The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားဓာတ်အားခွဲရုံ၊ ထောက်ကြန့်မြို့နယ်၊ CNG အရောင်းဆိုင်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း

                   ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားဓာတ်အားခွဲရုံတွင် တပ်ဆင်ထား သော ၂၃၀/၆၆/၁၁ ကေဗွီ၊ ၆၀ အမ်ဗွီအေ ထရန်စဖော်မာကို ဝန်အားပိုမိုဖြန့်ဖြူးနိုင်သော ထရန်စဖော်မာဖြင့် အစားထိုးလဲလှယ်ခြင်းနှင့် ထောက်ကြန့်မြို့နယ်၊ CNG ​အရောင်းဆိုင် နေရာနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတို့အား   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊  မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မှ တာဝန်ရှိသူများလိုက်ပါလျက် ၁-၁-၂၀၁၈ ရက်နေ့တွင် ရောက်ရှိစစ်ဆေးခဲ့ပါသည်။

                   လှော်ကားဓာတ်အားခွဲရုံတွင် လက်ရှိတပ်ဆင်အသုံးပြုလျက်ရှိသော ၂၃၀/၆၆/၁၁ ကေဗွီ၊ ၆၀ အမ်ဗွီအေ ထရန်စဖော်မာအား နိုင်ငံခြားမှရောက်ရှိလာသော ၂၃၀/၆၆/၁၁ ကေဗွီ၊ ၁၂၅ အမ်ဗွီအေ ဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများကို ကြည့်ရှု့ခဲ့ပါသည်။ အဆိုပါ ဝန်အားပိုမိုများပြားသော ထရန်စဖော်မာဖြင့် အစားထိုးလဲလှယ်ပြီးပါက ရန်ကုန်တိုင်းဒေသ ကြီးအတွင်း တိုးတက်များပြားလာသည့် ဝန်အားသုံးစွဲမှုကို အထောက်အကူပြုနိုင်မည် ဖြစ်ပါ သည်။

                   မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ထုတ်လုပ်ရောင်းချလျက်ရှိသော ထောက်ကြန့် မြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်တွင် ရောက်ရှိ စစ်ဆေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် CNG ကို ၁၉၈၆ ခုနှစ်တွင် CNG အရောင်းဆိုင်(၃) ခုဖြင့် စတင်ဖြန့်ဖြူးရောင်းချခဲ့ပြီး ၂၀၀၄ ခုနှစ်အတွင် ကမ္ဘာ့ရေနံဈေနှုန်း အဆမတန် မြင့်တက်လာမှုကြောင့် လောင်စာဆီတင်သွင်းမှု လျော့ချနိုင်ရန် CNG တိုးမြှင့်ဖြူးခဲ့ရာ ယနေ့အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် (၄၁) ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် (၂) ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် (၃) ဆိုင်၊ စုစုပေါင်း (၄၆) ဆိုင်တွင် သဘာဝဓာတ်ငွေ့ ပမာဏ ၁၈ မှ ၂၀ ကုဗပေသန်းခန့်ဖြင့် မော်တော်ယာဉ် (၂၈၂၉၉) စီးအား ဖြန့်ဖြူးပေးလျက်ရှိပြီး မော်တော်ယာဉ်များအတွက် အဆင်ပြေချောမွေ့စွာ ဖြည့်ဆည်းရောင်းချနိုင်ရေးကို စီစဉ် ဆောင်ရွက်ပေးခဲ့ပါသည်။

                   ထို့နောက် ရဲနွယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ ရဲနွယ်ချောင်းပေါ်တွင် တည်ဆောက်ထားရှိပြီး ၁၀-၂-၂၀၀၇ ရက်နေ့တွင် စတင်လည်ပတ်မောင်းနှင်ခဲ့ပြီး စက်တပ်ဆင်အင်အားမှာ (၂ x ၁၂.၅) (၂၅ မဂ္ဂါ၀ပ်) ဖြစ်၍ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၁၂၃ ကီလို၀ပ်နာရီသန်းပေါင်းဖြစ်ပါသည်။ လက်ရှိ တွင် စက်များ မောင်းနှင်နိုင်မှုအခြေအနေ၊ ပြန်လည်ပြုပြင်ရန်လိုအပ်မှုအခြေအနေတို့အား ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မှ စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရေးစီစဉ် ဆောင်ရွက် ပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
01-Jan-2018