ဦးအောင်သိုက် ( ဆိပ်ဖြူမဲဆန္ဒနယ်)
ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာများ မီးရရှိရေးအတွက် ဓာတ်အားခွဲရုံ တောင်းဆိုသွားမည် ဖြစ်ပါကြောင်း၊ ၇-၆-၂၀၁၆ ရက်၊ ဒုတိယအကြိမ် ပထမပုံမှန် အစည်းအဝေး (၄၀)ရက်မြောက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို မိမိတောင်းဆိုခဲ့ပါကြောင်း၊ တောင်းဆိုသည့်အတိုင်း ကတိပေးသည့်အတိုင်း တိုင်များထူခြင်း၊ ကြိုးများ သွယ်ကြောင်း၊ ကြိုးများ သွယ်ပြီးချိန်တွင် အနည်းငယ် ရပ်ဆိုင်းသွားကြောင်း၊ ကျေးရွာလူထုမှ မိမိကို ၁၃-၃-၂၀၁၈ ရက်တွင် ရွာထဲ မီးမရောက်သည့် အတွက် ထပ်မံပြီးတောင်းဆိုခဲ့ပါကြောင်း၊ လက်ရှိတွင် ရွာ ၂၂ ရွာနှင့် ယခုနှစ်ထဲတွင် ၂၂ ရွာ ပေါင်း ၄၄ ရွာ မီးလင်းရန် အစီအစဉ် ရှိပါကြောင်း၊ ဆိပ်ဖြူမြို့ နယ်ရှိ ကျေးရွာ ၈၆ ရွာ၊ အိမ်ခြေ ၁၂၁၆၆ အိမ်အတွက် လျှပ်စစ်မီး ဓာတ်အား သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ညောင်နီချောင်း ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာ ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာတွင် ဓာတ်အားခွဲရုံ တည်ဆောက် ပေးမည်ဆိုပါက ကျေးရွာ ၅၀ ရွာ၊ အိမ်ခြေ ၇၂၁၆ အိမ်အကျိုးပြုမည် ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့နယ် လက်ဆည် ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၁ မှ ဓာတ်အား ပေးမည်ဆိုပါက ကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၂၃၉၆ အိမ်အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ် လက်ဆည် ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၂ မှ ဓာတ်အားပေးမည် ဆိုပါက ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၂၂၉၀ အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၃ မှ ဓာတ်အားပေးမည်ဆိုပါက ကျေးရွာ ၂၀ ရွာ၊ အိမ်ခြေ ၂၅၃၀ အကျိုးပြု မည်ဖြစ်ကြောင်း၊ ညောင်နီချောင်း ကျေးရွာအတွင်း ဓာတ်အားခွဲရုံ တည်ဆောက်ပေးမည်ဆိုပါက ကျေးရွာ ၃၆ ရွာ၊ အိမ်ခြေ ၄၉၅၀ အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ် ညောင်နီချောင်း ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၁ မှဓာတ်အားပေးမည်ဆိုပါက ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၃၄၉ အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ်၊ ညောင်နီချောင်း ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၂ မှ ဓာတ်အားပေးမည်ဆိုပါက ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၅၉၀ တိုးမည် ဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ်၊ ညောင်နီချောင်း ကျေးရွာ ဓာတ်အားခွဲရုံ တည်ဆောက်၍ ဖီလာ ၃ မှ ဓာတ်အားပေးမည် ဆိုပါက ကျေးရွာ ၁၆ ရွာ၊ အိမ်ခြေ ၂၀၁၁ အကျိုးပြု မည် ဖြစ်ပါကြောင်း၊ လက်ဆည်ကျေးရွာနှင့် ညောင်နီချောင်း ကျေးရွာများအတွက် ဓာတ်အားခွဲရုံ တည်ဆောက်ပေးမည်ဆိုပါက ဆိပ်ဖြူမြို့နယ်အတွင်း ရွာပေါင်း ၈၆ ရွာ မီးလင်းမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ဆည်ကျေးရွာနှင့် ညောင်နီချောင်း ကျေးရွာတွင် (၆၆/၁၁) ကေဗွီအေ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ နှစ်ရုံ တည်ဆောက် ပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၈၆ ရွာအနက်မှ ကျေးရွာ ၅၀ ရွာ ဓာတ်အား ရရှိရေးအတွက် (၁၃၂)ကေဗွီ တညောင်ပင်မ ဓာတ်အားခွဲရုံမှ လက်ဆည်ကျေးရွာသို့ (၆၆) ကေဗွီ ဓာတ်အား လိုင်း ၁၇ မိုင်နှင့် လက်ဆည်ကျေးရွာတွင် (၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျန်ကျေးရွာ ၃၆ ရွာ မီးလင်းရေးအတွက် (၁၃၂)ကေဗွီ တညောင်ပင်မဓာတ်အားခွဲရုံမှ ညောင်နီချောင်းကျေးရွာသို့ (၆၆)ကေဗွီ ဓာတ်အားလိုင်း ၃၇ မိုင် နှင့် ညောင်နီချောင်းကျေးရွာမှာ (၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံတို့ကို တည်ဆောက်သည့်လုပ်ငန်းကို ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊အဆိုပါကျေးရွာသို့ တည်ဆောက်မည့် (၆၆)ကေဗွီ လက်ဆည်ကျေးရွာကို သွယ်တန်းမည့် (၆၆)ကေဗွီ ၁၇ မိုင်နှင့် (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ရန်အတွက် လိုအပ်မည့် ခန့်မှန်းကုန်ကျ စရိတ်အားဖြင့် ကျပ် ၄,၃၅၄.၈၀၆ သန်းနှင့် ညောင်နီကျေးရွာသို့ (၆၆)ကေဗွီလိုင်း ၃၇ မိုင်နှင့် (၅)အမ်ဗွီအေ ခွဲရုံတစ်ရုံ တည်ဆောက်ရန် အတွက် လိုအပ်သည့်ခန့်မှန်းကုန်ကျစရိတ် ကျပ် ၆,၆၀၂.၃၃၄ သန်း ယင်းခွဲရုံနှစ်ရုံနှင့် ဓာတ်အားလိုင်းနှစ်လိုင်းအတွက် ကုန်ကျမည့်ငွေက ကျပ် သန်းပေါင်း ၁၀,၉၅၇.၁၄ သန်း လျာထားခန့်မှန်းခြေငွေကို ၂၀၂၀-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန် စီမံချက်ရေးဆွဲထားပြီးဖြစ်သည့်အတွက် ဘဏ္ဍာငွေခွင့်ပြုချက် ရရှိမှုအပေါ်မူတည်၍အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း