The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် JICA Myanmar Office မှ Senior Representative ဖြစ်သူ Mr. SAKAI Mamoru ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ( )ရက်

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် JICA Myanmar Office မှ Senior Representative  ဖြစ်သူ Mr. SAKAI Mamoru ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

            ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ Japan International Corporation Agency (JICA) နှင့် ပူးပေါင်း ဆောင်ရွက်မှုကိစ္စများ၊ ဂျပန် ODA ​ချေးငွေဖြင့် အကောင်အထည်ဖော်နေသော စီမံကိန်း များအခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် JICA Myanmar Office မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

Post under by : ဝန်ကြီးရုံး
05-Feb-2020