The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အများပြည်သူသို့ အသိပေးခြင်း

(၁)     လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအား ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအဖြစ် မကြာမီ ပြောင်းလဲပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၂)     ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန်ချက်များခံယူပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ပြဌာန်းချက် နှင့်အညီ ရေနံနှင့်ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ ချက်လုပ်ခြင်း၊ ဖြတ်သန်း သယ်ယူခြင်း၊ ပိုက်လိုင်းဖြင့်သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့အတွက် စစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ ထိန်းသိမ်းကြပ်မတ်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်းလုပ်ငန်း များအား အဆိုပါဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၃)     သို့ဖြစ်ပါ၍ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် စိစစ်ခွင့်ပြုထုတ် ပေးထားသည့် စက်သုံးဆီဖြန်ဖြူးရောင်းချခွင့်လိုင်စင်များ၊ ပြည်ပမှ စက်ဆီ/ချောဆီ Brand အသစ် တင်သွင်းဖြန့်ဖြူးခြင်းများအပြင် အထက်ပါလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခြင်းတို့အတွက် အောက်ဖော်ပြပါလိပ်စာသို့ ဆက်သွယ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

 

ညွှန်ကြားရေးမှူးချုပ်

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

 ရုံးအမှတ်(၆)၊ နေပြည်တော်

၀၆၇ ၃ ၄၁၁၂၈၂

info.pprd@moee.gov.mm

 

           

 

 

 

Post under by : ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)
28-May-2020