The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

၂၀၂၀ ပြည့်နှစ် နွေရာသီကာလတွင် လျှပ်စစ်ကောင်းမွန်စေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ တင်ဒါခေါ်ထားသော LNG စီမံကိန်းများ၏ တည်ဆောက်ပြီးစီးမှုအခြေအနေကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဦးနေမျိုးထက်( ကျောက်တံတားမဲဆန္ဒနယ်)

            ၂၀၂၀ ပြည့်နှစ် နွေရာသီအတွက် လျှပ်စစ်မီးမပြတ်တောက်ရန်နှင့် ၂၀၁၉ ခုနှစ်ကကဲ့သို့ အလှည့်ကျ စနစ်များ မဖြစ်ပေါ်စေရန် ဝန်ကြီးဌာနက LNG to Power ဓာတ်အားပေး ထုတ်လုပ်ရေး Project များကိုလည်း တင်ဒါခေါ်ခဲ့ရာ ရန်ကုန်၊ သန်လျင်၊ သာကေတ၊ အလုံ၊ ရခိုင်ပြည်နယ်၊ ၂၀(မဂ္ဂါဝပ်) ရှိနေသည့် နေရာများကို ခေါ်ယူခဲ့ပါကြောင်း၊ ယခု အချိန်တွင် နွေရာသီ လျှပ်စစ်မီးလုံ လောက်နေသည့်အတွက် ဝန်ကြီးဌာန၏ LNG to Power Project များ မည်မျှပြီးစီးပြီ လျှပ်စစ်ဓာတ်အားဘယ်လောက်ထွက်၍ မည်မျှသုံးစွဲနေပြီကိုလည်းကောင်း၊ ကျန်ရှိနေသည်များ လည်း ဆောက်လုပ်မှုကာလသည် မည်သည့်အချိန်တွင် ပြီးပြတ်မည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ် နွေရာသီကာလ နိုင်ငံတော်၏ ဓာတ်အား လိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်ရန်အတွက် စီမံကိန်းခုနစ်ခုကို အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ ပထမတစ်ခုသည် စက်စွမ်းရည်နိမ့်ကျနေသည့် နိုင်ငံပိုင် စက်ရုံသုံးရုံကို အဆင့်မြှင့်တင်ခြင်း၊ ဒုတိယတစ်ခုသည် ဓာတ်ငွေ့နှင့်ဓာတ်အားလိုင်း ကန့်သတ် ချက်ဖြစ်ပေါ်နေသည့် စက်ရုံတစ်ရုံကို လွတ်ကင်းသည့်နေရာကို ရွှေ့ပြောင်းတည်ဆောက်ခြင်း၊ တတိယတစ်ခုသည် ပြင်ပမှ ဓာတ်ငွေ့ အရည်(LNG, Liquefied Natural Gas)ကို တင်သွင်းပြီး ဓာတ်အားထုတ်လုပ်ပေးမည့် စက်ရုံသုံးရုံ စုစုပေါင်းစီမံကိန်း ခုနစ်ခုဖြစ်ပါကြောင်း၊ ကျွန်းချောင်း စက်ရုံသည် (၂၀)မဂ္ဂါဝပ်၊ အလုံစက်ရုံသည် (၁၅၄.၅၄၂)မဂ္ဂါဝပ်၊ ရွှေတောင်စက်ရုံသည် (၂၈)မဂ္ဂါဝပ်၊ မကွေးဒေသတွင် (၆၆)မဂ္ဂါဝပ်၊ သန်လျင်တွင် (၃၅၀)မဂ္ဂါဝပ်၊ သာကေတတွင် (၄၀၀)မဂ္ဂါဝပ်၊ ကျောက်ဖြူတွင် (၁၅၀)မဂ္ဂါဝပ် စုစုပေါင်း (၁၁၆၅.၅၄)မဂ္ဂါဝပ် ဖြစ်ပါကြောင်း၊ ကျွန်းချောင်းစက်ရုံသည် လက်ရှိ ရှိနေသည့် စက်ရုံအဟောင်းများကို စွမ်းဆောင်ရည်မြင့်သည့် အင်ဂျင်စက် ပြောင်းရွှေ့ခြင်းဖြစ်ပြီး ထုတ်လုပ်နိုင်မှုပမာဏသည် (၂၀)မဂ္ဂါဝပ် ဖြစ်ပါကြောင်း၊ စက်အမျိုးအစားသည် MTU(ဂျာမဏီ) ဖြစ်ပြီး စက်တပ်ဆင်မှု ၁၀၀ ရာခိုင်နှုန်း၊ Switch Yard ၁၀၀ ရာခိုင်နှုန်း၊ Organic Rankine Cycle(ORC)တပ်ဆင်မှုလည်း ၁၀၀ ရာခိုင်နှုန်း၊ စီမံကိန်း တစ်ခုလုံးလည်း ပြီးပြီဖြစ်သည့်အတွက် ယနေ့တွင် COD အဖြစ် မောင်းနှင်မည်ဖြစ်ပါကြောင်း၊ ကျွန်းချောင်းစက်ရုံ၏ တပ်ဆင်သည့် ပမာဏသည် (၂.၀၂၆)မဂ္ဂါဝပ် ရှိသည့် စက် ၁၁ လုံး တပ်ဆင်ခြင်းဖြစ်ပြီး ၅.၅.၂၀၂၀ ရက်နေ့ကပင် (၁၅)မဂ္ဂါဝပ်နှင့် စမ်းသပ်မောင်းနှင်နေခဲ့ ပါကြောင်း၊အလုံစက်ရုံသည် GT Combined Cycle ဖြစ်ပြီး ထုတ်လုပ်မှု (၁၅၄.၅၄)မဂ္ဂါဝပ် နှင့် စက် အမျိုးအစားသည် GE Frame 9E ဖြစ်ပါကြောင်း၊ Gas Turbine တပ်ဆင်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီး၍ ဓာတ်အား ၅.၅.၂၀၂၀ ရက်နေ့တွင် ဓာတ်အား(၁၀၀)မဂ္ဂါဝပ် ထုတ်နေပြီဖြစ်ပါကြောင်း၊ Steam Turbine တပ်ဆင်မှု ၄၀ ရာခိုင်နှုန်း၊ Switch Yard တပ်ဆင်မှု ၇၀ ရာခိုင်နှုန်းနှင့် စီမံကိန်းတစ်ခုလုံး အနေဖြင့် ၇၈.၂၉ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ Combined Cycle(COD)သည် ၁၃-၇-၂၀၂၀ ရက်နေ့တွင် ဖြစ်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ Open Cycle Gas Turbine သည် ၅.၅.၂၀၂၀ ရက်နေ့တွင်(၁၀၀)မဂ္ဂါဝပ် ထုတ်လုပ်ပြီးဖြစ်ပါကြောင်း၊ Combined Cycle သည် ဇူလိုင်လတွင် ပြီးစီးရန် ခန့်မှန်းထားပြီး ပြီးစီးမည်ဆိုပါက (၁၅၁)မဂ္ဂါဝပ် ရရှိမည်ဖြစ်ပါကြောင်း၊ မကွေး မြို့နယ်တွင် (၆၆) မဂ္ဂါဝပ်တပ်ဆင်ထားပြီး စက်အမျိုးအစားသည် MTU(ဂျာမဏီ)ဖြစ်ပါ ကြောင်းနှင့် အားလုံး တပ်ဆင်ပြီးဖြစ်သည့်အတွက် ၁၃.၁၂.၂၀၁၉ ရက်နေ့တွင် COD ဖြစ်ပြီး ဖြစ်ပါ ကြောင်း၊ စက်ရုံသည် မြင်းခြံမြို့ရှိ(၁၃၃)မဂ္ဂါဝပ် စက်ရုံမှ တစ်ဝက်ရွှေ့ပြောင်းတပ်ဆင်ထားသည့် စက်ရုံ ဖြစ်ပါကြောင်း၊ရွှေတောင်တွင် (၂၈)မဂ္ဂါဝပ်တပ်ဆင်ထားပြီး စက်အမျိုးအစားသည် Wartsila(ဖင်လန်)ဖြစ်ပါ ကြောင်း၊ စက်တပ်ဆင်မှု ၁၀၀ ရာခိုင်နှုန်း၊ Switch Yard ၈၀ ရာခိုင်နှုန်း၊ စီမံကိန်းတစ်ခုလုံး ၇၄.၈၃ ရာခိုင်နှုန်း ပြီးစီးပြီး COD အနေဖြင့် ခန့်မှန်း ၁၀.၆.၂၀၂၀ ရက်နေ့ ဖြစ်ပါကြောင်း၊ Wartsila Engine များ တပ်ဆင်ထားခြင်းဖြစ်သည့်အတွက် စက်များစမ်းသပ် မောင်းနှင်ရန် Wartsila ကုမ္ပဏီမှ အင်ဂျင်နီယာများနှင့် ABB ကုမ္ပဏီမှ ကျွမ်းကျင်အင်ဂျင်နီယာ များသည် COVID-19 ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသို့လာရောက်ရန် အခက်အခဲရှိနေခြင်းကြောင့် စီမံကိန်းအနည်းငယ် နောက်ကျရခြင်း ဖြစ်ပါကြောင်း၊ သို့သော် ကျွမ်းကျင် အင်ဂျင်နီယာများ သည် ၂၂.၅.၂၀၂၀ ရက်နေ့တွင် စင်းလုံးငှား လေယာဉ်ဖြင့် ရန်ကုန်သို့ရောက်ရှိလာပြီး လုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် (၁၅၀)မဂ္ဂါဝပ်တပ်ဆင်ထားပြီး LNG to Power စက်ရုံ ဖြစ်ပါကြောင်း၊ စက်အမျိုးအစားသည် MTU(ဂျာမနီ)၊ တပ်ဆင်ပြီးစီးမှု ၈၂ ရာခိုင်နှုန်း၊ Switch Yard တပ်ဆင်မှု ၉၄ ရာခိုင်နှုန်း၊ စီမံကိန်းတစ်ခုလုံးပြီးစီးမှု ၆၈.၆ ရာခိုင်နှုန်းဖြစ်ပြီး COD ဖြစ်ရန် စက်တင်ဘာလ ၂၀၂၀ ခုနှစ်ဖြင့် ခန့်မှန်းထားပါကြောင်း၊ စက်ရုံတွင် အသုံးပြုမည့် ဓာတ်ငွေ့လောင်စာ သည် မူလက ISO Tank များကို အသုံးပြုပြီး ဓာတ်ငွေ့ရည်ပို့လွှတ်ရန် စီစဉ်ထားသော်လည်း COVID-19 ကြောင့် ISO Tank ထုတ်လုပ်သည့်စက်ရုံများအနေဖြင့် ထုတ်လုပ်မှုရပ်ဆိုင်းနေခြင်းကြောင့် စီမံကိန်းနောက်ကျ နေပါကြောင်း၊ကျောက်ဖြူမြို့နယ်တွင်(၁၅၀)မဂ္ဂါဝပ် ဓာတ်ငွေ့စက်ရုံတည်ဆောက်တပ်ဆင်ပြီးစီးမှု အခြေအနေဖြစ်ပါကြောင်း၊ တပ်ဆင်အင်အားသည် (၁၆၃.၇၄)မဂ္ဂါဝပ် ဖြစ်ပါကြောင်း၊သာကေတစက်ရုံတွင် တပ်ဆင်ထားသည့် (၄၀၀)မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်များ တည်ဆောက်မှု အခြေအနေကို တင်ပြရမည်ဆိုပါက စက်အမျိုးအစားသည် MTU(ဂျာမနီ) High Speed အင်ဂျင်များ၊ Wartsila(ဖင်လန်) Medium Speed ဖြစ်ပြီး စက်တပ်ဆင်မှု ၈၇ ရာခိုင်နှုန်း၊ Switch Yard က ၉၉ ရာခိုင်နှုန်း၊ စီမံကိန်းတစ်ခုလုံး ၈၂.၄ ရာခိုင်နှုန်းပြီးစီးပြီး COD ခန့်မှန်းရက်စွဲသည် ယခုမေလ ၃၀ ရက်နေ့ကို ခန့်မှန်းထားပါကြောင်းနှင့် စက်တပ်ဆင်အင်အားအနေဖြင့် (၄၆၁.၂၆၄)မဂ္ဂါဝပ် ရှိပါ ကြောင်း၊ High Speed အင်ဂျင်၊ Medium Speed အင်ဂျင်များ ပေါင်းစပ် တည်ဆောက် ထားခြင်းဖြစ်ပါကြောင်း၊သန်လျင်(၃၅၀)မဂ္ဂါဝပ် ဓာတ်ငွေ့သုံးအင်ဂျင်များ ထားရှိမှု အခြေအနေကို တင်ပြရမည်ဆိုပါက စက်အမျိုးအစားသည် High Speed အင်ဂျင် MTU(ဂျာမနီ)၊ Medium Speed Wartsila(ဖင်လန်) အင်ဂျင်များဖြစ်ပြီး စက်တပ်ဆင်မှု ၅၅ ရာခိုင်နှုန်း၊ Regasification Unit ၈၉ ရာခိုင်နှုန်း၊ Jetty က ၆၆ ရာခိုင်နှုန်း၊ Switch Yard ၁၄ ရာခိုင်နှုန်းနှင့် စီမံကိန်းတစ်ခုလုံး ၆၉.၄ ရာခိုင်နှုန်းပြီးစီးပြီး COD အနေဖြင့် ခန့်မှန်း ၁၆-၆-၂၀၂၀ ရက်နေ့တွင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သန်လျင်တွင် စက်တပ်ဆင်အင်အားအနေဖြင့် (၄၃၂.၇၅၄) မဂ္ဂါဝပ် ဖြစ်ပါကြောင်း၊ High Speed အင်ဂျင်နှင့် Medium Speed အင်ဂျင်များ တပ်ဆင်ထားပါကြောင်း၊ သန်လျင်(၃၅၀)(မဂ္ဂါဝပ်)စက်ရုံတွင် နိုင်ငံခြား က တင်သွင်းမည့် LNG ကနေ Gas ကိုပြောင်းသည့် စနစ်တည်ဆောက်သည့် အခြေအနေကို ဆက်လက် ရှင်းလင်း တင်ပြမည်ဖြစ်ပါကြောင်း၊ သန်လျင်စီမံကိန်းသည် သန်လျင်နှင့် သာကေတ စက်ရုံများအတွက် ဓာတ်ငွေ့ထောက်ပံ့ပေးရန် Liquefied Nature Gas(LNG)မှ Nature Gas ဓာတ်ငွေ့ကို ပြောင်းပေးသည့်စနစ် အပိုင်းလေးပိုင်းပါဝင်ပါကြောင်း၊ (၁) Floating Storage Unit(FSU) ဆိုက်ကပ်မည့် ဆိပ်ခံတံတား Dolphin Jetty၊ နံပါတ်(၂) (-၁၆၂)ဒီဂရီစင်တီဂရိတ်ရှိ ရေနံ ဓာတ်ငွေ့ရည်ကိုသိုလှောင်ထားမည့်သင်္ဘော Floating Storage Unit(FSU)၊ (၃) (-၁၆၂) ဒီဂရီစင်တီဂရိတ်ရှိ ဓာတ်ငွေ့ရေကို ပတ်ဝန်းကျင် အပူချိန် ခန့်မှန်း ၃၀ ဒီဂရီစင်တီဂရိတ် ရောက်ရှိရန် ဓာတ်ငွေ့အဖြစ် ပြောင်းလဲပေးမည့် Regasification Unit တည်ဆောက်ခြင်း၊ (၄) ဓာတ်ငွေ့အရည် LNG ကို သယ်ပို့ပေးမည့် LNG Carrier သ‌င်္ဘောတို့ဖြစ်ပါကြောင်း၊ LNG ဓာတ်ငွေ့ရည် ၁၂၆၀၀၀ ကုဗမီတာ သိုလှောင်နိုင်မည့် FSU က စင်ကာပူနိုင်ငံတွင် အသစ်ရှောက်ရှိနေပြီဖြစ်ပါကြောင်း၊ FSU ဆိုက်ကပ်မည့် ဆိပ်ခံတံတား Dolphin Jetty တည်ဆောက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ဒုတိယအပတ်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ Dolphin Jetty ပြီးစီးပြီးအချိန်တွင် သင်္ဘော လာရောက်ဆိုက်ကပ်မည်ဖြစ်ပြီး ယခု ယာယီအစီအစဉ်အနေဖြင့် LNG ဓာတ်ငွေ့ရည် ၂၈၀၀၀ ကုဗမီတာ သယ်‌ဆောင် နိုင်သည့် LNG Carrier သင်္ဘောကို Multi Functional Platform တွင် သင်္ဘော ဆိုက်ကပ်ပြီး Regasification Unit တို့ ဓာတ်ငွေ့ရည်ပို့လွှတ်ရန် ယာယီအနေဖြင့် ကြိုတင်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ (-၁၆၂) ဒီဂရီစင်တီဂရိတ်ရှိသည့် ဓာတ်ငွေ့ရည်ကို ပတ်ဝန်းကျင်အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ် အထိ ပြောင်းလဲပေးမည့် Regasification Unit သည် ၈၉ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် သန်လျင်သို့ ဓာတ်ငွေ့လောင်စာထောက်ပံ့ပေးမည့် Liquified Natural Gas (LNG) သင်္ဘောသည် ၆-၅-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံရန်ကုန်မြစ်ဝသို့ ရောက်ရှိ နေပါကြောင်း၊ ဓာတ်ငွေ့အရည်မှ ဓာတ်ငွေ့သို့ပြောင်းလဲပေးမည့် Regasification Unit ကလည်းပဲ ၈၉ ရာခိုင်နှုန်းပြီးပြီးဖြစ်သည့်အတွက် Regasification ကို အဆုံးသတ် မောင်းနှင်မည်ဖြစ်ပါကြောင်း၊ မေလကုန်တွင် စမ်းသပ်‌မောင်းနှင်မည်ဖြစ်ပါကြောင်း၊ သကေတ (၄၀၀)မဂ္ဂါဝပ်တွင် တည်ဆောက် ပြီးစီးသည့် High Speed Engine(၂၅၀) မဂ္ဂါဝပ်ကိုလည်း မေလကုန်တွင် စတင်ဓာတ်အား ထုတ်မည်ဖြစ်ပါကြောင်း၊ Medium Speed Engine များအတွက် Wartsila Engine များမောင်းနှင်ရန် COVID-19 ကြောင့် အနည်းငယ်နောက်ကျခဲ့ရပါကြောင်း၊ Wartsila Engine များ စမ်းသပ်မောင်းနှင်ခြင်း ဆောင်ရွက်ရန် Engine နေရာများ Commissioning Engine များသည် ၂၂-၅-၂၀၂၀ ရက်နေ့တွင် စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ရောက်ရှိလာမည်ဖြစ်ပါကြောင်း၊ သန်လျင် (၃၅၀) မဂ္ဂါဝပ်ရှိသည့် စီမံကိန်းတွင် High Speed Engine တပ်ဆင်မှု ၉၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် (၂၀၀)မဂ္ဂါဝပ် မောင်းနှင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ Medium Speed Engine များသည် Wartsila Engine များ မောင်းနှင်ရန် COVID 19 ကြောင့် အနည်းငယ် နောက်ကျ လက်ရှိနေပါကြောင်း၊ ကျောက်ဖြူရှိ (၁၅၀)မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ အတွက် အသုံးပြုမည့် ဓာတ်ငွေ့အရည်ကို သယ်ဆောင်မည့် ISO Tank Container ထုတ်လုပ်သည့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စက်ရုံသည် COVID-19 ကြောင့် ထုတ်လုပ်မှုရပ်ဆိုင်းထားသဖြင့် စီမံကိန်း နောက်ကျ နေရခြင်းဖြစ် ပါကြောင်း၊  Multi Functional Platform ဆိုက်ကပ်ရန် Belgium နိုင်ငံသားပညာရှင်များသည် ၁၂-၅-၂၀၂၀ တွင်ရောက်ရှိပြီး ရန်ကုန်တွင် COVID-19 ပိုးစစ်ဆေး စမ်းသပ်မှုများ ပြုလုပ်နေ ခြင်းကြောင့် ရက်အနည်းငယ်စောင့်ဆိုင်းနေရခြင်းဖြစ်ပါကြောင်း၊ Multi Functional Platform နှင့် LNG သင်္ဘောဆက်ကပ်ရန်အတွက် နိုင်ငံခြားပညာရှင်နေပြီး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ LNG to Power စီမံကိန်းများသည် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် စက်ပစ္စည်းများ အနည်းငယ်ရောက်ရှိခြင်း၊ ကျွမ်းကျင်ပညာရှင်များ လာရောက်ရန် ကန့်သတ်မှုများကြောင့် နောက်ကျခြင်းတို့ ဖြစ်ပေါ်လာခဲ့သော်လည်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများဖြင့် ဆောလျင်စွာလုပ်ငန်းများပြီးစီးစေရန် ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

https://www.pyithuhluttaw.gov.mm/question-4295

27-May-2020