The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း SN Power AS Co.,Ltd. မှ Senior Vice President & Country Director (Myanmar) ဖြစ်သူ Mr. Jan Cederwall ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ မတ်လ ( ၁၁ )ရက်

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် SN Power AS Co.,Ltd. မှ Senior Vice President & Country Director (Myanmar) ဖြစ်သူ Mr. Jan Cederwall ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

            ထိုသို့တွေ့ဆုံရာတွင် အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အခြေအနေများ၊ စီမံကိန်းသုံးဓာတ်အား (Construction Power) ရရှိနိုင်ရေး၊ ဓာတ်အားလိုင်း သွယ်တန်းနိုင်ရေးကိစ္စရပ်များ၊ စီမံကိန်းအား ရှေ့ဆက်ဆောင်ရွက်သွားနိုင်မည့် အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် SN Power AS Co.,Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
11-Mar-2020