The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း Victory Radiance Trading Co., Ltd. နှင့် Power China ကုမ္ပဏီတို့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၉ )ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Victory Radiance Trading Co., Ltd. ၏ Managing Director ဖြစ်သူ ဦးတာရာမြင့်ဆွေ နှင့် Power China ကုမ္ပဏီ၏ Director  ဖြစ်သူ Mr. Wan Chunlai တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

              ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ မူဝါဒရေးရာနှင့် နည်းပညာဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ အနာဂတ်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍ၊ ကုမ္ပဏီမှ အဆိုပြုတင်ပြ သော မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအပေါ် လေ့လာသုံးသပ်မှုများနှင့် နည်းပညာဆိုင်ရာအတွေ့အကြုံများကို ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဌာနဆိုင်ရာအကြီးအကဲ များ၊ Victory Radiance Trading Co., Ltd. နှင့် Power China ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
23-Dec-2019