The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း AEC Infinity Corporation Co., Ltd. မှ ဥက္ကဋ္ဌဖြစ်သူ Mr. Ekkapon Ratanachai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၁၆ )ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် AEC Infinity Corporation Co., Ltd. မှ ဥက္ကဋ္ဌဖြစ်သူ Mr. Ekkapon Ratanachai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် AEC Infinity Corporation Co., Ltd. မှ သံလိုက်စွမ်းအင်သုံး ဓာတ်အားပေးစက်များ မိတ်ဆက်ခြင်း၊ ယင်းဓာတ်အားပေးစက်များ အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရရှိ ဖြန့်ဖြူးရောင်းချနိုင်မည့် အစီအမံများ၊ လက်ရှိ ဓာတ်အားစနစ်နှင့် ကိုက်ညီစွာ ချိတ်ဆက်အသုံးပြုနိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် AEC Infinity Corporation Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
16-Jan-2020