The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး PEA ENCOM Myanmar Co., Ltd. မှ Mrs. Shushewe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ( )ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးသည် PEA ENCOM Myanmar Co., Ltd.  မှ Mrs. Shushewe ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ မူဝါဒရေးရာနှင့် လျှပ်စစ် ဓာတ်အားခနှုန်းထားကိစ္စရပ်များ၊ မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း အခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်မည့်အစီအစဉ်များ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သက်ဆိုင်ရာ ဌာနအကြီးအကဲ များနှင့် PEA ENCOM Myanmar Co., Ltd.  မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
07-Feb-2020