နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ( ၂၇ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Marubeni မှ General Manager ဖြစ်သူ Mr. Shintaro Yamanaka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့၊ ၁၀:၀၀ နာရီအချိန် တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောင်ရွက်နေသော ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်းအခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် LNG to Power အဆိုပြုစီမံကိန်းဆိုင်ရာအခြေအနေများ၊ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ် ဓာတ်အားထုတ်ယူနိုင်မည့် အခြေအနေ၊ ဂျပန် JICA ၏ ODA ချေးငွေဖြင့် အကောင်အထည်ဖော်နေသော သာကေတဓာတ်အားပေးစက်ရုံ အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေနှင့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံ စီမံကိန်းများအခြေအနေ၊ ပစ္စည်းထုတ်လုပ်မှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်သွား နိုင်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် Marubeni မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။