The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတိပြုဖွယ် လျှပ်စစ်အန္တရာယ် (၃)

   သုံးတတ်လျှင် ဆေး ၊ မသုံးတတ်လျှင် ဘေး ဆိုရိုးစကား ရှိပါသည် ။ လျှပ်စစ်သည်လည်း သုံးတတ်လျှင် အကျိုးများစွာ ရှိသလို မသုံးတတ်လျှင် လျှပ်စစ်အန္တရာယ် နှင့် ကြုံတွေ့ကြရမည် ဖြစ်ပါသည် ။ လျှပ်စစ်အန္တရာယ်ဟူသည် ဓာတ်လိုက်၍ အသက်ဆုံးရှုံးမှု ၊ ခန္တာကိုယ် မသန်စွမ်းမှု ဖြစ်စဉ်များ ၊ Wire Short  ဖြစ်ပြီး မီးလောင်၍ ပစ္စည်း ဥစ္စာဆုံးရှုံးမှု ဖြစ်စဉ်များပင် ဖြစ်ပါသည် ။

          ဓာတ်အားလိုင်းများ အနီးနှင့် ဓာတ်အားလိုင်းများ ​​အောက်တွင် ယာဉ်များ​​ပေါ်မှ သတိမထားဘဲ လုပ်ငန်း​ဆောင်ရွက်မှုများ​ကြောင့်……..၂၀၁၂ ခုနှစ် ဧပြီလ ၁၈ ရက်​နေ့က မန္တလေးမြို့တွင် ၁၃၂ ကေဗွီ ဓာတ်အားလိုင်းအောက်ရှိ အမှိုက်ပုံပေါ်သို့ စည်ပင်အမှိုက်သိမ်းယာဉ်မှ အမှိုက်များသွန်ချရာ သန့်ရှင်းရေး အလုပ်သမားမှ အုန်းလက်အစိုကိုင်းကို အပေါ်ထောင်၍ ကိုင်ဆောင်ပြီး ပစ်ချရာတွင် ၁၃၂ ကေဗွီ ဓာတ်အားလိုင်း လျှပ်စစ်စက်ကွင်းအတွင်းကျရောက်၍ သန့်ရှင်းရေး အလုပ်သမား ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့……

 

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က သီပေါမြို့ရှိ တွင်ခုံဝပ်ရှော့ တစ်ခုတွင် ဝပ်ရှော့သုံး ပစ္စည်းများချရန် အတွက် ကရိန်းကားမှ မောင်းတံထုတ်စဉ်  ၎င်းမောင်းတံသည် အပေါ်တွင် ရှိသော ၃၃ ကေဗွီ ဓာတ်အားလိုင်းကြိုး တစ်ကြိုးနှင့် 

ထိမိပြီး ကရိန်းကြိုးနှင့် ပစ္စည်းချိတ်ဆွဲရန် လုပ်ငန်းလုပ်ကိုင် သည့်အသက် ၂၀ ဝန်းကျင်အရွယ် လူတစ်ဦး ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ …..     

          ဓာတ်အားလိုင်းများ အနီးတွင် တီဗွီ အင်တာနာတိုင်များ တပ်ဆင်ခြင်း ၊ ဖုန်းလိုင်းများ မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းများကို သတိမပြုမိဘဲ ဆောင်ရွက်မှု များကြောင့် ….. ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က မအူပင်မြို့ရှိ အိမ်တစ်အိမ်တွင် တီဗွီ အင်တာနာတိုင် စိုက်ထူရာမှ ယိုင်လဲသွားမှုကြောင့် အနီးရှိ ၄၀၀ ဗို့ ဓာတ်အားလိုင်းနှင့် ထိမိပြီး အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ …..

          အလားတူ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့ ကလည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်တွင် လ္ဘက်ရည်ဆိုင်ရှင်၏ ခိုင်းစေချက်အရ ဆိုင်အလုပ်သမားမှ ရေစိုဝါးလုံးဖြင့် လျော့ကျနေသော တယ်လီဖုန်းကြိုးကို မြှောက်တင်လိုက်ရာတွင် ၃၃ ကေဗွီ ဓာတ်အားလိုင်းနှင့် ထိမိပြီး ဆိုင်အလုပ်သမား ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ ……

အဆောက်အဦများ ဆောက်လုပ်ရာတွင် ဓာတ်အားလိုင်းများနှင့် နီးကပ်စွာ တည်ဆောက်ခြင်း များကြောင့် ……..

 

၂၀၁၃ ခုနှစ် မတ်လ ၂၆ ရက်နေ့က ကောလင်းမြို့တွင် လေးထပ်ခွဲ အဆောက်အဦ တစ်ခု ဆောက်လုပ်ခဲ့ရာတွင် ဒုတိယထပ် ကြမ်းခင်းလောင်းအပြီး RC  တိုင်များ ထူရန်အတွက် သံချောင်းလုံး များကို အပေါ်သို့ သယ်ယူရာတွင် သံချောင်းလုံးအဖျားနှင့် အဆောက်အဦ အနီးရှိ ၃၃ ကေဗွီ ဓာတ်အားလိုင်းထိမိပြီး သံချောင်းသယ်ယူသူ လုပ်သားတစ်ဦး ဓာတ်လိုက်၍ သေဆုံးမှုဖြစ်ပွားခဲ့ …..

           

   ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့က မူဆယ်မြို့တွင် တိုက် ဆောက်လုပ်ရန်အတွက် သံချောင်းများ အပေါ်သို့ လက်ဆင့်ကမ်း တင်ယူရာတွင် အနီးရှိ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ထိမိရာမှ အမျိုးသား တစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့……

            ဖော်ပြပါ ဓာတ်လိုက်မှု ဖြစ်စဉ်များသည် သတိပြုဖွယ် လျှပ်စစ် အန္တရာယ်(၂)တွင် ဖော်ပြပြီး ဖြစ်သော ဓာတ်လိုက်မှု ဖြစ်စဉ် အမျိုး အစားများတွင် အများဆုံး ဖြစ်ပွားသော  "လျှပ်စစ် စီးဝင်နိုင်သော ပစ္စည်းများ လိုင်းအောက် အနီးတွင် 

ကိုင်တွယ်မိခြင်းကြောင့် ဓာတ်လိုက်ခြင်း "  ဖြစ်စဉ်အမျိုးအစားများ ဖြစ်ပါသည် ။ ၂၀၁၂ ခုနှစ်တွင် သေဆုံးသူ ၂၉ ဦး ၊ ၂၀၁၃ ခုနှစ်တွင် သေဆုံးသူ ၃၄ ဦး ၊ ၂၀၁၄ ခုနှစ် သြဂုတ်လ

အထိ သေဆုံးသူ ၁၀ ဦး ရှိပါသည် ။ ဓာတ်လိုက်မှု ဖြစ်စဉ်များကို ကြည့်ပါက ဓာတ်အားလိုင်များ အနီးပတ်ဝန်းကျင် တွင် အလုပ်လုပ်ရာ၌ လျှပ်စစ်အသိ ၊ လျှပ်စစ်သတိ မရှိဘဲ အမှုမဲ့ 

အမှတ်မဲ့ ဆောင်ရွက်ခဲ့ခြင်းကြောင့် အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတိပြုလိုက်နာရန် အချက်များကို လက်ကမ်းစာစောင်များတွင် 

ဖော်ပြထားပါသည် ……

"လုပ်ငန်းလုပ်ဆောင်ရာတွင် ကောင်းကင်ဓာတ်အားလိုင်းကြိုးများကို သတိပြုပါ ။ ဓာတ်အား လိုင်းနှင့် ထိမိပါက အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ရှိပါသည် "           

"အဆောက်အဦ ဆောက်လုပ်ရာတွင် ဓာတ်အားလိုင်းကြိုးများ အောက်နှင့် ဓာတ်အားလိုင်း အနီးတွင် ဆောက်လုပ်ခြင်း မပြုရ "

02-Jan-2018