု လျော့ကျခြင်းမရှိစေရန် Stakeholder များအချင်းချင်း ညှိနှိုင်းမှုနှင့် ဌာနမှ စီမံဆောင်ရွက်မှု၊ ဓာတ်ငွေ့ပြတ်တောက်မှုကာလ မကြာမြင့်စေရေး၊ နွေကာလတွင် သဘာဝဓာတ်ငွေ့ တိုးမြှင့်ပို့လွှတ်ရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Total E & P Myanmar  မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
28-Nov-2019