The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှောက်လွှာခေါ်ယူခြင်၊း ကြော်ငြာစာအမှတ်( ၁ / ၂၀၂၀ )

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

နေပြည်တော်

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်( ၁ / ၂၀၂၀  )

၂၀၂၀  ပြည့်နှစ်  ဇွန်လ    ၃   ရက်

၁။          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းလက်အောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်း( ၂၁၆၀၀ဝိ- ၂၀၀ဝိ- ၂၂၆၀၀ဝိ ) တန်း အငယ်တန်းအင်ဂျင်နီယာ( ၂ )ရာထူး (၉၃)နေရာအတွက် အောက်ဖော်ပြပါ အနည်းဆုံးသတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည်-

စဉ်

ခန့်ထားမည့်ရာထူး

အနည်းဆုံး

ပညာအရည်အချင်း

ခန့်ထားမည့်

ဦးရေ

(က)

အငယ်တန်းအင်ဂျင်နီယာ(၂)

A.G.T.I(EP),EGTI(EP),

ETEC(EP),Dipin Technology(EP)

၈၃ ဦး

 (ခ)

အငယ်တန်းအင်ဂျင်နီယာ(၂)

A.G.T.I(EC/IT), EGTI(EC) ၊ETEC(EC),

Dip in Technology(EC/IT)

၁၀ ဦး

၂။            လျှောက်ထားသူသည်-

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)     ၁.၇.၂၀၂၀ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက်(၃၀)နှစ်ထက်မကျော်လွန်သူ ၊ ဝန်ထမ်းဖြစ် ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

(ဂ)     ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်ရမည်။

(ဃ)    မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတစ်ခုခုတွင် မှတ်ပုံတင်ထားသူဖြစ် ရမည်။

(င)     နေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။           လျှောက်ထားသူများမှ စာမေးပွဲဝင်ကြေးငွေကျပ် ၃၀၀၀( ကျပ်သုံးထောင်တိတိ )ကို မြန်မာ့ စီးပွားရေးဘဏ် ၊ နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ဘဏ်စာရင်းအမှတ်( SEE. 10316 )သို့ ပေးသွင်းရမည်ဖြစ်ပါသည်။

၄။           လျှောက်လွှာကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ရုံးအမှတ်(၂၇) ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ၊ စီမံခန့်ခွဲရေးဌာန ၊ နေပြည်တော်တွင် လျှောက်လွှာရယူ၍ ၃.၇.၂၀၂၀  ရက်နောက်ဆုံးထား၍ လူကိုယ်တိုင်(သို့မဟုတ်)ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့် ဖြစ်စေပေးပို့လျှောက်ထားရမည်။

၅။           လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲပေးပို့ရမည်-

(က)    စာမေးပွဲဝင်ကြေးငွေပေးသွင်းသည့် ချလန်မူရင်း။

(ခ)     ဘွဲ့လက်မှတ် /  ဒီပလိုမာအောင်လက်မှတ်မိတ္တူ( မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေး ထိုးရန်။)

(ဂ)     အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် ( သို့ )အခြေခံ ပညာ အထက်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်။)

(ဃ)    နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ(သို့မဟုတ်)အမျိုးသားမှတ်ပုံတင်မိတ္တူ

(င)     (၁)လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ အပို(၃)ပုံ (ဓာတ်ပုံ ကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ် အမှတ်ရေးသားရန် )

(စ)     နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြန်တမ်းဝင်အရာရှိ တစ်ဦး၏ ထောက်ခံချက်မူရင်း။

(ဆ)    နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူနှင့် လွန်ခဲ့ သော (၃)လက ရယူထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း ၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက်။

(ဇ)     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် ခန့်ထားခြင်းခံရပါက နေရာဒေသမရွေးသွား ရောက်တာဝန်ထမ်းဆောင်ပါမည်ဟု ကတိဝန်ခံချက်။

၆။           နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာကို မိမိတာဝန်ထမ်းဆောင်သည့်ဌာန ၊ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် ခွင့်ပြုချက်ရယူပြီး ရုံးအမှတ်(၂၇)၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၊ ရုံးချုပ် ၊ နေပြည်တော်သို့ (၃.၇.၂၀၂၀)ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပါသည်။

၇။           ရေးဖြေစာမေးပွဲကို နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၊  အင်္ဂလိပ်စာဘာသာရပ်  နှင့် အင်ဂျင်နီယာဘာသာရပ်တို့ကို ဖြေဆိုရမည် ဖြစ်ပါသည်။

၈။           ရေးဖြေစာမေးပွဲကျင်းပပြုလုပ်မည့် ရက် / အချိန် / နေရာနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ထုတ်ပေးမည့် ရက် / အချိန် / နေရာများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Website www.moee. gov. mm နှင့် နေ့စဉ်ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ထပ်မံကြေငြာပါမည်။ 

၉။           ရွေးချယ်ခြင်းခံရပါက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် အနည်းဆုံး( ၅ )နှစ် ဆက်တိုက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိစာချုပ် ချုပ်ဆိုရမည်ဖြစ်သည်။ စာချုပ် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ပါက ငွေကျပ် ၁၀၀၀၀၀၀(ကျပ်တစ်ဆယ်သိန်းတိတိ)ကို ပေးလျော်ရမည်ဖြစ်ပါသည်။

၁၀။         အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက် အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသော လျှောက်လွှာများကို လက်ခံ စဉ်းစားမည် မဟုတ်ပါ။

၁၁။         အသေးစိတ်သိရှိလိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရုံးအမှတ်(၂၇)၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၊ ဖုန်းနံပါတ်-၀၆၇-၈၁၀၄၂၀၇ / ၈၁၀၄၂၂၁ သို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

05-Jun-2020