The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း Eden Group မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးရဲမင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ( ၁၄ )ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Eden Group မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးရဲမင်းအောင် ဦးဆောင်သော  ကိုယ်စားလှယ် အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

         ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် LNG to Power စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် အကောင်အထည် ဖော် ဆောင်ရွက်နေသည့် (၁.၈) မဂ္ဂါဝပ်ထွက်ရှိမည့် စပါးခွံလောင်စာသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်း ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနအကြီးအကဲ များနှင့် Eden Group မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
16-Jan-2020