The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

၂၃၀ကေဗွီပုဏ္ဏားကျွန်းဓာတ်အားခွဲရုံတွင် 66/11kV, 20MVA Transformer ဓာတ်အားပို့လွှတ်ပြီးစီးကြောင်း

ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရေးအတွက် ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ ထရန်စဖော်မာတစ်လုံးအား ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းခွဲရုံတွင် (၁-၁၀-၂၀၁၇) ရက်နေ့မှ စတင်၍ တည်ဆောက် ဆောင်ရွက်ခဲ့ရာ (၂၁-၁၂-၂၀၁၇) ရက်နေ့တွင် ဆောင်ရွက် ပြီးစီး၍ အဆိုပါနေ့ (၁၂ : ၀၄) နာရီ အချိန်တွင် ဓာတ်အားပို့လွှတ်ခဲ့ပြီးဖြစ်ပါသည်။

            မူလက ပုဏ္ဏားကျွန်းမြို့နယ်တစ်ဝိုက်အား ၂၃၀/၆၆/၃၃ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာရှိ ၁၁ ကေဗွီမှ ဓာတ်အားပို့လွှတ်ထားပြီး ဓာတ်အားပိုမိုဖြန့်ဖြူးရန်၊ ဗို့အား ပြည့်မီစွာနှင့် တည်ငြိမ်စွာဖြန့်ဖြူးနိုင်ရန်အတွက် ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ ထရန်စဖော်မာ အား တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

            အဆိုပါ လုပ်ငန်းပြီးစီးသွားသဖြင့် ပုဏ္ဏားကျွန်းမြို့၊ ကျေးရွာ ၂၃ ရွာ၊ မီးသုံးစွဲသူ ၂၃၇၀ ဦးအား ဓာတ်အားဖြန့်ဖြူးနိုင်မည် ဖြစ်ပါသည်။

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
03-Jan-2018