The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူသို့ အသိပေးတင်ပြချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ပြည်သူသို့ အသိပေးတင်ပြချက်

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း    ၁၃     ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇူ လိုင် လ   ၂    ရက်)

၁။            Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ (COVID–19) ရောဂါပိုးကူးစက်ပျံနှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန များမှ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် (၁၅-၆-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက်များ (ဖြေလျော့ပေးရန် လမ်းညွှန်ထားသော ကိစ္စရပ်များမပါ) အား (၃၀-၆-၂၀၂၀) ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်သွားရန် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

၂။            COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇွန်လ(၁)ရက်မှ (၁၅)ရက် အထိ ကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၇၅) ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ကို ၂၀၂၀ ပြည့်နှစ် ၊ ဇွန်လ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။            ယခုအခါ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး အတွက် (၁၆-၆-၂၀၂၀) ရက်နေ့မှ (၃၀-၆-၂၀၂၀) ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်သည့် အတွက် ဇွန်လ (၁၆) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အထိ ကာလအတွင်း  လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၇၅) ယူနစ်အထိ ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ထပ်မံပေးသွားမည်ဖြစ်ပါသည်။

၄။            သို့ပါ၍ ၂၀၂၀ ပြည့်နှစ် ဇွန်လ (၁) ရက်မှ (၃၀) ရက်နေ့အထိ ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ(မပါ)) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်ထိ စုစုပေါင်း(၁၅၀)ယူနစ်ကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့) ရရှိမည်ဖြစ်ပါသည်။

၅။            သို့ပါ၍ သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အားသုံးစွဲမှုယူနစ်များအနက်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားခ ကျသင့်ငွေ နှင့် မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပြီး (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲသူများကို ယူနစ် (၁၅၀) အတွက် ဓာတ်အားခကျသင့်ငွေ (၁၁၅၅ဝိ/-) ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည် ဖြစ်ပါသည်။

၆။            အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကိစ္စတစ်ရပ် အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံးမဟုတ်သည့်အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ် သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံး သည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
02-Jul-2020