The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတိပြုဖွယ် လျှပ်စစ်အန္တရာယ်

 လူသားတစ်ယောက်၏ ဘဝတာ ကာလတွင် ရေဘေး ၊ မီးဘေး ၊ ရောဂါဘေး ၊ စစ်ဘေး ၊ မြေငလျင်ဘေး စသည့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမှုများ ရှိနိုင်သည် ။ အဆိုပါ ဘေးအန္တရာယ်များ ကြုံတွေ့ ခံစားရသူများ ထိခိုက်ဒဏ်ရာ ရရှိမှု ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှု ၊ အသက်ဆုံးရှုံးမှုများ ရှိကြမည် ဖြစ်ပေသည် ။ အဆိုပါ ဘေးအန္တရာယ်များ ကြုံတွေ့ရသူတိုင်းသည် အသက်ဆုံးရှုံးမှု မဖြစ်နိုင်ပေ။ သို့ရာ တွင် လျှပ်စစ်အန္တရာယ်နှင့် ကြုံတွေ့ရသူတိုင်းအတွက်မူ အသက်ဆုံးရှုံးမှုနှင့် ကြုံတွေ့ရပေမည် ။ "မြွေကိုက် လျှင် ဆေးရှိသည် ၊ ဓာတ်လိုက်လျှင် ဆေးမရှိ တဲ့ ။

            လျှပ်စစ်သည် လူနေမှုစနစ် ဖွံ့ဖြိုးတိုးတက်မှုအတွက်နှင့် တစ်ဦးချင်း လူနေမှုဘဝ တိုးတက်မှု အတွက် အရေးပါမှုရှိသည်ကို လူတိုင်းသိကြသည် ။ လူတိုင်း မသိကြသေးသည်မှာ "လျှပ်စစ်အသိမရှိကြခြင်းပင် ……… လျှပ်စစ်အသိ မရှိ၍ လျှပ်စစ်သတိ ကင်းလွတ်ကာ လျှပ်စစ်အန္တရာယ်နှင့် ကြုံတွေ့ ကြရသူများအတွက် "ဘွာတေးမရှိ နောင်တမရှိအဖြစ်မျိုးနှင့်သာ ဆုံတွေ့သွားကြရပေသည် ။

            ကဲ….အဲဒီတော့ လူတိုင်း လျှပ်စစ်အသိ ၊ လျှပ်စစ်သတိရှိဖို့ လိုအပ်လှပေသည် ။    

 လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး သတိပြုရန် အချက်များကို လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ၊ လူစည် ကား သောနေရာများတွင် နံရံကပ်ပိုစတာများ ကပ်ခြင်း ၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်း ၊ ဟောပြောပွဲများ ပြုလုပ်ခြင်း ၊ သတင်းစာ ၊ ဂျာနယ် ၊ တီဗွီများတွင် ထည့်သွင်းဖော်ပြခြင်း ၊ ပညာပေး ဇာတ်လမ်း ပြသခြင်းများကို ဆောင်ရွက်လျက်ရှိပေသည် ။ သို့ရာတွင် လူတိုင်း သိရှိလိုက်နာရေး ဆောင်ရွက်နိုင်ရေး အတွက် "ပြည်သူပါဝင်သော လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဖြင့်သာ အမြန်ဆုံးဆောင်ရွက်နိုင်ပေမည် ။

            တစ်ယောက်သိက တစ်အိမ်သိ ၊ တစ်အိမ်ကနေ တစ်လမ်း ၊ တစ်လမ်းကနေ တစ်ရပ်ကွက် တစ်ရွာ တစ်မြို့ စသည့်ဖြင့် သိရှိအောင် ဆောင်ရွက်နိုင်ပါက "ကျွန်တော် ၊ ကျွန်မ မသိလို့ပါ …… နောက်ဆိုရင် သတိထားပါ့မယ် လို့တောင် ပြန်ပြောလို့ မရတဲ့လျှပ်စစ်အန္တရာယ် အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နိုင်မှုများ လျော့နည်းသွားမည် ဖြစ်ပါကြောင်း စေတနာဖြင့် အသိပေး ပန်ကြားအပ်ပါသည် ။ 

ဝေယံ

 

02-Jan-2018