ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ဓာတ်ဆီနှင့်ဒီဇယ်ဆီများအား
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)မှတစ်ဆင့်
အသင်းဝင် ကုမ္ပဏီ/အရောင်းဆိုင်များသို့ ရောင်းချမည့်ပုံစံနှင့် ဝယ်ယူမည့်
ကုမ္ပဏီ/အရောင်းဆိုင်များမှ လိုက်နာရမည့် စည်းကမ်းချက်များ
၂၁-၅-၂၀၂၀ ရက်နေ့၌ ကျင်းပပြုလုပ်သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမှုဆောင် ကော်မတီအစည်းအဝေးအမှတ်စဉ် (၁၆/၂၀၂၀) ဆုံးဖြတ်ချက်အရ ၂၂-၅-၂၀၂၀ ရက်နေ့မှစ၍ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)မှ ထုတ်လုပ်သည့် ဓာတ်ဆီ ၁,၀၀၀,၀၀၀ ဂါလန်(ဂါလန် တစ်သန်းတိတိ)အား တစ်ဂါလန်လျှင် ၁,၅၀၀ ကျပ် (ကျပ် တစ်ထောင့်ငါး ရာတိတိ) နှုန်းဖြင့်လည်းကောင်း၊ ဒီဇယ်ဆီ ၁,၀၀၀,၀၀၀ ဂါလန် (ဂါလန် တစ်သန်းတိတိ)အား တစ်ဂါလန်လျှင် ၁,၉၀၀ ကျပ် (ကျပ်တစ်ထောင့်ကိုးရာတိတိ) နှုန်းဖြင့်လည်းကောင်း ရောင်းချပေး မည်ဖြစ်ပါ၍ ၂၂-၅-၂၀၂၀ ရက်နေ့မှ ၂၇-၅-၂၀၂၀ ရက်နေ့အထိ (ရုံးချိန်အတွင်း) ကျသင့်ငွေ အပြီး ပေးသွင်း ဝယ်ယူရန်ဖြစ်ပါသည်။ ဓာတ်ဆီနှင့် ဒီဇယ်ဆီများအား Bowser/ဆီတွဲ တို့ဖြင့် ထုတ်ယူနိုင်ပါသည်။ စက်ရုံမှ ရောင်းချသည့်ပုံစံ Flow Meter Issue ဖြင့်ထုတ်ပေးမည်။ ဝယ်ယူလို သည့် ပမာဏ(ဂါလန်)အလိုက် တန်ဖိုးကျသင့်ငွေအား ဤလုပ်ငန်းရုံးချုပ် ၊ ဘဏ္ဍာရေးဌာနတွင် ဖော်ပြပါ ရက်အတွင်း ပေးသွင်း၍ ဓာတ်ဆီနှင့် ဒီဇယ်ဆီများအား ဘဏ္ဍာရေးဌာန၏ ငွေသွင်းပြေစာပါ ရက်နေ့မှစ၍ (၁၅)ရက်အတွင်း ကုန်ပစ္စည်းအားလုံးထုတ်ယူရန်၊ စက်ရုံ၏ ပျက်ကွက်ခြင်းကြောင့် မဟုတ်ဘဲ ဝယ်ယူသူဘက်မှ သတ်မှတ်ရက်အတွင်း ကုန်ပစ္စည်းအားလုံးကို အပြီးသတ်ထုတ်ယူ နိုင်ခြင်းမရှိပါက အောက်ပါအတိုင်း ဒဏ်ကြေးများ ပေးဆောင်ပြီးမှသာ ထုတ်ယူရမည်ဖြစ်ပါသည်-
(၁) ထုတ်ယူရန် ကျန်ရှိပမာဏတန်ဖိုး၏ ၀.၅% ကို ရက်လွန်ကြေးအဖြစ် (ဤလုပ်ငန်းမှ အကြောင်းကြားစာရရှိသည့် နောက်တစ်နေ့မှ (၃)ရက် အတွင်း) ငွေအကြေ ပေးဆောင်ပြီးမှသာလျှင် သက်တမ်း(၂)ပတ် ထပ်မံ တိုးမြှင့်ပေးမည်။
(၂) အထက်အပိုဒ်(၁)ပါ ထုတ်ယူမည့်ပမာဏအား သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ထုတ်ယူနိုင်ခြင်းမရှိပါက ကျန်ရှိပမာဏတန်ဖိုး၏ ၀.၆ % ကို ရက်လွန်ကြေးအဖြစ် (ဤလုပ်ငန်းမှ အကြောင်းကြားစာရရှိသည့် နောက်တစ်နေ့မှ (၃)ရက်အတွင်း) ငွေအကြေ ပေးဆောင်ပြီးမှ သာလျှင် သက် တမ်း (၂)ပတ် ထပ်မံတိုးမြှင့် ပေးမည်။
(၃) အထက်အပိုဒ်(၂)ပါ ထုတ်ယူမည့်ပမာဏအား သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ထုတ်ယူနိုင်ခြင်းမရှိပါက ကျန်ရှိပမာဏတန်ဖိုး၏ ၁ % ကို ရက်လွန်ကြေးအဖြစ် (ဤလုပ်ငန်းမှ အကြောင်းကြားစာရရှိသည့် နောက်တစ်နေ့မှ (၃)ရက် အတွင်း) ငွေအကြေ ပေးဆောင်ပြီးမှသာလျှင် သက် တမ်း (၂)ပတ် ထပ်မံတိုးမြှင့် ပေးမည်။
(၄) အထက်အပိုဒ်(၁)၊(၂)နှင့်(၃)ပါ တစ်ရပ်ရပ်အရ ထုတ်ယူမည့်ပမာဏအား သတ်မှတ် ရက်အတွင်း ပြီးစီးအောင်ထုတ်ယူနိုင်ခြင်းမရှိပါက သက်ဆိုင်ရာ/ကုမ္ပဏီ အရောင်း ဆိုင်သို့ တရားဝင်စာဖြင့် အကြောင်းကြားပြီး ထုတ်ယူရန် ကျန်ရှိသည့်ပမာဏနှင့် ၎င်းအတွက်ကြိုတင်ပေးသွင်း ထားသည့် တန်ဖိုးငွေတို့အား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပါသည်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန