လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအထက်ပိုင်းမှ ထွက်ရှိသော လျှပ်စစ် ဓာတ်အားများအား မြန်မာနိုင်ငံအောက်ပိုင်းရှိ ဒေသများသို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများ အသုံးပြု၍ ပို့လွှတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ဓာတ်အားလိုင်းများအနက်မှ (၁၁.၄.၂၀၂၀) ရက်နေ့ (၀၅:၀၅) နာရီအချိန်တွင် ၂၃၀ ကေဗွီ မြောင်းတကာ-လှိိုင်သာယာ ဓာတ်အားလိုင်း တိုင်အမှတ် (၄) တွင် ကြွေသီးတွဲ အပြစ်ဖြစ်ပွားပြီး ယာယီ ဓာတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့ပါသည်။
အဆိုပါ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်ကြောင့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ နေရာအချို့ နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ယာယီဓာတ်အား ပြတ်တောက်နေပြီး ဓာတ်အားအမြန်ဆုံး ပြန်လည် ရရှိရန်အတွက် အပြစ်ဖြစ်ပွားသော ကြွေသီးတွဲများအား အသစ်လဲလှယ်ခြင်းလုပ်ငန်းများကို မဟာဓာတ်အား လိုင်း ထိန်းသိမ်းရေး ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ပြီး (၁၀:၀၆) နာရီအချိန့်တွင် ဓာတ်အားပြန်လည် ပို့လွှတ် ခဲ့ပြီး ၁၀:၄၃ အချိန်တွင် ခေတ္တ ပြတ်တောက်သွားသော ဒေသအားလုံး ဓာတ်အားရရှိပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကြွေသီးတွဲ အပြစ်ဖြစ်ပွားမှုကြောင့် ဓာတ်အားပြတ်တောက်မှုကာလအတွင်း အဆင်မပြေမှုများအတွက် နားလည် ခွင့်လွှတ်ပေးနိုင်ပါရန် ပြည်သူများအား အသိပေးပန်ကြားအပ်ပါသည်။