The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် MPRL E&P Pte Ltd. မှ Country Manager ဖြစ်သူ ဦးစည်သူမိုးမြင့် ဦးဆောင်သော (the A-6 JV) ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ( )ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် MPRL E&P Pte Ltd. မှ Country Manager ဖြစ်သူ ဦးစည်သူမိုးမြင့် ဦးဆောင်သော (the A-6 JV) ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ၀၉:၀၀ နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာ၌ မြန်မာ့ကမ်းလွန်ရေနက်ပိုင်းလုပ်ကွက် (Ultra Deep Water) A-6 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် Operator ဖြစ်သူ MPRL E&P Pte Ltd. နှင့် မိတ်ဖက်ကုမ္ပဏီများဖြစ်သည့် Total E&P (Myanmar) နှင့် Woodside Energy (Myanmar) Pte Ltd. တို့သည် ၂၀၂၃ ခုနှစ် နှစ်ကုန်ခန့်တွင် First Gas ထုတ်လုပ်နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီဆောင်ရွက် နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် Appraisal ၊ Predevelopment & Production လုပ်ငန်းများအတွက် Feasibility Study ၊ Geotechnical Survey & Metocean Survey လုပ်ငန်းစဉ်များ၊ ESIA လုပ်ငန်းများ၊ Pipeline Network လုပ်ငန်းများ၊ Final Investment Decision - FID ကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည့် ဆက်စပ်စာချုပ်များ ချုပ်ဆိုမည့်အစီအစဉ်များ၊ လုပ်ကွက် A-6 မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း၌အသုံးပြုနိုင်ရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ညှိနှိုင်းရမည့်အခြေအနေများ၊ တိုင်းတာရရှိသည့် 2D Seismic ၊ 3D Seismic Data များအား Processing & Interpretation လုပ်ငန်းများ သုံးသပ်မှုအခြေအနေ၊ ကမ်းလွန် လုပ်ကွက် A-6 သည် မြန်မာနိုင်ငံ၏ ပထမဆုံး Ultra Deep Water ဖြစ်သည့်အတွက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မား စေရန်နှင့် အတွေ့အကြုံများ မျှဝေခံစားနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်များ၊ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာတက္ကသိုလ်များ၌ Petroleum Engineering ပညာရပ်များအား မျှဝေပေးရေးအစီအစဉ်များ၊ သဘာဝဓာတ်ငွေ့ ထွက်ရှိရာဒေသမှ ဒေသခံများ အကျိုးကျေးဇူးများ ခံစားရရှိစေရန် ဒေသဖွံ့ဖြိုးရေးအတွက် အထူး အလေးထား ဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် MPRL E&P Pte Ltd. Total E&P (Myanmar) နှင့် Woodside Energy (Myanmar) Pte. Ltd တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
06-Feb-2020