The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းNatural Current Energy Hydropower Co., Ltd. မှ Managing Director ဖြစ်သူ ဦးစိုင်းထွန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၂၈ )ရက်

       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Natural Current Energy Hydropower Co., Ltd.  မှ Managing Director ဖြစ်သူ         ဦးစိုင်းထွန်းထွန်းဦး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် နမ္မတူ(သီပေါ)ရေအားလျှပ်စစ်စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာနေမှု အခြေအနေများနှင့် စီမံကိန်းဖြစ်မြောက်နိုင်ရေး အခြေအနေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် Natural Current Energy Hydropower Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
28-Jan-2020